(Zawgyi)


မုဒိန္းမႈေတြ ေလ်ာ့က်ေစဖို႔ သူမရဲ႕ အမ်ိဳးသမီး အဂၤါကို သူစိမ္းေတြအား ေပးကိုင္ခဲ့တဲ့ အႏုပညာရွင္အမ်ိဳးသမီး


အေနာက္တိုင္း အႏုပညာဟာ လိင္နဲ႕ ဆက္စပ္မႈ ရွိပါတယ္။ သူတို႔ဆီမွာ ဟိုးအရင္ထဲက လိင္ပိုင္းဆိုင္ရာကိစၥေတြမွာ ပြင့္လင္းခဲ့တာ ျဖစ္ၿပီး ပန္းခ်ီ ပန္းပုေတြနဲ႕ အျခား အႏုပညာေတြမွာ လိင္ပိုင္းဆိုင္ရာနဲ႕ ပတ္သတ္တဲ့ ဟာေတြကို ပြင့္လင္းစြာ ထည့္သြင္းေရးဆြဲ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။


ဒီအတိုင္းသာ ပြင့္လင္းမႈ ရွိေနရင္ မုဒိန္းမႈ နည္းပါးသြားမွာ ျဖစ္တယ္လို႕ ေလ့လာ ေတြ႔ရွိခဲ့ရတာ ျဖစ္ပါတယ္။ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈ ဆိုတာ မရဖူး မျမင္ဖူုးတဲ့ အရာကို လိုခ်င္တပ္မက္မႈေၾကာင့္ ျဖစ္ျပီး ကိုယ္ကသာ ပံုမွန္ ရရွိေနတဲ့ အရာဆို လူရဲ႕ ဆႏၵက 50% ႏႈန္းေလာက္ ေလ်ာ႔နည္းႏိုင္တယ္ လို႕ ဆရာဝန္ေတြက သံုးသပ္ထားတာျဖစ္ပါတယ္။


ယခုလဲ မိန္းကေလး တစ္ေယာက္ဟာ လမ္းတကာကို လွည့္ပတ္ၿပီး မိမိအရွက္ကို ေသတၱာပံုး ကြယ္ၿပီး လိုက္ကာေလးနဲ႕ ဖံုးထားတာ ျဖစ္ပါတယ္။ ဒီ လိုက္ကာေလးထဲ လက္ႏိႈက္လိုက္မယ္ဆိုရင္ သူမရဲ႕ အဂၤါကို ထိကိုင္မိမွာ ျဖစ္ပါတယ္။ ဒါကို လူျမင္ကြင္းမွာ ေၾကျငာျပီး စိတ္ပါတဲ့သူကို ကိုင္ခိုင္းခဲ့တာ ဆြစ္ဇာလန္ ပန္းခ်ီဆရာမေလး ျဖစ္ပါတယ္။


သူမရဲ႕ ရည္ရြယ္ခ်က္ကေတာ့ မုဒိန္းမႈေတြ ေလ်ာ႔နည္းဖို႕ ထိကိုင္ျခင္းကို လုပ္ခိုင္းခဲ့တာ ျဖစ္ၿပီး လူေတြက ဝိုင္းအံု႕ ၾကည့္ေနတဲ့အတြက္ အမ်ိဳးသားတစ္ဦးဟာ ၾကာၾကာေတာ့ လက္တည့္ မဆန္းရဲပါဘူး။


Milo Moire ဆိုတဲ့ ဒီအမ်ိဳးသမီးဟာ အသက္ 32 ႏွစ္ရွိပီ ျဖစ္ျပီး ဆြဇ္ဇာလန္ႏိုင္ငံသူ တစ္ေယာက္ ျဖစ္ပါတယ္။ သူမေျပာတာက အမ်ိဳးသမီးတစ္ေယာက္ဟာ ကြယ္ရာမွာ ခိုးေၾကာင္ခိုးဝွက္ ေဖာက္ျပန္တာထက္စာရင္ ဒီလို လမ္းေပၚမွာ ရဲတင္းပြင့္လင္းမႈက တဖက္က ခ်စ္သူရည္းစားကိုု ျမန္ျမန္ဆန္ဆန္ စိတ္သက္သာရေစမွာျဖစ္သလို ဒီလို ကိုင္တြယ္ပြတ္သပ္ သူေတြလို တခ်ိဳ႕ အမ်ိဳးသားေတြရဲ႕ မေစာင့္စည္းႏိုင္တဲ့ စိတ္ဓာတ္ကိုလည္း ပတ္ဝန္းက်င္ ရႈတ္ခ်ႏိုင္ေအာင္ ျဖစ္တယ္လို႕ ဆိုပါတယ္။


သူမဟာ ဒီလို ျပပြဲကို လမ္းေပၚမွာ သံုးရက္တိုင္ျပဳလုပ္ခဲ့ျပီး အမ်ိဳးသား အမ်ိဳးသမီးေပါင္း ေထာင္ေက်ာ္ဟာ သူမရဲ႕ အဂၤါအစိတ္အပိုင္းကို လာေရာက္ ပြတ္သပ္ကိုင္တြယ္သြားတာျဖစ္ပါတယ္။


တခ်ိဳ႕ကေတာ့ ဒါဟာ အဓိပၸာယ္မဲ့တဲ့ လုပ္ရပ္လို႕ ေဝဖန္ခဲ့ၾကျပီး တခ်ိဳ႕ကေတာ့ ကိုင္တြယ္ ပြတ္သပ္လိုက္ရတဲ့ အမ်ိဳးသားဟာ သူ႕ကိုယ္သူ ကံေကာင္းသူလို႕ ထင္ကာ ေနာက္တႀကိမ္ ကံေကာင္းမႈမ်ိဳးကို ေစာင့္ဆိုင္းမွာ ျဖစ္ၿပီး မုဒိန္းမႈ က်ဴးလြန္ဖို႕ စိတ္မေရာက္ေတာ့ဘူးလို႕ အမ်ိဳးမ်ိဳးေသာ ေဝဖန္သံေတြ ထြက္ခဲ့တာ ျဖစ္ပါတယ္။





Source – cantwait2say

(Unicode)


မုဒိန်းမှုတွေ လျော့ကျစေဖို့ သူမရဲ့ အမျိုးသမီး အင်္ဂါကို သူစိမ်းတွေအား ပေးကိုင်ခဲ့တဲ့ အနုပညာရှင်အမျိုးသမီး


အနောက်တိုင်း အနုပညာဟာ လိင်နဲ့ ဆက်စပ်မှု ရှိပါတယ်။ သူတို့ဆီမှာ ဟိုးအရင်ထဲက လိင်ပိုင်းဆိုင်ရာကိစ္စတွေမှာ ပွင့်လင်းခဲ့တာ ဖြစ်ပြီး ပန်းချီ ပန်းပုတွေနဲ့ အခြား အနုပညာတွေမှာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ ဟာတွေကို ပွင့်လင်းစွာ ထည့်သွင်းရေးဆွဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။


ဒီအတိုင်းသာ ပွင့်လင်းမှု ရှိနေရင် မုဒိန်းမှု နည်းပါးသွားမှာ ဖြစ်တယ်လို့ လေ့လာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ဆိုတာ မရဖူး မမြင်ဖူုးတဲ့ အရာကို လိုချင်တပ်မက်မှုကြောင့် ဖြစ်ပြီး ကိုယ်ကသာ ပုံမှန် ရရှိနေတဲ့ အရာဆို လူရဲ့ ဆန္ဒက 50% နှုန်းလောက် လျော့နည်းနိုင်တယ် လို့ ဆရာဝန်တွေက သုံးသပ်ထားတာဖြစ်ပါတယ်။


ယခုလဲ မိန်းကလေး တစ်ယောက်ဟာ လမ်းတကာကို လှည့်ပတ်ပြီး မိမိအရှက်ကို သေတ္တာပုံး ကွယ်ပြီး လိုက်ကာလေးနဲ့ ဖုံးထားတာ ဖြစ်ပါတယ်။ ဒီ လိုက်ကာလေးထဲ လက်နှိုက်လိုက်မယ်ဆိုရင် သူမရဲ့ အင်္ဂါကို ထိကိုင်မိမှာ ဖြစ်ပါတယ်။ ဒါကို လူမြင်ကွင်းမှာ ကြေငြာပြီး စိတ်ပါတဲ့သူကို ကိုင်ခိုင်းခဲ့တာ ဆွစ်ဇာလန် ပန်းချီဆရာမလေး ဖြစ်ပါတယ်။


သူမရဲ့ ရည်ရွယ်ချက်ကတော့ မုဒိန်းမှုတွေ လျော့နည်းဖို့ ထိကိုင်ခြင်းကို လုပ်ခိုင်းခဲ့တာ ဖြစ်ပြီး လူတွေက ဝိုင်းအုံ့ ကြည့်နေတဲ့အတွက် အမျိုးသားတစ်ဦးဟာ ကြာကြာတော့ လက်တည့် မဆန်းရဲပါဘူး။


Milo Moire ဆိုတဲ့ ဒီအမျိုးသမီးဟာ အသက် 32 နှစ်ရှိပီ ဖြစ်ပြီး ဆွဇ်ဇာလန်နိုင်ငံသူ တစ်ယောက် ဖြစ်ပါတယ်။ သူမပြောတာက အမျိုးသမီးတစ်ယောက်ဟာ ကွယ်ရာမှာ ခိုးကြောင်ခိုးဝှက် ဖောက်ပြန်တာထက်စာရင် ဒီလို လမ်းပေါ်မှာ ရဲတင်းပွင့်လင်းမှုက တဖက်က ချစ်သူရည်းစားကို မြန်မြန်ဆန်ဆန် စိတ်သက်သာရစေမှာဖြစ်သလို ဒီလို ကိုင်တွယ်ပွတ်သပ် သူတွေလို တချို့ အမျိုးသားတွေရဲ့ မစောင့်စည်းနိုင်တဲ့ စိတ်ဓာတ်ကိုလည်း ပတ်ဝန်းကျင် ရှုတ်ချနိုင်အောင် ဖြစ်တယ်လို့ ဆိုပါတယ်။


သူမဟာ ဒီလို ပြပွဲကို လမ်းပေါ်မှာ သုံးရက်တိုင်ပြုလုပ်ခဲ့ပြီး အမျိုးသား အမျိုးသမီးပေါင်း ထောင်ကျော်ဟာ သူမရဲ့ အင်္ဂါအစိတ်အပိုင်းကို လာရောက် ပွတ်သပ်ကိုင်တွယ်သွားတာဖြစ်ပါတယ်။


တချို့ကတော့ ဒါဟာ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်လို့ ဝေဖန်ခဲ့ကြပြီး တချို့ကတော့ ကိုင်တွယ် ပွတ်သပ်လိုက်ရတဲ့ အမျိုးသားဟာ သူ့ကိုယ်သူ ကံကောင်းသူလို့ ထင်ကာ နောက်တကြိမ် ကံကောင်းမှုမျိုးကို စောင့်ဆိုင်းမှာ ဖြစ်ပြီး မုဒိန်းမှု ကျူးလွန်ဖို့ စိတ်မရောက်တော့ဘူးလို့ အမျိုးမျိုးသော ဝေဖန်သံတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။





Source – cantwait2say