အေဖႀကီး ေျပာတဲ့ တကယ့္ ပံုျပင္


ကြၽန္ေတာ္ ငယ္စဥ္က အေဖႀကီး ေျပာေလ့ရိွတဲ့ ပံုျပင္ေလးတပုဒ္ ရိွပါတယ္ ။ သို႔ေသာ္ ပံုျပင္မဟုတ္ ။ အေဖႀကီးက ေက်ာင္းဆရာ ျဖစ္၍ သူ႔ေက်ာင္းသား ကုလားေလး တေယာက္ရဲ႕ တကယ့္ အျဖစ္အပ်က္ တခု ။

ထိုကုလားေလးရဲ႕ အေဖက ကုန္စံုဆိုင္ႀကီး တခုကိုပိုင္တဲ့ ခ်မ္းသာတဲ့သူ ျဖစ္တယ္ ။ သို႔ေသာ္ ကေလးႏွစ္ေယာက္ ေက်ာင္းသြားရင္ တေယာက္ကို တပဲ စီသာေပးသည္ ။ သို႔ေသာ္ မုန္႔ဝယ္စားရသည္ မဟုတ္ ။ ေန႔လယ္ မုန္႔စားဆင္းခ်ိန္မွာ စားဖို႔ ပလာတာနဲ႔ ပဲဟင္း ထည့္ေပးလိုက္တယ္ ။

ညေနအိမ္ျပန္ေရာက္ေတာ့ ပိုက္ဆံတပဲ မေပ်ာက္မ႐ွ ပါလာေၾကာင္း အေဖ့ကို ျပရတယ္ ။ ၿပီးမွ သူတို႔ တေယာက္စီ အတြက္ ေပးထားတဲ့ စုဘူးထဲမွာ ထည့္ရတယ္ ။ ပိုက္ဆံတပဲကို မနက္ ေက်ာင္းမသြားခင္ ကတည္းက စုဘူးထဲ ထည့္ခဲ့ခ်င္၍ မရ ၊ ေက်ာင္းယူ သြားရတယ္ ။ ညေနျပန္လာရင္ ျပရတယ္ ။

ေငြတပဲကို တေန႔တာလံုး မေပ်ာက္မပ်က္ေအာင္ တာဝန္ယူ ထိန္းသိမ္းတတ္ေအာင္ ေလ့က်င့္ေပးျခင္း ျဖစ္တယ္ ။

ေပ်ာက္႐ွခဲ့ရင္ ျပင္းထန္စြာ အ႐ိုက္ ခံရတယ္ ။ ေငြကို မႏွေျမာျခင္း ၊ ေငြ မေပ်ာက္ေအာင္ မထိန္း သိမ္းႏိုင္ျခင္း အတြက္ အျပစ္ေပးျခင္း ခံရတယ္ ။

ကေလးေတြက အဲ့ဒိီ ေငြတပဲ ေပ်ာက္မွာ အလြန္ ေၾကာက္ၾကတယ္ ။ တေန႔လံုး ဂ႐ုတစိုက္ ထိန္းသိမ္း ေစာင့္ေ႐ွာက္တယ္ ။ ဒါေၾကာင့္ ေငြကို တန္ဖိုးထားတတ္ လာၿပီး ထိန္သိမ္းတတ္တဲ့ အေလ့အက်င့္ ရသြားတယ္ ။

အဲဒီလိုနဲ႔ ကေလး ေက်ာင္းေနခ်ိန္မွ စ၍ ေန႔စဥ္ တပဲ ၊ တပဲ စုေဆာင္း ရတယ္ ။ စုဘူး တဘူးျပည့္ရင္ ကေလးအမည္ ထိုးၿပီး ဖခင္က သိမ္းေပးထားတယ္ ။ အဲ့ဒိ ကေလး ေက်ာင္းထြက္ၿပီး အရြယ္ေရာက္လာတဲ့ အခါ စုဘူး ေတာ္ေတာ္ မ်ားမ်ား ရေနၿပီ ။

အဲ့ဒီ အခါက်မွ စုဘူးေတြကို ေဖာက္ၿပီး ရတဲ့ေငြနဲ႔ ကြမ္းယာဆိုင္ေလး တခု အရင္းအႏွီး ျပဳေပးတယ္။ ရတဲ့အျမတ္ေငြကို ဆက္စုရင္း ကြမ္းယာဆိုင္မွ ပစၥည္းမ်ိဳးစံုဆိုင္ ျဖစ္လာတယ္ ။ ထိုမွ တဆင့္ စတိုးဆိုင္ႀကီး အျဖစ္သို႔ ေရာက္ေအာင္ ေလ့က်င့္ေပးတယ္ ။ အတုယူစရာ နမူနာေကာင္း ျဖစ္ပါတယ္ ။

အဲ့ဒီလို စည္းကမ္းစနစ္က်မူေၾကာင့္ လမ္းေဘးကြမ္းရာဆိုင္ ကေလးမွ တဆင့္ စိန္ဘာဘူတိုက္ႀကီးမ်ား အထိ ႀကီးပြားတိုးတက္ ေအာင္ျမင္လာခဲ့ ၾကတယ္ ။

ေပါေပါရ ၊ ေပါ့ေပါ့ေန ေပါ့ေပါ့စားေနလ်င္ ေပါ့ေပါ့သာ ျဖစ္ေနေပမည္ ။ လူအမ်ားစုသည္ အတင့္တင့္ ဝင္ေငြေကာင္းရင္ ဝါႂကြားခ်င္ လာတယ္ ။ လက္ဖြာခ်င္ လာတယ္ ။ လက္ဖက္ရည္ဆိုင္ ထိုင္ၿပီး လာသမ်ွ လူကို ဒကာခံရင္း မဂၤလာယူခ်င္ ၾကတယ္ ။ ကေလးမုန္႔ဖိုး ကိုလည္း သူမ်ားတရာေပးရင္ ငါးရာ တေထာင္ ေပးပစ္တယ္ ။ ကေလး သံုးတတ္ စားတတ္ပံုကို ဂုဏ္ယူတဲ့ ေလသံနဲ႔ ႂကြားဝါခ်င္ တတ္တယ္ ။

ကေလးကို ငယ္ငယ္ကတည္းက ေငြေပါ့ေပ့ါရ ေပါ့ေပါ့ သံုးတတ္ေအာင္ ေလ့က်င့္ေပး ၾကတယ္ ။ ဒါေၾကာင့္ ကေလးတို႔ မပ်က္စီးသင့္ဘဲ ပ်က္စီးရတယ္ ။ တသက္တာလံုး ေပါ့ေပါ့စား ေပါ့ေပါ့ ေနတတ္တဲ့ အက်င့္ ပါၿပီး ေပါ့ေပါ့သာ ျဖစ္ ကုန္ၾကရ ပါတယ္ ။

ဒါ့ေၾကာင့္ ဒီလို မျဖစ္ေအာင္ မိဘမ်ား ကေလးငယ္စဥ္ ကတည္းက ေငြကို ထိန္းသိမ္းျပီး တန္ဘိုးထားတတ္၊ ေခြၽတာ စုေဆာင္းတတ္တဲ့ အေလ့အက်င့္ ေကာင္းမ်ား ေလ့က်င့္ေပးသင့္ ပါတယ္ ။

(လယ္တြင္းသားေစာခ်စ္)
ဦးေသာင္းေဌး (ရန္ကုန္တကၠသိုလ္)

(Unicode)

အဖေကြီး ပြောတဲ့ တကယ့် ပုံပြင်


ကျွန်တော် ငယ်စဉ်က အဖေကြီး ပြောလေ့ရှိတဲ့ ပုံပြင်လေးတပုဒ် ရှိပါတယ် ။ သို့သော် ပုံပြင်မဟုတ် ။ အဖေကြီးက ကျောင်းဆရာ ဖြစ်၍ သူ့ကျောင်းသား ကုလားလေး တယောက်ရဲ့ တကယ့် အဖြစ်အပျက် တခု ။

ထိုကုလားလေးရဲ့ အဖေက ကုန်စုံဆိုင်ကြီး တခုကိုပိုင်တဲ့ ချမ်းသာတဲ့သူ ဖြစ်တယ် ။ သို့သော် ကလေးနှစ်ယောက် ကျောင်းသွားရင် တယောက်ကို တပဲ စီသာပေးသည် ။ သို့သော် မုန့်ဝယ်စားရသည် မဟုတ် ။ နေ့လယ် မုန့်စားဆင်းချိန်မှာ စားဖို့ ပလာတာနဲ့ ပဲဟင်း ထည့်ပေးလိုက်တယ် ။

ညနေအိမ်ပြန်ရောက်တော့ ပိုက်ဆံတပဲ မပျောက်မရှ ပါလာကြောင်း အဖေ့ကို ပြရတယ် ။ ပြီးမှ သူတို့ တယောက်စီ အတွက် ပေးထားတဲ့ စုဘူးထဲမှာ ထည့်ရတယ် ။ ပိုက်ဆံတပဲကို မနက် ကျောင်းမသွားခင် ကတည်းက စုဘူးထဲ ထည့်ခဲ့ချင်၍ မရ ၊ ကျောင်းယူ သွားရတယ် ။ ညနေပြန်လာရင် ပြရတယ် ။

ငွေတပဲကို တနေ့တာလုံး မပျောက်မပျက်အောင် တာဝန်ယူ ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးခြင်း ဖြစ်တယ် ။

ပျောက်ရှခဲ့ရင် ပြင်းထန်စွာ အရိုက် ခံရတယ် ။ ငွေကို မနှမြောခြင်း ၊ ငွေ မပျောက်အောင် မထိန်း သိမ်းနိုင်ခြင်း အတွက် အပြစ်ပေးခြင်း ခံရတယ် ။

ကလေးတွေက အဲ့ဒီ ငွေတပဲ ပျောက်မှာ အလွန် ကြောက်ကြတယ် ။ တနေ့လုံး ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်တယ် ။ ဒါကြောင့် ငွေကို တန်ဖိုးထားတတ် လာပြီး ထိန်သိမ်းတတ်တဲ့ အလေ့အကျင့် ရသွားတယ် ။

အဲဒီလိုနဲ့ ကလေး ကျောင်းနေချိန်မှ စ၍ နေ့စဉ် တပဲ ၊ တပဲ စုဆောင်း ရတယ် ။ စုဘူး တဘူးပြည့်ရင် ကလေးအမည် ထိုးပြီး ဖခင်က သိမ်းပေးထားတယ် ။ အဲ့ဒိ ကလေး ကျောင်းထွက်ပြီး အရွယ်ရောက်လာတဲ့ အခါ စုဘူး တော်တော် များများ ရနေပြီ ။

အဲ့ဒီ အခါကျမှ စုဘူးတွေကို ဖောက်ပြီး ရတဲ့ငွေနဲ့ ကွမ်းယာဆိုင်လေး တခု အရင်းအနှီး ပြုပေးတယ်။ ရတဲ့အမြတ်ငွေကို ဆက်စုရင်း ကွမ်းယာဆိုင်မှ ပစ္စည်းမျိုးစုံဆိုင် ဖြစ်လာတယ် ။ ထိုမှ တဆင့် စတိုးဆိုင်ကြီး အဖြစ်သို့ ရောက်အောင် လေ့ကျင့်ပေးတယ် ။ အတုယူစရာ နမူနာကောင်း ဖြစ်ပါတယ် ။

အဲ့ဒီလို စည်းကမ်းစနစ်ကျမူကြောင့် လမ်းဘေးကွမ်းရာဆိုင် ကလေးမှ တဆင့် စိန်ဘာဘူတိုက်ကြီးများ အထိ ကြီးပွားတိုးတက် အောင်မြင်လာခဲ့ ကြတယ် ။

ပေါပေါရ ၊ ပေါ့ပေါ့နေ ပေါ့ပေါ့စားနေလျင် ပေါ့ပေါ့သာ ဖြစ်နေပေမည် ။ လူအများစုသည် အတင့်တင့် ဝင်ငွေကောင်းရင် ဝါကြွားချင် လာတယ် ။ လက်ဖွာချင် လာတယ် ။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး လာသမျှ လူကို ဒကာခံရင်း မင်္ဂလာယူချင် ကြတယ် ။ ကလေးမုန့်ဖိုး ကိုလည်း သူများတရာပေးရင် ငါးရာ တထောင် ပေးပစ်တယ် ။ ကလေး သုံးတတ် စားတတ်ပုံကို ဂုဏ်ယူတဲ့ လေသံနဲ့ ကြွားဝါချင် တတ်တယ် ။

ကလေးကို ငယ်ငယ်ကတည်းက ငွေပေါ့ပေ့ါရ ပေါ့ပေါ့ သုံးတတ်အောင် လေ့ကျင့်ပေး ကြတယ် ။ ဒါကြောင့် ကလေးတို့ မပျက်စီးသင့်ဘဲ ပျက်စီးရတယ် ။ တသက်တာလုံး ပေါ့ပေါ့စား ပေါ့ပေါ့ နေတတ်တဲ့ အကျင့် ပါပြီး ပေါ့ပေါ့သာ ဖြစ် ကုန်ကြရ ပါတယ် ။

ဒါ့ကြောင့် ဒီလို မဖြစ်အောင် မိဘများ ကလေးငယ်စဉ် ကတည်းက ငွေကို ထိန်းသိမ်းပြီး တန်ဘိုးထားတတ်၊ ချွေတာ စုဆောင်းတတ်တဲ့ အလေ့အကျင့် ကောင်းများ လေ့ကျင့်ပေးသင့် ပါတယ် ။

(လယ်တွင်းသားစောချစ်)
ဦးသောင်းဌေး (ရန်ကုန်တက္ကသိုလ်)

Post a Comment

0 Comments

close