★ ★ ★ ★ ★ ★ ★
မွဲ႔ တည္ေနရာ ေလးေတရဲ႕ အေဟာေတြပါ။ ကိုယ့္မွာ ပါတာေလးေတြနဲ႔ တိုက္ၾကည့္ႏိုင္ပါတယ္။

ေယာက်္ားေလး တို႔ရဲ႕ မွဲ႔ တည္ေနရာႏွင့္ အေဟာ....


( 1 ) နဖူးျပင္ တည့္တည့္တြင္ မွဲ႔ ရွိခဲ့လွ်င္ ေငြေၾကးႏွင့္ ပတ္သက္၍ အစြပ္အစြဲ ခံရတတ္သည္။ ပူပင္ေသာက မ်ားလိမ့္မည္။ မိမိတြင္ ရွိသည္ထက္ ပို၍ လူအမ်ားက ခ်မ္းသာသည္ ဟု ထင္ျမင္တတ္ျခင္းေၾကာင့္ ဒုကၡႏွင့္ ေတြ႔ရတတ္ပါသည္။

( 2 ) ညာဘက္ မ်က္ခံုးေမြးေပၚတြင္ မွဲ႔ ရွိလွ်င္ ခ်မ္းသာတတ္ပါသည္။ ပစၥည္းဥစၥာ ျပည့္စံုလိမ့္မည္။ ေလာကီစည္းစိမ္ အဝဝကို သံုးေဆာင္ ခံစားရတတ္သည္။

( 3 ) ဘယ္ဘက္ မ်က္ခံုးေမြးအေပၚတြင္ မွဲ႔ ရွိလွ်င္ အရက္သမား၊ ၾကက္သမား၊ ေလာင္းကစားသမား ျဖစ္တတ္သည္။ ေလာင္းကစားမႈကို ဇနီးမယားထက္ပင္ ပိုမို၍ ခ်စ္ခ်င္စြဲလမ္း ႏွစ္သက္တတ္ပါသည္။

( 4 ) ႏွာေခါင္း တည့္တည့္ ( ႏွာသီးထိပ္ဖ်ား) တြင္ မွဲ႔ ရွိလွ်င္ စာေပ၊ ဇာတ္သဘင္၊ ေတးဂီတ အႏုပညာရပ္မ်ားျဖင့္ ထင္ရွားပီး ေအာင္ျမင္ေက်ာ္ၾကား တတ္ပါသည္။

( 5 ) ညာဘက္ မ်က္ခမ္းေအာက္တြင္ မွဲ႔ရွိလွ်င္ မ်က္ႏွာ ပြင့္လန္းတတ္သည္။ မ်က္ႏွာျမင္ ခ်စ္ခင္၍ အသံၾကား သနားေစ - ဟူေသာ ဆုေတာင္းျဖင့္ ျပည့္စံုသူျဖစ္သည္။ လူအမ်ား၏ ခ်စ္ခင္ျခင္း ခံရတတ္သည္။

( 6 ) ဘယ္ဘက္ မ်က္ခမ္း ေအာက္နားတြင္ မွဲ႔ ရွိလွ်င္ လူမုန္း မ်ားတတ္သည္။ အလုပ္ လုပ္ကိုင္ရာတြင္ အတိုက္အခံႏွင့္ ႀကံဳေတြ႔ရတတ္သည္။ ငယ္စဥ္ အခါက ဆင္းရဲဒုက ၡအမ်ိဳးမ်ိဳး ေတြ႔ႀကံဳခဲ့ရလိမ့္မည္။ အခ်စ္ေရးတြင္ စြန္႔စားတတ္သည္။ တဇြတ္ထိုး လုပ္တတ္သည္။ ဇနီးမယားကို ခ်စ္ခင္သူျဖစ္မည္။ ဇနီးသည္၏ ၾသဇာလႊမ္းမိုးမႈကို ခံရတတ္ပါသည္။

( 7 ) ညာဘက္ ပါးမို႔တြင္ စံပယ္တင္မွဲ႔ ရွိလွ်င္ မိန္းကေလးမ်ား စိတ္ဝင္စားျခင္းကို ခံရတတ္သည္။ မ်က္ႏွာပြင့္လန္း တတ္ပါသည္။ ေလာကကို တရားသေဘာျဖင့္ ရႈျမင္တတ္ေသာသူ ျဖစ္သည္။ အသက္ႀကီးရင့္လာလွ်င္ ရေသ ရဟန္း ျပဳတတ္သည္။ အမ်ားအက်ိဳး Aဆာင္သည့္ သာသနာျပဳေသာ ပုဂၢိဳလ္ ျဖစ္တတ္ပါသည္။


( 8 ) ဘယ္ဘက္ ပါးေပၚတြင္ စံပယ္တင္မွဲ႔ ရွိလွ်င္ မိန္းမေခ်ာမ်ား (သို႔မဟုတ္) ထင္ရွား ေက်ာ္ၾကားေသာ မိန္းမႏွင့္ အိမ္ေထာင္က် တတ္ပါသည္။ မိန္းမတို႔၏ ခ်စ္ခင္စြဲျခင္းကို အထူးသျဖင့္ ခံယူရတတ္ပါသည္။

( 9 ) ညာဘက္ ပါးျပင္၌ ေအာက္ဘက္နားတြင္ မွဲ႔ရွိလွ်င္ ခ်မ္းသာလွ်င္လည္း ခဏတာမွ်သာ ျဖစ္သည္။ ဆင္းရျပင္ပန္းတတ္သည္။

( 10 ) ဘယ္ဘက္ ပါးျပင္ေအာက္တြင္ ထင္ရွားစြာ မွဲ႔ရွိလွ်င္ ခ်မ္းသာ ႀကီးပြားတတ္သည္။ မည္သည့္ အလုပ္မဆို ေအာင္ျမင္၍ နာမည္ေက်ာ္ၾကား တတ္ပါသည္။

( 11 ) ေမးေစ့ တည့္တည့္တြင္ မွဲ႔ရွိလွ်င္ ကိုယ္ပိုင္ လုပ္ငန္းျဖင့္ ႀကီးပြားခ်မ္းသာ တတ္ပါသည္။ သတင္းေကာင္းျဖင့္ ေက်ာ္ၾကား ေအာင္ျမင္မည္။

( 12 ) ေမးေစ့နား တဝိုက္တြင္ ထင္ရွားေသာ မွဲ႔ရွိလွ်င္ ဒုကၡဆင္းရဲ အမ်ိဳးမ်ိဳးတို႔ကို ႀကံဳေတြ႔ရတတ္ျပီး ေနာက္ဆံုးတြင္ ေအာင္ျမင္တတ္သည္။ ကမၻာေက်ာ္သည့္ ပုဂၢိဳလ္ထူးမ်ားတြင္လည္း ပါရွိသည္။

( 13 ) မ်က္ရည္ စီးက်ရာ လမ္းေၾကာင့္တည့္တည့္ (ဝဲ, ယာ) တြင္ မွဲ႔ရွိလွ်င္ မယားဆံုးတတ္သည္။ (သို႔မဟုတ္) အိမ္ေထာင္ေရး ညံ႔တတ္သည္။ စီးပြားရွာရာတြင္ ပင္ပန္းတတ္ပါသည္။

( 14 ) လည္ပင္းတြင္ မွဲ႔ရွိလွ်င္ ခ်မ္းသာ ႀကီးပြားတတ္သည္။ အလုပ္အကိုင္ အၾကံအစည္ ေအာင္ျမင္တတ္သည္။ ဆင္းရဲလွ်င္လည္း ခဏသာျဖစ္၍ မေမွ်ာ္လင့္ မထင္မွတ္ေသာ အေၾကာင္းတခုခုျဖင့္ ျပန္လည္ ခ်မ္းသာတတ္ပါသည္။

( 15 ) ဘယ္, ညာ လက္ေမာင္း (သို႔မဟုတ္) လက္ဖ်ံ ဘယ္, ညာတြင္ မွဲ႔ရွိလွ်င္ ဆင္းရဲသူျဖစ္ပါက လူလတ္တန္းစား ဘဝျဖင့္ အဆင္ေျပတတ္သည္။ အလယ္အလတ္တန္း အဆင့္ျဖစ္လွ်င္ ေဇာတိက သူေဌးကဲ့သို႔ ခ်မ္းသာၾကြယ္ဝေသာ သူေဌး ျဖစ္တတ္ပါသည္။


( 16 ) ရင္ဘတ္ ဘယ္ဘက္ႏွင့္ ညာဘက္တြင္ မွဲ႔တလံုးစီ ရွိ၍ ရင္ဘတ္အလယ္ တည့္တည့္တြင္ မွဲ႔တလံုး၊ ခါးနားတြင္ မွဲ႔တလံုး၊ ပါရွိျခင္းကို မွဲ႔စလြယ္ဟု ေခၚဆိုသည္။ အသက္ရွည္၍ ဗဟုသုတ ဉာဏ္အေျမာ္အျမင္ ႀကီးမားေသာ ေရွးလူႀကီးမ်ား၊ ရေသ့ ပညာရွိႀကီးမ်ား၏ အဆိုအမိန္႔အရ ေယာက်္ားတြင္ မွဲ႔စလြယ္ ရွိျခင္းသည္ ယခင္ ဘဝေဟာင္းက မင္းျဖစ္ခဲ့သူ ျဖစ္သည္ဟု အဆိုအမိန္႔ ရွိၾက၏။ မွဲ႔စလြယ္ ပါရွိေသာသူသည္ ဆင္းရဲဒုကၡႏွင့္ မၾကံဳရဘဲ အဆင့္အတန္းျမင့္သည္ ့ဘဝမ်ိဳးႏွင့္ ေနႏိုင္ရလိမ့္မည္။ လူအမ်ား၏ ၾကည္ညိဳေလးစားျခင္းကို ခံရတတ္သည္။ ဇနီးမယားအေပၚတြင္ ၾသဇာေညာင္း တတ္ပါသည္။

( 17 ) ဘယ္ဘက္ (သို႔မဟုတ္) ညာဘက္ ေပါင္တြင္ မွဲ႔ရွိလွ်င္ လ်င္ျမန္ ဖ်တ္လတ္သူ ျဖစ္တတ္သည္။ လူမႈေရး ကိစၥ အဝဝကို သိနားလည္ျပီး အကင္းပါးသူ ျဖစ္တတ္သည္။

( 18 ) တင္ပါး၏ ဘယ္ဘက္ (သို႔မဟတု္) ညာဘက္တြင္ မွဲ႔ရွိလွ်င္ အရွက္အေၾကာက္ အလြန္ႀကီးတတ္ပါသည္။ စိတ္သေဘာထား ႏုတတ္သည္။ ေယာက်္ား ျဖစ္ပါလ်က္ႏွင့္ တခါတရံတြင္ မိန္းမဆန္ေသာ အျပဳအမူ အေနအထိုင္မ်ားကို ေတြ႔ရတတ္သည္။

( 19 ) ေယာက်္ားတန္ဆာ ထိပ္ဖူးနားတြင္ မွဲ႔ ရွိလွ်င္ မိန္းမတို႔၏ ခ်စ္ခင္စြဲလမ္း ႏွစ္သက္ျခင္းကို ခံစားရတတ္ပါသည္။ ေရွးဆရာႀကီးမ်ား၏ အဆိုအမိန္႔အရ မွဲ႔မ်ားေလ ပို၍ အစြမ္းထက္ေလဟု ဆိုၾက၏။ ထိပ္ဖူးနားတြင္ မွဲ ႔ႏွစ္လံုးထက္ပိုလွ်င္ အိမ္ေထာင္ဆက္ မ်ားတတ္သည္။ တန္ဆာ၏ အရင္းပိုင္းတြင္ မွဲ႔ပါရွိလွ်င္ မွဲ႔မပါသကဲ့သို႔ပင္ စြမ္းအား မရွိဟု မွတ္ယူရပါမည္။

( 20 ) ေျခဖဝါး အလည္တည့္တည့္တြင္ မွဲ႔ရွိလွ်င္ တေနရာတည္းတြင္ အတည္တက် မေနရဘဲ ေျခသလံုးအိမ္တိုင္ ဘဝျဖင့္ သြားလာေနထိုင္ရကာ ဘဝဆံုးပါးပ်က္စီးတတ္ပါသည္။

( 21 ) ဘယ္ (သို႔မဟုတ္) ညာ ေျခဖမိုးတြင္ မွဲ ့မ်ားစြာ ပါရွိလွ်င္ သူရဲေကာင္းျဖစ္တတ္သည္။ (သို႔မဟုတ္) လူဆိုး၊ ဓားျပ ျဖစ္တတ္ပါသည္။ တုတ္၊ ဓား၊ လွံ စသည့္ လက္နက္ ကိရိယာမ်ားကို ေဆာင္ထားတတ္သည္။ တိုက္ခိုက္ေရး ပညာမ်ားတြင္လည္း ဝါသနာပါ၍ ပညာရွင္ျဖစ္တတ္သည္။


( 22 ) ရင္ညြန္႔ တည့္တည့္တြင္ ထင္ရွားေသာ မွဲ႔ရွိလွ်င္ သူေတာ္ေကာင္း သူျမတ္ေလာင္း ျဖစ္တတ္သည္။ တရားဓမၼ ႏွလံုးသြင္းတတ္သည္။ ေလာကီ သမထ စ်ာန္တန္ခိုးဘက္သို႔ လိုက္စားတတ္သည္။ သိဒၶိ မဟိဒၶိ တန္ခိုးမ်ား ရ၍ ေပါက္ေျမာက္ႏိုင္သည္။

( 23 ) ညာဘက္လက္တြင္ မွဲ႔ ပါရွိလွ်င္ ေငြေၾကးကို အေၾကာင္းျပဳ၍ အမႈျဖစ္တတ္ပါသည္။ ကပ္ေစးႏွဲသူ၊ မိမိကိုယ္က်ိဳး တခုတည္းကိုသာ ၾကည့္ျမင္တတ္သူ ျဖစ္တတ္ပါသည္။

( 24 ) လက္ဖဝါးျပင္၏ ဘယ္ ညာ ႏွစ္ဖက္စလံုး၏ အလယ္ တည့္တည့္တြင္ ထူးထူးျခားျခား မွဲ႔အစိမ္းတလံုး ပါရွိလွ်င္ လူအမ်ား၏ ၾကည္ညိဳေလးစားျခင္း ခံရေသာ ဘုန္းရွင္၊ ကံရွင္၊ ပါရမီရွင္ ျဖစ္တတ္ပါသည္။ ဝိဇၨာဓိုရ္၊ သိဒၶိရွင္၊ မဟိဒၶိရွင္ ပုဂၢိဳလ္မ်ားႏွင့္ ပ႒ာန္းဆက္ ရွိသူျဖစ္သည္။ ဝိဇၨာလမ္းသို႔ လိုက္စားလွ်င္ ဆရာသမားေကာင္းႏွင့္ ေတြ႔ျပီး သိဒၶိရတတ္ပါသည္။


---------------------------------------------

မိန္းမတို႔၏ မွဲ႔ တည္ေနရာႏွင္႔ အေဟာ


( 1 ) နဖူးျပင္၏ မ်က္ခံုးအထက္နားတြင္ မွဲ႔မည္း တလံုးတည္း ရွိလွ်င္ ဂုဏ္ဓနႏွင့္ ေက်ာ္ေစာေသာ လင္ေယာက်္ားကို ရတတ္သည္။ အိမ္ေထာင္ဆက္ မ်ားတတ္သည္။ သားေယာက်္ားမ်ား ထြန္းကားသည့္မိခင္ ျဖစ္ပါလိမ့္မည္။

( 2 ) ညာဘက္ နားထင္ မ်က္ခံုး၏ အနီးအနား ပတ္ဝန္းက်င္တြင္ မွဲ႔ ရွိလွ်င္ ငယ္ရြယ္စဥ္က ဆင္းရဲ၍ ႀကီးေသာ ခ်မ္းသာ တတ္ပါသည္။ အိုဇာတာ ကံေကာင္းမည္။ မိမိၾသဇာကို နာခံမည့္ လင္ေယာက်္ားအား ရတတ္သည္။ အလုပ္အကိုင္ မွန္သမွ်ကို ဦးစီးဦးေဆာင္ ျပဳလုပ္တတ္သည္။ သားေယာက်္ားေလး ေမြးၿပီး အက်ိဳးေပးတတ္သည္။

( 3 ) အထက္ႏွဳတ္ခမ္း (သို႔) ေအာက္ႏႈတ္ခမ္း အနီးတဝို္က္တြင္ မွဲ႔ ရွိလွ်င္ မိမိကို ခ်စ္ျမတ္ႏိုးေသာ ေယာက်္ားမ်ား ေပါမ်ားတတ္သည္။ ေယာက်္ားမ်ား၏ ႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္ႏိုးျခင္းကို ခံရမည္။ မိမိကိုယ္တိုင္လည္း အခ်စ္ႏွင့္ ပတ္သက္လွ်င္ အစြဲအလမ္းစိတ္ ႀကီးတတ္သည္။ အစားအေသာက္ေကာင္းမ်ားကို အထူးႀကိဳက္ႏွစ္သက္သူျဖစ္သည္။

( 4 ) ဘယ္ဘက္ ပါးျပင္မို႔တြင္ မွဲ႔ရွိလွ်င္ စိတ္ႏု၍ အညႇာလြယ္တတ္ပါသည္။ တဖက္သားေျပာလာသည့္စကားကို မစဥ္းစားဘဲ အယံုလြယ္တတ္ပါသည္။ ေယာက်္ားမ်ား၏ စိတ္ဝင္စားျခင္း၊ အေရးေပးျခင္းကို ခံရတတ္သည္။


( 5 ) ညာဘက္ ပါးျပင္မို႔တြင္ စံပယ္တင္မွဲ႔ ရွိလွ်င္ လူခ်စ္လူခင္ မ်ားတတ္သည္။ စန္းအလြန္ ပြင့္တတ္သည္။ လင္ေယာက်ာ္းအေပၚ သစၥာရွိတတ္သည္။ အလုပ္အကိုင္ အဆင္ေျပ၍ ေအာင္ျမင္ေက်ာ္ၾကားမည္။ ကံေကာင္းသူ ျဖစ္တတ္ပါသည္။

( 6 ) လည္ပင္းတြင္ မွဲ႔ရွိလွ်င္ ခ်မ္းသာၾကြယ္ဝတတ္ပါသည္။

( 7 ) ဘယ္ ညာ လက္ေမာင္း (သို႔) ဘယ္လက္ဖ်ံ ညာလက္ဖ်ံတြင္ မွဲ႔ရွိ္လွ်င္ ပင္ပင္ပန္းပန္း လုပ္ကိုင္စားေသာက္ျခင္း မျပဳရဘဲ ေအးေအးခ်မ္းခ်မ္းႏွင့္ ေနထိုင္ရတတ္ပါသည္။

( 8 ) ညာဘက္ သားျမတ္ (သို႔) ဘယ္ဘက္ သားျမတ္ေပၚတြင္ မွဲ႔တလံုးထက္ပိုျပီး မ်ားစြာရွိလွ်င္ ငယ္စဥ္က မိဘတို႔၏ စြန္႔ပစ္ျခင္းကို ခံရတတ္သည္။ ပစၥည္းခ်မ္းသာေသာ္လည္း စိတ္မခ်မ္းသာ ျဖစ္ရတတ္သည္။ ေလာဘရမၼက္ ႀကီးတတ္သည္။ မုဆိုးမ ျဖစ္တတ္ပါသည္။ ကံဆိုးတတ္ပါသည္။


( 9 ) ရင္၏ အလယ္ ဗဟိုတည့္တည့္တြင္ မွဲ႔ရွိလွ်င္ ပစၥည္းဥစၥာ ျပည့္စံုတတ္ပါသည္။ မိမိအေပၚ အလိုလိုက္ အႀကိဳက္ေဆာင္မည့္ လင္ေယာက်္ားကို ရတတ္သည္။ သားေကာင္း သမီးေကာင္း ထြန္းကားတတ္သည္။

( 10 ) မိန္းမေယာနိတြင္ ထင္ရွားစြာ မွဲ႔ ရွိလွ်င္ ရမၼက္ က်ဴးတတ္သည္။ လွ်ပ္ေပၚေလာ္လီ တတ္သည္။ မာယာပရိယာယ္ မ်ားတတ္ပါသည္။ မိမိရဲ႕စိတ္ကို မထိန္းႏိုင္လွ်င္ ဘဝပ်က္တတ္ပါသည္။

( 11 ) မွဲ႔စလြယ္ ပါရွိလွ်င္ ငယ္စဥ္က ဆင္းရဲေစကာမူ ခ်မ္းသာၾကြယ္ဝ လာတတ္သည္။ ကေတာ္မယား ျဖစ္တတ္ပါသည္။ လူသိမ်ားျပီး ထင္ရွားေက်ာ္ၾကားေသာ လင္ေယာက်ာ္းကို ရတတ္ပါသည္။ မည္မွ်ပင္ ဆိုးသြမ္းေသာ ေယာက်ာ္ား ျဖစ္ေစကာမူ မိမိ၏ ၾသဇာကို နာခံမည့္ လင္ေယာက်ာ္းႏွင့္ ေပါင္းဖက္ႏိုင္မည္ ျဖစ္သည္။

Credit: ေဗဒင္

(Unicode)



★ ★ ★ ★ ★ ★ ★

မှဲ့ တည်နေရာ လေးတေရဲ့ အဟောတွေပါ။ ကိုယ့်မှာ ပါတာလေးတွေနဲ့ တိုက်ကြည့်နိုင်ပါတယ်။

ယောကျ်ားလေး တို့ရဲ့ မှဲ့ တည်နေရာနှင့် အဟော....

( 1 ) နဖူးပြင် တည့်တည့်တွင် မှဲ့ ရှိခဲ့လျှင် ငွေကြေးနှင့် ပတ်သက်၍ အစွပ်အစွဲ ခံရတတ်သည်။ ပူပင်သောက များလိမ့်မည်။ မိမိတွင် ရှိသည်ထက် ပို၍ လူအများက ချမ်းသာသည် ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခနှင့် တွေ့ရတတ်ပါသည်။

( 2 ) ညာဘက် မျက်ခုံးမွေးပေါ်တွင် မှဲ့ ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ် အဝဝကို သုံးဆောင် ခံစားရတတ်သည်။

( 3 ) ဘယ်ဘက် မျက်ခုံးမွေးအပေါ်တွင် မှဲ့ ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။ လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်း နှစ်သက်တတ်ပါသည်။

( 4 ) နှာခေါင်း တည့်တည့် ( နှာသီးထိပ်ဖျား) တွင် မှဲ့ ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှားပီး အောင်မြင်ကျော်ကြား တတ်ပါသည်။

( 5 ) ညာဘက် မျက်ခမ်းအောက်တွင် မှဲ့ရှိလျှင် မျက်နှာ ပွင့်လန်းတတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံကြား သနားစေ - ဟူသော ဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ ချစ်ခင်ခြင်း ခံရတတ်သည်။

( 6 ) ဘယ်ဘက် မျက်ခမ်း အောက်နားတွင် မှဲ့ ရှိလျှင် လူမုန်း များတတ်သည်။ အလုပ် လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံတွေ့ရတတ်သည်။ ငယ်စဉ် အခါက ဆင်းရဲဒုက ္ခအမျိုးမျိုး တွေ့ကြုံခဲ့ရလိမ့်မည်။ အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုး လုပ်တတ်သည်။ ဇနီးမယားကို ချစ်ခင်သူဖြစ်မည်။ ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်။

( 7 ) ညာဘက် ပါးမို့တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်း တတ်ပါသည်။ လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။ အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။ အများအကျိုး Aဆာင်သည့် သာသနာပြုသော ပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။


( 8 ) ဘယ်ဘက် ပါးပေါ်တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းမချောများ (သို့မဟုတ်) ထင်ရှား ကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျ တတ်ပါသည်။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည်။

( 9 ) ညာဘက် ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ ဆင်းရပြင်ပန်းတတ်သည်။

( 10 ) ဘယ်ဘက် ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာ ကြီးပွားတတ်သည်။ မည်သည့် အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည်။

( 11 ) မေးစေ့ တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင် လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြား အောင်မြင်မည်။

( 12 ) မေးစေ့နား တဝိုက်တွင် ထင်ရှားသော မှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့် ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည်။

( 13 ) မျက်ရည် စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ, ယာ) တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။ (သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည်။

( 14 ) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာ ကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။ ဆင်းရဲလျှင်လည်း ခဏသာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ပြန်လည် ချမ်းသာတတ်ပါသည်။

( 15 ) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်, ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစား ဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိက သူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသော သူဌေး ဖြစ်တတ်ပါသည်။


( 16 ) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ် တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောကျ်ားတွင် မှဲ့စလွယ် ရှိခြင်းသည် ယခင် ဘဝဟောင်းက မင်းဖြစ်ခဲ့သူ ဖြစ်သည်ဟု အဆိုအမိန့် ရှိကြ၏။ မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့်ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံရတတ်သည်။ ဇနီးမယားအပေါ်တွင် သြဇာညောင်း တတ်ပါသည်။

( 17 ) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန် ဖျတ်လတ်သူ ဖြစ်တတ်သည်။ လူမှုရေး ကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည်။

( 18 ) တင်ပါး၏ ဘယ်ဘက် (သို့မဟတု်) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။ စိတ်သဘောထား နုတတ်သည်။ ယောကျ်ား ဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူ အနေအထိုင်များကို တွေ့ရတတ်သည်။

( 19 ) ယောကျ်ားတန်ဆာ ထိပ်ဖူးနားတွင် မှဲ့ ရှိလျှင် မိန်းမတို့၏ ချစ်ခင်စွဲလမ်း နှစ်သက်ခြင်းကို ခံစားရတတ်ပါသည်။ ရှေးဆရာကြီးများ၏ အဆိုအမိန့်အရ မှဲ့များလေ ပို၍ အစွမ်းထက်လေဟု ဆိုကြ၏။ ထိပ်ဖူးနားတွင် မှဲ့နှစ်လုံးထက်ပိုလျှင် အိမ်ထောင်ဆက် များတတ်သည်။ တန်ဆာ၏ အရင်းပိုင်းတွင် မှဲ့ပါရှိလျှင် မှဲ့မပါသကဲ့သို့ပင် စွမ်းအား မရှိဟု မှတ်ယူရပါမည်။

( 20 ) ခြေဖဝါး အလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျ မနေရဘဲ ခြေသလုံးအိမ်တိုင် ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည်။

( 21 ) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။ (သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။ တုတ်၊ ဓား၊ လှံ စသည့် လက်နက် ကိရိယာများကို ဆောင်ထားတတ်သည်။ တိုက်ခိုက်ရေး ပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည်။


( 22 ) ရင်ညွန့် တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။ တရားဓမ္မ နှလုံးသွင်းတတ်သည်။ လောကီ သမထ ဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများ ရ၍ ပေါက်မြောက်နိုင်သည်။

( 23 ) ညာဘက်လက်တွင် မှဲ့ ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်။

( 24 ) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ် တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။ ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက် ရှိသူဖြစ်သည်။ ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည်။


---------------------------------------------

မိန်းမတို့၏ မှဲ့ တည်နေရာနှင့် အဟော

( 1 ) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်း တလုံးတည်း ရှိလျှင် ဂုဏ်ဓနနှင့် ကျော်စောသော လင်ယောကျ်ားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောကျ်ားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။

( 2 ) ညာဘက် နားထင် မျက်ခုံး၏ အနီးအနား ပတ်ဝန်းကျင်တွင် မှဲ့ ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာ တတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။ မိမိသြဇာကို နာခံမည့် လင်ယောကျ်ားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောကျ်ားလေး မွေးပြီး အကျိုးပေးတတ်သည်။

( 3 ) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောကျ်ားများ ပေါများတတ်သည်။ ယောကျ်ားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိကိုယ်တိုင်လည်း အချစ်နှင့် ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။

( 4 ) ဘယ်ဘက် ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။ တဖက်သားပြောလာသည့်စကားကို မစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်။ ယောကျ်ားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေးခြင်းကို ခံရတတ်သည်။


( 5 ) ညာဘက် ပါးပြင်မို့တွင် စံပယ်တင်မှဲ့ ရှိလျှင် လူချစ်လူခင် များတတ်သည်။ စန်းအလွန် ပွင့်တတ်သည်။ လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ ကံကောင်းသူ ဖြစ်တတ်ပါသည်။

( 6 ) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

( 7 ) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

( 8 ) ညာဘက် သားမြတ် (သို့) ဘယ်ဘက် သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏ စွန့်ပစ်ခြင်းကို ခံရတတ်သည်။ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။ လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။


( 9 ) ရင်၏ အလယ် ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောကျ်ားကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

( 10 ) မိန်းမယောနိတွင် ထင်ရှားစွာ မှဲ့ ရှိလျှင် ရမ္မက် ကျူးတတ်သည်။ လျှပ်ပေါ်လော်လီ တတ်သည်။ မာယာပရိယာယ် များတတ်ပါသည်။ မိမိရဲ့စိတ်ကို မထိန်းနိုင်လျှင် ဘဝပျက်တတ်ပါသည်။

( 11 ) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝ လာတတ်သည်။ ကတော်မယား ဖြစ်တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှပင် ဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏ သြဇာကို နာခံမည့် လင်ယောကျာ်းနှင့် ပေါင်းဖက်နိုင်မည် ဖြစ်သည်။

Credit: ဗေဒင်