(Zawgyi)














celegabar
Source – Myo Minn Soe

(Unicode)



မင်္ဂလာဆောင်ရာသီကို ရောက်ရှိနေပြီဖြစ်တာကြောင့် သူ့ထက်ငါ အပြိုင်အဆိုင် အလှသွေးကြွယ်ချင်ကြတာ မဆန်းပါဘူးနော်။ စိတ်ကူးအိပ်မက်ထဲက သတို့ သမီး အဖြစ် အလှဆုံး ပြင်ဆင်ဖို့ ရွှေငွေ အဖိုးတန် ကျောက်သံပတ္တမြားတွေ နဲ့ လာလည်းစီခြယ်ထားတဲ့ ဝတ်စုံတွေကို လည်း ဖန်တီးလာကြပါတယ်။




ဒီလို အဖိုးတန် ဝတ်စုံတွေ ထဲက သိန်း၁၅၀၀(တစ်ထောင့်ငါးရာ)တန် ပလက်တီနမ်စိန် ထိုင်မသိမ်းလေးဖန်တီးနေတာ မကြာခင်မြင်ရပါတော့မယ် လို့ သိရပါတယ်။ နိုင်ငံကျော် ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ ဖော်ပြချက်အရ ကျောက်ပန်းတောင်းမြို့ ရွှေဂုဏ်ရည်စိန်ရွှေရတနာဆိုင်မှ မင်္ဂလာသတို့သမီးလေးရဲ့ မင်္ဂလာပွဲအတွက် ပလက်တီနမ်ကြိုးများ စိန်များပုလဲ များစွာနဲ့ ဖန်တီးချုပ်လုပ်နေပါတယ်တဲ့ ။




ဒီဇိုင်နာ မျိုးမင်းစိုးကတော့ ယုံကြည်စွာ စိတ်ကြိုက် ဖန်တီးခွင့်ပေးလို့လည်း ကျေးဇူးပါ။ မကြာခင် အရမ်းလှတဲ့ ဝတ်စုံလေးပြီးတော့မှာပါ။ ရတနာများနဲ့ ဝတ်စုံချုပ်ဖို့အကျိုးပေးတယ်လို့ဆိုရမဲ့ ကျန်တော်ရယ်ပါ ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။ ကဲ ကျောက်ပန်းတောင်း က ကံထူးတဲ့သတို့သမီးလေး ဆင်မြန်းမယ့် ရတနာတွေကို လည်း ပရိသတ်ကြီးသိဖို့ မျှဝေပေးလိုက်တယ်နော်။




celegabar
Source – Myo Minn Soe