(Zawgyi)
















May Myat Noe

(Unicode)


မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာခဲ့တဲ့ မေမြတ်နိုး



မေမြတ်နိုးဆိုတဲ့ အလှမယ်လေး ကတော့ အသက်ငယ်ပေမယ့် သူများနဲ့ မတူတဲ့ စွမ်းဆောင်ရည်တွေ အပြည့်အဝ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်မလေး တဦးပဲ ဖြစ်ပါတယ် ။


အနုပညာလောကထဲကို Miss တဦးအနေနဲ့ ဝင်ရောက်လာခဲ့တယ် ဆိုပေမယ့် မြန်မာနိုင်ငံကို ဂုဏ်တက်စေခဲ့တဲ့ Miss ဆုတံဆိပ် ကိုလည်း ရယူပေးနိုင်ခဲ့သူ တဦးပဲ ဖြစ်ပါတယ် ။


ဒီကနေ့မှ ာဆိုရင်လည်း ပရိသတ်တွေ လုံးဝ surprise ဖြစ်သွားစေ ခဲ့တဲ့ သူမရဲ့ အနုပညာ လှုပ်ရှားမှုကြီး တခုကို မေမြတ်နိုးဟာ လူမှုကွန်ယက်ပေါ်ကနေ ချပြလာခဲ့ ပါပြီ ။


ဒီ surprise ကတော့ မေမြတ်နိုးဟာ ကမ္ဘာကျော် Director Damiel Zirilli ရိုက်ကူးမယ့် Invincible ရုပ်ရှင်ကားကြီးထဲမှာ သူမ ပါဝင် သရုပ်ဆောင်ထားတယ် ဆိုတဲ့ အကြောင်းကို ဓာတ်ပုံလေး တပုံနဲ့ ပြသလာခဲ့တာပဲ ဖြစ်ပါတယ် ။


ဒီ Invincible ရုပ်ရှင်ကားကြီးကတော့ action ကားအမျိုးအစား ဖြစ်သလို 2019 ခုနှစ်မှာ ရုံတင်ပြသမယ့် ရုပ်ရှင်ကားကြီး တကားလည်း ဖြစ်ပါတယ် ။


ဒီကားထဲမှာ ဆိုရင်လည်း မေမြတ်နိုး အနေနဲ့ ကမ္ဘာကျော် သရုပ်ဆောင်ကြီး တွေနဲ့ အပြိုင် သူမရဲ့သရုပ်ဆောင် စွမ်းရည်တွေကို ဘယ်လို ထုတ်ပြမလဲ ဆိုတာကတော့ အရမ်းပဲ စိတ်ဝင်စားစရာ ကောင်းလှပါတယ် ။


မြန်မာနိုင်ငံရဲ့ ပထမဆုံး ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာတဲ့ မေမြတ်နိုးကို အမြဲအားပေးချစ်ခင်သွားကြမယ် မဟုတ်လား ပရိသတ်ကြီးရေ ။

May Myat Noe