(Zawgyi)
💝 အိမ္ေထာင္ျပဳဖို႔ ရည္႐ြယ္ထားတဲ့ စံုတြဲတုိင္း လူလြတ္ဘဝမွာ ဒီအေတြ႔အႀကံဳေတြ ရွိထားသင့္ပါတယ္။ တစ္စံုတစ္ေယာက္နဲ႔ မဂၤလာေဆာင္ၿပီး အတူေနဖို႔ ဆံုးျဖတ္တာဟာ ႀကီးမားတဲ့ ဆံုးျဖတ္ခ်က္ျဖစ္ၿပီး အေရးအႀကီးဆံုးလည္း ျဖစ္ပါတယ္။ တစ္ဘဝလံုးအတူေနဖို႔ ဆံုးျဖတ္သြားမယ့္သူအေၾကာင္းကုိ သာမန္ထက္ေတာ့ သင့္ဘက္က ပိုၿပီးသိထားသင့္ပါတယ္။ မဂၤလာမေဆာင္ခင္မွာ စံုတြဲေတြအားလံုး ရွိထားသင့္တဲ့ အေတြ႔အႀကံဳ (၉) ခုရွိပါတယ္။
၁။ အႀကီးအက်ယ္ စကားမ်ားျခင္း
မဂၤလာမေဆာင္ခင္ ရွိထားသင့္တဲ့ အေရးအႀကီးဆံုး အေတြ႔အႀကံဳပါ။ ရန္ျဖစ္တာ၊ စကားမ်ားတာက ေကာင္းတဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ သာမန္စကားမ်ားျခင္းဟာ အခ်စ္ေရးကို ပိုၿပီးခုိင္ၿမဲေစတယ္လို႔ ယံုၾကည္ရပါတယ္။
၂။ မိဘေတြနဲ႔ေတြ႔
သူ႔မိဘ၊ ကုိယ့္မိဘ ႏွစ္ဖက္လံုးနဲ႔ ေတြ႔ထားရမွာပါ။ ေယာက္ကၡမေတြနဲ႔ အဆင္ေျပလား၊ မေျပလား ဆိုတာကလည္း သင္တို႔ရဲ႕ အိမ္ေထာင္ေရးကိုု အဆံုးအျဖတ္ ေပးႏုိင္ပါတယ္။
၃။ တိရိစၦာန္အတူေမြး
အေရးမႀကီးဘူးထင္ရေပမယ့္ ဒါလည္း အေတြ႔အႀကံဳရွိထားသင့္ပါတယ္။ ေနာင္တစ္ခ်ိန္က်မွ သင္က ေခြးခ်စ္ၿပီးသူက ေခြးမခ်စ္တာ၊ သူကေၾကာင္ခ်စ္ၿပီး သင္က ေၾကာင္ဆို မုန္းတာမ်ိဳး ျဖစ္လာတတ္ပါတယ္။ ဒါေတြကို ႀကိဳသိထားသင့္တာပါ။
၄။ သူငယ္ခ်င္းေတြနဲ႔ အျပန္အလွန္ မိတ္ဆက္ထား
သူ႔သူငယ္ခ်င္းေတြ ဘယ္သူလဲ၊ ဘာလုပ္လဲ ဆိုတာမ်ိဳး သင္လည္းသိထားသင့္သလို၊ သင့္သူငယ္ခ်င္းေတြနဲ႔လည္း သူ႔ကိုမိတ္ဆက္ထားေပးရမွာပါ။
၅။ ပိုက္ဆံျပတ္သြားတဲ့ အေတြ႔အႀကံဳ
မဂၤလာမေဆာင္ၾကခင္မွာ ပိုက္ဆံျပတ္သြားတဲ့ အေတြ႔အႀကံဳကိုလည္း ရထားသင့္ပါတယ္။ ဒါမွသင္ ပိုက္ဆံျပတ္တာ သူဘယ္လိုတုန္႔ျပန္မလဲဆိုတာနဲ႔ ဘယ္လိုေျဖရွင္းမလဲဆိုတာကို သိရမွာ ျဖစ္ပါတယ္။
၆။ အက်င့္ဆိုးမ်ား
လူတိုင္းမွာ အက်င့္ဆိုးရွိတတ္ပါတယ္။ ရည္းစားဘဝမွာ ထိန္ခ်န္လွ်ိဳ႕ဝွက္ကာ လူသိမခံခဲ့တဲ့ အက်င့္ဆိုးေတြဟာ အတူေနတဲ့အခ်ိန္ ေရာက္မွ ေပၚလာတဲ့အခါ ပိုၿပီးေတာ့ဆိုးတတ္ပါတယ္။
၇။ လူခြဲၿပီး အျပင္ထြက္ျခင္း
ညဘက္ေတြမွာ သူငယ္ခ်င္းအခ်ိဳ႕နဲ႔ အျပင္ထြက္တဲ့အခါ လူခြဲၿပီး ထြက္တဲ့ အေတြ႔အႀကံဳကို ယူထားသင့္ပါတယ္။ ဒါမွ အိမ္ေထာင္က်တဲ့အခါ တစ္ေယာက္အျပင္ထြက္ရင္ တစ္ေယာက္မေက်နပ္တာမ်ိဳး မျဖစ္မွာပါ။ အၿမဲတမ္းေတာ့ ညဘက္ေတြ ထြက္မေနသင့္ပါဘူး။
၈။ ျပန္ေတာင္းပန္ျခင္း
ကိစၥတစ္ခုခု ျဖစ္လာရင္ ဘယ္ေတာ့မွ ျပန္မေတာင္းပန္တတ္တဲ့အက်င့္ဟာ အိမ္ေထာင္ေရးအတြက္ ရန္သူျဖစ္ပါတယ္။ ကိုယ့္အမွားျဖစ္ေစ၊ သူ႔အမွားျဖစ္ေစ မႀကီးက်ယ္တဲ့ကိစၥေတြမွာဆို ကုိယ့္ဘက္က စၿပီးေတာင္းပန္ဖို႔သာ စဥ္းစားထားပါ။
၉။ ခရီးအတူထြက္ၾကည့္ျခင္း
ခရီးထြက္တဲ့အခါ လူေတြရဲ႕အက်င့္ဟာ ပိုၿပီးေပၚလာေလ့ရွိပါတယ္။ ဒီေတာ့ သူဖံုးကြယ္ထားတဲ့ အက်င့္ေတြရွိရင္ သိရေအာင္ အိမ္ေထာင္မျပဳခင္ ခရီးထြက္ၾကည့္ပါ။ သာယာလွပတဲ့အိမ္ေထာင္ေရးတစ္ခုတည္ေဆာက္ႏိုင္ၾကပါေစလုိ႔ဆုေတာင္းေပးလိုက္ပါတယ္ဗ်ာ....။
Source : Metro
(Unicode)
💝 အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့ စုံတွဲတိုင်း လူလွတ်ဘဝမှာ ဒီအတွေ့အကြုံတွေ ရှိထားသင့်ပါတယ်။ တစ်စုံတစ်ယောက်နဲ့ မင်္ဂလာဆောင်ပြီး အတူနေဖို့ ဆုံးဖြတ်တာဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အရေးအကြီးဆုံးလည်း ဖြစ်ပါတယ်။ တစ်ဘဝလုံးအတူနေဖို့ ဆုံးဖြတ်သွားမယ့်သူအကြောင်းကို သာမန်ထက်တော့ သင့်ဘက်က ပိုပြီးသိထားသင့်ပါတယ်။ မင်္ဂလာမဆောင်ခင်မှာ စုံတွဲတွေအားလုံး ရှိထားသင့်တဲ့ အတွေ့အကြုံ (၉) ခုရှိပါတယ်။
၁။ အကြီးအကျယ် စကားများခြင်း
မင်္ဂလာမဆောင်ခင် ရှိထားသင့်တဲ့ အရေးအကြီးဆုံး အတွေ့အကြုံပါ။ ရန်ဖြစ်တာ၊ စကားများတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သာမန်စကားများခြင်းဟာ အချစ်ရေးကို ပိုပြီးခိုင်မြဲစေတယ်လို့ ယုံကြည်ရပါတယ်။
၂။ မိဘတွေနဲ့တွေ့
သူ့မိဘ၊ ကိုယ့်မိဘ နှစ်ဖက်လုံးနဲ့ တွေ့ထားရမှာပါ။ ယောက်က္ခမတွေနဲ့ အဆင်ပြေလား၊ မပြေလား ဆိုတာကလည်း သင်တို့ရဲ့ အိမ်ထောင်ရေးကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။
၃။ တိရိစ္ဆာန်အတူမွေး
အရေးမကြီးဘူးထင်ရပေမယ့် ဒါလည်း အတွေ့အကြုံရှိထားသင့်ပါတယ်။ နောင်တစ်ချိန်ကျမှ သင်က ခွေးချစ်ပြီးသူက ခွေးမချစ်တာ၊ သူကကြောင်ချစ်ပြီး သင်က ကြောင်ဆို မုန်းတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါတွေကို ကြိုသိထားသင့်တာပါ။
၄။ သူငယ်ချင်းတွေနဲ့ အပြန်အလှန် မိတ်ဆက်ထား
သူ့သူငယ်ချင်းတွေ ဘယ်သူလဲ၊ ဘာလုပ်လဲ ဆိုတာမျိုး သင်လည်းသိထားသင့်သလို၊ သင့်သူငယ်ချင်းတွေနဲ့လည်း သူ့ကိုမိတ်ဆက်ထားပေးရမှာပါ။
၅။ ပိုက်ဆံပြတ်သွားတဲ့ အတွေ့အကြုံ
မင်္ဂလာမဆောင်ကြခင်မှာ ပိုက်ဆံပြတ်သွားတဲ့ အတွေ့အကြုံကိုလည်း ရထားသင့်ပါတယ်။ ဒါမှသင် ပိုက်ဆံပြတ်တာ သူဘယ်လိုတုန့်ပြန်မလဲဆိုတာနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိရမှာ ဖြစ်ပါတယ်။
၆။ အကျင့်ဆိုးများ
လူတိုင်းမှာ အကျင့်ဆိုးရှိတတ်ပါတယ်။ ရည်းစားဘဝမှာ ထိန်ချန်လျှို့ဝှက်ကာ လူသိမခံခဲ့တဲ့ အကျင့်ဆိုးတွေဟာ အတူနေတဲ့အချိန် ရောက်မှ ပေါ်လာတဲ့အခါ ပိုပြီးတော့ဆိုးတတ်ပါတယ်။
၇။ လူခွဲပြီး အပြင်ထွက်ခြင်း
ညဘက်တွေမှာ သူငယ်ချင်းအချို့နဲ့ အပြင်ထွက်တဲ့အခါ လူခွဲပြီး ထွက်တဲ့ အတွေ့အကြုံကို ယူထားသင့်ပါတယ်။ ဒါမှ အိမ်ထောင်ကျတဲ့အခါ တစ်ယောက်အပြင်ထွက်ရင် တစ်ယောက်မကျေနပ်တာမျိုး မဖြစ်မှာပါ။ အမြဲတမ်းတော့ ညဘက်တွေ ထွက်မနေသင့်ပါဘူး။
၈။ ပြန်တောင်းပန်ခြင်း
ကိစ္စတစ်ခုခု ဖြစ်လာရင် ဘယ်တော့မှ ပြန်မတောင်းပန်တတ်တဲ့အကျင့်ဟာ အိမ်ထောင်ရေးအတွက် ရန်သူဖြစ်ပါတယ်။ ကိုယ့်အမှားဖြစ်စေ၊ သူ့အမှားဖြစ်စေ မကြီးကျယ်တဲ့ကိစ္စတွေမှာဆို ကိုယ့်ဘက်က စပြီးတောင်းပန်ဖို့သာ စဉ်းစားထားပါ။
၉။ ခရီးအတူထွက်ကြည့်ခြင်း
ခရီးထွက်တဲ့အခါ လူတွေရဲ့အကျင့်ဟာ ပိုပြီးပေါ်လာလေ့ရှိပါတယ်။ ဒီတော့ သူဖုံးကွယ်ထားတဲ့ အကျင့်တွေရှိရင် သိရအောင် အိမ်ထောင်မပြုခင် ခရီးထွက်ကြည့်ပါ။ သာယာလှပတဲ့အိမ်ထောင်ရေးတစ်ခုတည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ....။
Source : Metro
0 Comments