လက္ရွိ အေနအထားမွာ ေဝဖန္မႈေတြ ျပင္းထန္ေနတဲ႔ မီရုပ္ရွင္အေၾကာင္းကို အားလံုး ၾကားၾကမွာပါ ။ ေဆးလိပ္ေသာက္တဲ႔ အခန္းေတြ ပါဝင္ေနတဲ႔ အျပင္ ပိုစတာ မွာပါ ေဆးလိပ္ ကိုင္ထားတဲ႔ ပံုစံ ျဖစ္ေနတာေၾကာင္႔ ေဝဖန္မႈေတြ ရွိလာခဲ႔ၿပီး သတင္းစာ ရွင္းလင္းပြဲ လုပ္ၿပီး ရွင္းယူရတဲ႔ အထိ ေျပာဆိုမႈေတြ ရွိလာခဲ႔တာပဲ ျဖစ္ပါတယ္ ။
မီအျဖစ္ သရုပ္ေဆာင္တဲ႔ ပိုင္ၿဖိဳးသုက ဆရာဝန္တေယာက္ ျဖစ္ေနတဲ႔ အျပင္ က်န္းမာေရး သံတမန္ တဦးလည္း ျဖစ္တာမို႔ အခုလို ေဝဖန္မႈေတြ ပိုၿပီး ျပင္းထန္ေနတာပဲ ျဖစ္ပါတယ္ ။ အဆုိပါ ရုပ္ရွင္ကို ဖန္တီးခဲ႔သူ ဒါရုိက္တာ ဏႀကီး ကေတာ႔ ရုပ္ရုပ္နဲ႔ ပတ္သက္ျပီး ခံယူခ်က္ ျပင္းျပင္းနဲ႔ အေကာင္းဆံုး ပံုေဖာ္ရုိက္ကူးခဲ႔သူပါ ။
မေန႔က ျပဳလုပ္ခဲ႔တဲ႔ သတင္းစားရွင္းလင္းပြဲ မွာေတာ႔ ဒါရိုက္တာ ဏၾကီးက “ က်ေနာ္ အမွန္အတိုင္း ေျပာလို႔ရွိရင္ေတာ႔ ေဆးလိပ္ပါပါ မပါပါ က်ေနာ္႔ ဘာသာက်ေနာ္ ရိုက္ခ်င္ ရိုက္မွာပဲ ။ ဘာ message ေပးခ်င္လဲ ဆိုရင္ေတာ႔ က်ေနာ္ ဘာ message မွ မေပးခ်င္ ပါဘူး ။ ဆရာမႀကီး ၾကည္ေအး ကိုယ္တိုင္လည္း ဘာ message မွ ေပးခ်င္ခဲ႔တာ မဟုတ္ပါဘူး ။ က်ေနာ္ ရိုက္ခ်င္လို႔ကို ရိုက္ခဲ႔တာပါလို႔ ” ျပတ္ျပတ္သားသား ေျပာၾကားသြား ပါတယ္ ။
ျမန္မာေပါကားေတြ ကေန ရုန္းထြက္ၿပီး ေကာင္းမြန္တဲ႔ လမ္းေၾကာင္းေပၚကို ဦးတည္လာၿပီ ျဖစ္တဲ႔ ျမန္မာ ရုပ္ရွင္ေတြအေနနဲ႔ ဆက္လက္ၿပီးေတာ႔လည္း အရည္အေသြးမီတဲ႔ ရုပ္ရွင္ကားေကာင္း မ်ားစြာ ေပၚထြက္လာဖို႔ ေမွ်ာ္လင္႔ရပါတယ္ ။
အခုလို ေဝဖန္မႈေတြ ျပင္းထန္လာတာနဲ႔ ပတ္သက္ျပီး ပိုစတာေပၚမွာ စတစ္ကာကပ္ျပီး တားဆီးလိုက္တာ၊ ဆင္ဆာ ျဖတ္လိုက္တာမ်ိဳးထက္ စာရင္ အသက္အရြယ္ျဖင့္ ရုံဝင္ခြင့္ ကန္႔သတ္တဲ့ စနစ္လိုမ်ိဳးကို စၿပီး က်င္႔သံုးတာက ပိုၿပီး ထိေရာက္မယ္လုိ႔ အၾကံေပးပါရေစ ။
Namalgyi
(Unicode)
ဆေးလိပ်ပါပါ မပါပါ ကျနော် ရိုက်ချင်ကျနော် ရိုက်မှာပဲ ဆိုတဲ့ ဒါရိုက်တာ ဏကြီး
လက်ရှိ အနေအထားမှာ ဝေဖန်မှုတွေ ပြင်းထန်နေတဲ့ မီရုပ်ရှင်အကြောင်းကို အားလုံး ကြားကြမှာပါ ။ ဆေးလိပ်သောက်တဲ့ အခန်းတွေ ပါဝင်နေတဲ့ အပြင် ပိုစတာ မှာပါ ဆေးလိပ် ကိုင်ထားတဲ့ ပုံစံ ဖြစ်နေတာကြောင့် ဝေဖန်မှုတွေ ရှိလာခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ရှင်းယူရတဲ့ အထိ ပြောဆိုမှုတွေ ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။
မီအဖြစ် သရုပ်ဆောင်တဲ့ ပိုင်ဖြိုးသုက ဆရာဝန်တယောက် ဖြစ်နေတဲ့ အပြင် ကျန်းမာရေး သံတမန် တဦးလည်း ဖြစ်တာမို့ အခုလို ဝေဖန်မှုတွေ ပိုပြီး ပြင်းထန်နေတာပဲ ဖြစ်ပါတယ် ။ အဆိုပါ ရုပ်ရှင်ကို ဖန်တီးခဲ့သူ ဒါရိုက်တာ ဏကြီး ကတော့ ရုပ်ရုပ်နဲ့ ပတ်သက်ပြီး ခံယူချက် ပြင်းပြင်းနဲ့ အကောင်းဆုံး ပုံဖော်ရိုက်ကူးခဲ့သူပါ ။
မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစားရှင်းလင်းပွဲ မှာတော့ ဒါရိုက်တာ ဏကြီးက “ ကျနော် အမှန်အတိုင်း ပြောလို့ရှိရင်တော့ ဆေးလိပ်ပါပါ မပါပါ ကျနော့် ဘာသာကျနော် ရိုက်ချင် ရိုက်မှာပဲ ။ ဘာ message ပေးချင်လဲ ဆိုရင်တော့ ကျနော် ဘာ message မှ မပေးချင် ပါဘူး ။ ဆရာမကြီး ကြည်အေး ကိုယ်တိုင်လည်း ဘာ message မှ ပေးချင်ခဲ့တာ မဟုတ်ပါဘူး ။ ကျနော် ရိုက်ချင်လို့ကို ရိုက်ခဲ့တာပါလို့ ” ပြတ်ပြတ်သားသား ပြောကြားသွား ပါတယ် ။
စာဖတ်သူတွေရော အခု လက်ရှိ ဖြစ်နေတဲ့ မီရုပ်ရှင်အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး အမြင် ဘယ်လိုရှိလဲ သိပါရစေ ။ ရုပ်ရှင်အနေနဲ့ အကောင်းဆုံး ဖန်တီးခဲ့တဲ့ သူတွေအပေါ် အခုလို ဝိုင်းဝန်း ထိုးနှက်ကြတာနဲ့ ပတ်သက်ပြီး မီ ရုပ်ရှင်ဘက်မှာ အခိုင်အမာ ရပ်တည်နေတဲ့ သူတွေလည်း များစွာ ရှိနေတာပဲ ဖြစ်ပါတယ် ။
မြန်မာပေါကားတွေ ကနေ ရုန်းထွက်ပြီး ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ဦးတည်လာပြီ ဖြစ်တဲ့ မြန်မာ ရုပ်ရှင်တွေအနေနဲ့ ဆက်လက်ပြီးတော့လည်း အရည်အသွေးမီတဲ့ ရုပ်ရှင်ကားကောင်း များစွာ ပေါ်ထွက်လာဖို့ မျှော်လင့်ရပါတယ် ။
အခုလို ဝေဖန်မှုတွေ ပြင်းထန်လာတာနဲ့ ပတ်သက်ပြီး ပိုစတာပေါ်မှာ စတစ်ကာကပ်ပြီး တားဆီးလိုက်တာ၊ ဆင်ဆာ ဖြတ်လိုက်တာမျိုးထက် စာရင် အသက်အရွယ်ဖြင့် ရုံဝင်ခွင့် ကန့်သတ်တဲ့ စနစ်လိုမျိုးကို စပြီး ကျင့်သုံးတာက ပိုပြီး ထိရောက်မယ်လို့ အကြံပေးပါရစေ ။
Namalgyi
0 Comments