(Unicode)
G-Fatt နဲ့ လမ်းခွဲလိုက်ပြီ ဆိုတဲ့ နန်းစုရတီစိုး
သရုပ်ဆောင် နန်းစုရတီစို းတယောက်ကတော့ ဒီနေ့မှာ သူတို့ရဲ့ Relationship ကို ဖျက်လိုက်ပြီ ဆိုတဲ့ အကြောင်း ရေးသားခဲ့ပါတယ် ။ သူမဟာ ရေးသားပြီးချင်း သိပ်မကြာခင်မှာပဲ ဖျက်သွားခဲ့တာ ဖြစ်ပြီး စတင်တဲ့ အချိန်မှာလည်း မကြာခင်မှာ ဖျက်ပစ်မှာ ဖြစ်ကြောင်း ပြောကြားထားတာ တွေ့ရပါတယ် ။
နန်းစုရတီစိုးကတော့ လူငယ်အဆိုတော် G Fatt နဲ့ ချစ်သူတွေ ဖြစ်နေကြပြီးတော့ မကြာသေးခင် ကမှ ဂျပန်နိုင်ငံကို အတူ သွားရောက် လည်ပတ်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။
ဒီလို တင်ခဲ့တဲ့ နောက်မှာတော့ ပရိသတ်တွေရဲ့ မေးမြန်းမှုတွေ ရှိခဲ့ပြီးတော့ သူမက ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်း မေးမြန်းခြင်း သည်းခံပါလို့ ပရိသတ်တွေကို ပြန်လည် ပြောဆိုခဲ့တာ ဖြစ်ပါတယ် ။
အဆိုတော် G Fatt ရဲ့ အကောင့်မှာလည်း Feel နေတဲ့ ပို့စ်တွေကို မနေ့ညက တင်ထားတာ တွေ့ရပြီးတော့ ယနေ့ နန်းစုရတီစိုး တင်လိုက်တဲ့ လမ်းခွဲတဲ့ အကြောင်းနဲ့ ပတ်သက် ဆက်နွယ်ပြီး ရန်ဖြစ်ထားကြတာလားလို့ ပရိသတ်တွေက မှတ်ချက်ပေးမှု တွေ ရှိနေပါတယ် ။
ပရိသတ်တွေ အားကျရလောက်အောင် ချစ်ခဲ့ကြတဲ့ သူတို့ စုံတွဲလေးဟာ နှစ်ဦးလုံး အားပေးမှု အပြည့်အဝ ရရှိထားကြသူတွေပါ ။ မကြာသေးခင်ကမှ G Fatt ရဲ့ တကိုယ်တော် ရှိုးပွဲမှာ အတူ သီချင်း သီဆိုခဲ့ကြပါသေးတယ် ။
သူမရဲ့အကောင့်မှာလည်း ချစ်သူ G fatt နဲ့ ရိုက်ကူးထားတဲ့ ပုံတော်တော်များများကို မတွေ့ရတော့ပါဘူး ။ သူတို့ (၂) ယောက်ရဲ့ Relationship တကယ်ကို ပြတ်ဆဲပြီလား ဆိုတာ ပရိသတ်တွေလည်း စိတ်ပူနေကြတာဖြစ်ပါတယ် ။
နန်းစုရတီစိုး တင်ခဲ့တဲ့ စာ
0 Comments