


ကျွန်မ ကိုကိုအား အဆုံးရှုံး မခံနိုင်ပါ ။




" ok ပါ ချစ် ... ကျေးဇူး "

၁ လ ကြာသောအခါ ....



၃ လ ကြာသော် .....


" ပြောပါ ကိုကို "


" အော် ကောင်းတာပေါ့ ...



၁ နှစ် ကြာသောအခါ ......

" ဟယ် ကမ တွေရေ ...


Sorry ပါ ကိုကို


😁😁😁
(မိုင်ဟန်နီ )
Sharon Honey

(Unicode)

မိန်းမ တယောက်ရဲ့ ဂလဲ့စား



ကိုကို အခုတလော ခြေလှမ်းတွေ ပျက်နေတာ သတိထား မိသည် ။
ကျွန်မ မဟုတ်သော မိန်းကလေးကို ကိုကို တွယ်တာနေသည် ။
ကျွန်မသည် အလွန် သဝန်တို တတ်သော မိန်းမ ဖြစ်သည်ကို ကိုကို မသိခဲ့လေ သလော ။

ကျွန်မ ကိုကိုအား အဆုံးရံှုး မခံနိုင်ပါ ။
တခြားမိန်းမ လက်ထဲ သို့လည်း ထည့်၍ မပေးနိုင်ပါ ။

ကျွန်မ ၏ အချစ်သည် မရယူ ရလိုလျှင် တစုံတဦးလက်ထဲ သို့လဲ ပျော်ရွှင်စွ ာမပေါင်းဖက်စေ လိုပါ ။
ထို့ကြောင့် ကျွန်မ ပြောင်းလဲ ခဲ့သည် ။

ကိုကို နှင့် တွေ့တိုင်း ...

" ကိုကို့ မျက်နှာတွေ မဲနေသလိုပဲနော်
ရော့ Revlon set လေး သုံးပါ
နူတ်ခမ်းတွေလည်း ခြောက်နေတယ် နော်
စိုပြေသွားအောင် Loral's လေး သုံးပါ "

" ok ပါ ချစ် ... ကျေးဇူး "

၁ လ ကြာသောအခါ ....

" ကိုကို bady spa သွားရအောင်နော်
ဒီနေ့ ကိုကို့ အသားတွေ ညိုမဲနေပြီ
ပြန်ရင်လဲ Bella set နဲ့ Garnier set ဝယ်ဖို့ မမေ့နဲ့အုန်း "

" ဟင် ဟုတ်လား သွားရအောင်နော် ချစ် "

၃ လ ကြာသော် .....

" ချစ် ကို တိုင်ပင်ချင်လို့ "

" ပြောပါ ကိုကို "

" ကိုကို အလှပြင် သင်တန်း တက်ရမလားလို့ "

" အော် ကောင်းတာပေါ့ ...
ဒီဖက်ခေတ်မှာ အလှဖန်တီးရှင် တွေက မိန်းကလေး ထက် ယောင်္ကျားလေးက ပို အောင်မြင်ကြ တာလေ "

" အင်း အဲ့တာဆို ကိုကို သင်တန်း တက်လိုက်တော့မယ် နော်
ချစ်ကို ကျေးဇူး တင်ပါတယ်
ကိုယ့်ကို လမ်းကြောင်းပေါ် ရောက်အောင် လမ်းပြပေး ခဲ့လို့ "

" အော် ချစ်သူချင်းတွေပဲ ကိုကို ရယ် "

၁ နှစ် ကြာသောအခါ ......

" ဟယ် ကမ တွေရေ ...
customer တွေကို သေချာ ဆက်ဆံနော်
သူတို့က ငါတို့ရဲ့ ထမင်းရှင်ဟဲ့
$ ကောင်မ တွေက ပိုင်ရှင် မရှိရင် မရှိသလိုပဲ
အလုပ်လုပ်တာ လက်ကြော မတင်းချင်ဘူး
အဆံကြတော့ အချိန်တန်ရင် လိုချင်တယ် "

သူ့အသံ ကို ကျွန်မ ကြားပြီးနောက် ....

Sorry ပါ ကိုကို
ကျွန်မကလည်း ဘယ်သူ့ကိုမှ သစ္စာ မဖောက်သလို
ကျွန်မကို သစ္စာ ဖောက်ရင်လည်း ကျွန်မက သည်းမခံတတ် လို့ပါ .....
အခုတော့ ကိုကို့ကို ဘယ်သူ့ လက်ထဲမှ ထည့်ပေးစရာ မလိုတော့ဘူးလေ .....

😁😁😁
(မိုင်ဟန်နီ )
Sharon Honey

Post a Comment

0 Comments

close