မိန္းမႏိုင္နည္း


က်ဳပ္​တို႔ရြာထဲက ကို​ေသာင္​း​ေအးႀကီး
အသက္​ႀကီး ကာမွ ကံ​ေကာင္​းတယ္ ​​ေျပာမလား ၊
ကံဆိုးတယ္ ​​ေျပာမလားမသိ ...
မိန္​းမ ရသြား​ေလရဲ႕

ရသြားတာက ​​ေဈး​ေရာင္​းတဲ့ ကရင္​မ အပ်ိဳႀကီး
အ​ေျပာ ၾကမ္​းၾကမ္​းနဲ႔ကိုး

နွစ္​လ​ေလာက္ ​ၾကာ​ေတာ့
ငတိ က်ဳပ္​ဆီ ​ေပါက္​ခ်လာတယ္​​ေလ

" ငါ့​ေကာင္​ လုပ္​ပါဦး ... "

" ဟ ... ဘာလုပ္​ရမွာတုန္​း "

" ငါ့မိန္​းမကြာ
အ​ေျပာက ၾကမ္​းၾကမ္​း ၊ အ​ေပါက္​က ဆိုးဆိုးနဲ႔
ငါခ်ည္​း အ​ေအာ္​ခံ​ေနရတာ မဟန္​ဘူးကြ
မိန္​းမႏိုင္​နည္​း​ေလး ႐ွိရင္​ ​ေပးပါဦးကြာ "

ကိုင္​း ...
သူကလည္​း ​ေသာက တ​မ်ိဳး ...
ဆိုးတာက သူ႔ထက္​ က်ဳပ္​​ေသာကက ပိုႀကီးတယ္​​ေလ ...

က်ဳပ္​မွ မိန္​းမ မရ​ေသးတာကိုး
သို႔​ေပတည့္ အကူအညီ အ​ေတာင္​း ခံရတယ္​ ဆို​ေတာ့
႐ွိသမွ် မ​ေကာင္​းဉာဏ္​​ေလး ညႇစ္​ပစ္ ​ထုတ္​ရ​ေသးတာ​ေပါ့

" ဒီလိုလုပ္​​ဗ်ာ ... "

" ​ေအး ​ေျပာပါဟ "

" ခင္​​ဗ်ား အရက္​ ​ေသာက္​တတ္​လား "

" တယ္​ဆိုးတာ ကိုးကြ ...
ငါဘယ္​တုန္​းက ​ေသာက္​တယ္​ ၾကားဖူးလို႔တုန္​း "

" ​ေအး ... အခု ​ေသာက္​ရမယ္​​ဗ်ာ ...
မိန္​းမ ႏိုင္​ဖို႔ ​ေသာက္​ကို ​ေသာက္​ရမယ္​ ကိုင္​း ... "

" ခ်တာ​ေပါ့ကြာ ...
မူးမူးနဲ႔ ပါး​ေတြခ်ည္​း ဆြဲ႐ိုက္ ​ပစ္​မယ္​ "

အၾကံ​ေကာင္​းရင္​ တ​ခ်က္​ပဲ တဲ့​ေလ ...
ၾကားဖူးနားဝ က ႐ွိထားတာကိုး ...

က်ဳပ္​လည္​း လူ႐ိုးႀကီး ကို​ေသာင္​း​ေအးနဲ႔
ကပ္​ၿပီး အရက္ ​​ေသာက္​ရ​ေသးတာ​ေပါ့

ငတိ ျပန္​သြား​ေတာ့ ျပဲကြဲၿပီး သြားတာပဲ
က်ဳပ္​က သိပ္​မမူး​ေသး​ေတာ့ လိုက္​​ေခ်ာင္​းတာ​ေပါ့ ...

စၿပီ​ေလ အိမ္​​ေ႐ွ႕​ေရာက္​တာနဲ႔
ဟိုငမူးက ရန္​႐ွာ​ေတာ့တာပဲ ...

" ဟဲ့ ယဥ္​ယဥ္​လွ ... ထြက္​ခဲ့စမ္​း "

မၾကာဘူး ...
သူ​ေခၚၿပီး ခဏ​ေန တာနဲ႔
သူ႔မိန္​းမႀကီး လက္​ထဲမွ တံျမက္​စညး္​ကိုင္​လို႔ ထြက္​လာ​ေတာ့ တာပဲ

" ဘာတုန္​း ... "

" ဟဲ့ ... နင္​လာစမ္​း အနားလာစမ္​း "

" ျဖန္​း ... "

ငိ ... နိပ္​သဟ
ကို​ေသာင္​း​ေအးႀကီး အရက္ ​အ႐ွိန္​နဲ႔ ​ ေဆာ္​ကုန္​ၿပီ

" ​ေကာင္​မ ... အနားကို လာစမ္​းဆို "

" ျဖန္​း ... ျ​ဗန္​း "

အု ... နိပ္​သဟ
ဒီတ​ခါ ငတိအလွည့္ မဟုတ္​ဘူး ...
ကရင္​မႀကီးက တံျမက္​စည္​းနဲ႔ ႀကိတ္​တာ ...
ငတိခမ်ာ ​ေက်ာကို ​ေကာ့လို႔
သူမွ မထႏိုင္​ပဲ ကိုး

သံုးခ်က္​​ေလာက့္ ဆင့္႐ိုက္​ၿပီး​ေတာ့
ကို​ေသာင္​း​ေအးႀကီး လႈပ္​ကို မလႈပ္​​ေတာ့ဘူး ... ​

ေခ်ာင္​းၾကည္​့​ေနတဲ့ က်ဳပ္​​ေတာင္​ မ်က္​လံုး​ေတြ ျပာၿပီး ...
အမူးပါ ​ေျပသြားတယ္​ဆို ... အဟုတ္​

​ေနာက္​ရက္​ အမူး​ေျပ​ေတာ့ ...
ငတိ ၿပန္​​ေရာက္​ခ် လာတာပဲ

" ၿငိမ္​း​ေမာင္​ ... အၾကံ​ေပးပါဦးဟ "

" ဟို​ေန႔က ... အဆင္​မ​ေျပဘူးလား "

သိသိႀကီးနဲ႔​ ေမးတာ ...
ငတိ အ​ေဆာ္​ခံရတာ က်ဳပ္​ကိုယ္​တိုင္ ​ျမင္​ထားတာ ပဲ​ေလ ...

" ဘယ္​​ေျပရမလဲ ​ေမာင္​ရာ
တံျမက္​စည္​းနဲ႔ ႐ိုက္​တာ ဆိုတာ ...
ပက္​လက္​​ေတာင္ မလွန္​ႏိုင္​ဘူး
အ႐ိႈးရာ​ေတြကို ထပ္​လို႔ "

" ကိန္​ ... "

" ဒါ​ေပမယ့္ကြာ ...
ငါမူး​ေနလို႔ ခံလိုက္​ရတာပါ
တျခားနည္​းလမ္​း ​ေျပာကြာ "

" ​ေႁမြ ​ေမြးမလား "

" ဟမ့္ ... "

​ေျပာကာ႐ွိ​ေသး
ငတိက အ​ေနာက္​ကို ႏွစ္​​ေတာင္​​ေလာက္ ​ခုန္​ဆုတ္​ သြားတယ္​ ...

" မိန္​းမ​ေတြက ​ေႁမြ​ေၾကာက္​တယ္​​ေလ ...
ခင္​​ဗ်ား​ ေမြးထားလိုက္​ရင္​
ကိုင္​း ... အဲဒီမိန္​းမကို တ​သက္​လံုး ႏိုင္​ၿပီ "

" အဲ ... ဟုတ္​သဟ ...
ဒါနဲ႔ ​ေႁမြက ငါ့ကိုက္​ရင္​​ေရာ ... "

" အလွ​ေမြးတဲ့ ​ေႁမြ​ေတြ ႐ွိပါတယ္​​ဗ်ာ
မကိုက္​ဘူး​ေလ ... "

" ​ေအး ... ခ်ကြာ "

ငတိမွာ ... မိန္​းမ ႏိုင္​ခ်င္​​ေဇာနဲ႔
ခိုးထားတဲ့ ပိုက္​ဆံထဲက ငါး​ေသာင္​း​ေက်ာ္​နဲ႔ ​
ေႁမြတ​​ေကာင္ ​ဝယ္​သြားပါ​ေလ​ေရာ ...

ဒီတစ္​ခါ​ေတာ့ က်ဳပ္​မလိုက္​​ေတာ့ဘူး​ေလ ...
အဆင္​​ေျပမွာ ​ေသခ်ာၿပီကိုး

ည​ေန​ေလာက္ ​က်​ေတာ့ ငိုႀကီးခ်က္​မနဲ႔
ျပန္​​ေရာက္​ခ်လာတယ္​ ...

" အီး ... ဟီး ဟီး ... အီး "

" မရယ္​ပါနဲ႔​ဗ်ာ ... "

" ဟ ... ငို​ေနတာဟ ငို​ေနတာ ခီြးထဲ "

" ဘာျဖစ္​ျပန္​ၿပီလဲ​ဗ်ာ ... "

" ဘာျဖစ္​ရမလဲ
မင္​း​ေပးတဲ့ ငါး​ေသာင္​းတန္​​ေႁမြ​ေလ ...
ဟို​ငတိမ ​ေၾကာက္​မလားလို႔ သူ႔​ေ႐ွ႕ ထုတ္​ျပလိုက္​တာ ...
အား ... ဟား ... ကုန္​ပါၿပီ "

" ဟမ့္ ဘာျဖစ္​တာတုန္​း "

" ငါထုတ္​ျပတဲ့ ​ေႁမြကို ဟင္​းစားရၿပီ ဆိုၿပီး ...
ခ်က္​စားလိုက္​​ေလရဲ႕ကြာ
အား ... ဟီး ... ငီး "

" ခြစ္​ ... ဂစ္​ "

က်ဳပ္​မွာ ရယ္​ရမလို ငိုရမလိုနဲ႔ ... အၾကံ​ေပးရမွကို လန္​႔သလိုလို ျဖစ္​လာတယ္​​ေလ ...

ဘယ့္ႏွယ္​​ဗ်ာ ​ေႁမြကုိ မ​ေၾကာက္​တဲ့ အျပင္​ ခ်က္​စားသတဲ့

" ဒီလုိလုပ္​​ဗ်ာ ... "

" ငြဲ ... ဘိုလိုလုပ္​ရမလဲ "

" ခင္​​ဗ်ားမိန္​းမ ဘာ​ေၾကာက္​လဲ "

" ငါ ဘုန္​းႀကီး ဝတ္​သြားမွာကို ... "

" ဖီး ... ဘာလို႔တုန္​း "

" ျပန္​မထြက္​မွာ စိုးသတဲ့ ကြာ ... "

" ဒါ အခြင့္အ​ေရးပဲ​ဗ် ...
တ​လ​ေလာက္ ​ဝတ္​ျပလိုက္​​ဗ်ာ ...
ၿပီးရင္​ မထြက္​​ေတာ့ဘူး လို႔​ ေျခာက္​ ...
ဒါဆို ကိုယ္​လိုသလို ပံုသြင္​းလို႔ ၿပီ​ေပါ့​ဗ် ာ... "

" ဟ ... ဟုတ္​သဟ လုပ္​ၾကတာ​ေပါ့ကြာ "

ကို​ေသာင္​း​ေအးႀကီးကို အၾကံ​ေပးၿပီး ... ​
ေနာက္​တ​ရက္​မွာပဲ
က်ဳပ္​လဲ ရန္​ကုန္​ၿမိဳ႕တက္​ အလုပ္ ​လုပ္​ရ​ေတာ့တာပဲ ...

ငါးႏွစ္​ျပည့္လို႔ က်ဳပ္​ရြာထဲ ျပန္​​ေရာက္​​ေတာ့ ...

ရြာဦး​ေက်ာင္​း​ေ႐ွ႕မွာ
ဦးဇင္​း​ေသာင္​း​ေအး ခမ်ာ သကၤန္​းဝတ္​ႀကီးနဲ႔
တံျမက္​စည္​း လွဲ​ေန​ေလရဲ႕ ...။

" ဟာ ... ဦးဇင္​း သကၤန္​း ထပ္​ဝတ္​တာလား "

" ခီြး ... ဂ်င္​း​ေကာင္​
ထြက္​ကို မထြက္​ရ​ေသးတာ ကြ "

"​ ဗ် ာ... ဘယ့္ႏွ​ေၾကာင့္တုန္​း "

" ဦးဇင္​းဝတ္​တာ တစ္​လျပည့္​ေတာ့
ဟိုဒကာမက ထြက္​ဖို႔ လာ​ေလွ်ာက္​တယ္ ​​ေလ ...

မင့္အၾကံနဲ႔ ငါျငင္​းလႊတ္​​ေတာ့
ငတိမက ​ေနာက္​တ​ရက္​ လင္​ ထပ္​ယူပါ​ေလ​ေရာ

ငါ့ကို ဘယ္​လို ​ေျပာတယ္​ မွတ္​လဲ "

" ဘယ္​လို​ေျပာလဲ ဦးဇင္​း "

"​ ေလာကကို စိတ္​ကုန္​လို႔ တရား႐ွာမွ​ေတာ့
ျပန္​မထြက္​ပါနဲ႔​ေတာ့ တဲ့

႐ွိသမ်ွ ငါ့ပစၥည္​း​ေတြလဲ သူပဲ ယူလိုက္​​ၿပီ တဲ့​ေလ "

" ဘုရား ... "

" ငါ့မွာ မဝတ္​ခ်င္​လို႔ လူထြက္​​ေတာ့
နင့္​ေမဂ်ီး​ေတာ္​အိမ္​ သြား​ေနရမွာလား
ၿငိမ္​း​ေမာင္​ရဲ႕ ... "

ဦးဇင္​း​ေသာင္​း​ေအး တံျမက္​စည္​းႏွင့္ လိုက္​႐ိုက္​၍ ...
ကြၽႏ္​ုပ္မွာ​ အိမ္​သို႔ တ​ခ်ိဳးတည္​း ​ေျပးခဲ့ရ​ေလ​ေတာ့သည္​ ...။

က​ေတာက္​စ္​!

😁😁😁
nnnt ၿငိမ္​း​ေမာင္​

(Unicode)



ကျုပ်တို့ရွာထဲက ကိုသောင်းအေးကြီး

အသက်ကြီး ကာမှ ကံကောင်းတယ် ပြောမလား ၊
ကံဆိုးတယ် ပြောမလားမသိ ...
မိန်းမ ရသွားလေရဲ့

ရသွားတာက ဈေးရောင်းတဲ့ ကရင်မ အပျိုကြီး
အပြော ကြမ်းကြမ်းနဲ့ကိုး

နှစ်လလောက် ကြာတော့
ငတိ ကျုပ်ဆီ ပေါက်ချလာတယ်လေ

" ငါ့ကောင် လုပ်ပါဦး ... "

" ဟ ... ဘာလုပ်ရမှာတုန်း "

" ငါ့မိန်းမကွာ
အပြောက ကြမ်းကြမ်း ၊ အပေါက်က ဆိုးဆိုးနဲ့
ငါချည်း အအော်ခံနေရတာ မဟန်ဘူးကွ
မိန်းမနိုင်နည်းလေး ရှိရင် ပေးပါဦးကွာ "

ကိုင်း ...
သူကလည်း သောက တမျိုး ...
ဆိုးတာက သူ့ထက် ကျုပ်သောကက ပိုကြီးတယ်လေ ...

ကျုပ်မှ မိန်းမ မရသေးတာကိုး
သို့ပေတည့် အကူအညီ အတောင်း ခံရတယ် ဆိုတော့
ရှိသမျှ မကောင်းဉာဏ်လေး ညှစ်ပစ် ထုတ်ရသေးတာပေါ့

" ဒီလိုလုပ်ဗျာ ... "

" အေး ပြောပါဟ "

" ခင်ဗျား အရက် သောက်တတ်လား "

" တယ်ဆိုးတာ ကိုးကွ ...
ငါဘယ်တုန်းက သောက်တယ် ကြားဖူးလို့တုန်း "

" အေး ... အခု သောက်ရမယ်ဗျာ ...
မိန်းမ နိုင်ဖို့ သောက်ကို သောက်ရမယ် ကိုင်း ... "

" ချတာပေါ့ကွာ ...
မူးမူးနဲ့ ပါးတွေချည်း ဆွဲရိုက် ပစ်မယ် "

အကြံကောင်းရင် တချက်ပဲ တဲ့လေ ...
ကြားဖူးနားဝ က ရှိထားတာကိုး ...

ကျုပ်လည်း လူရိုးကြီး ကိုသောင်းအေးနဲ့
ကပ်ပြီး အရက် သောက်ရသေးတာပေါ့

ငတိ ပြန်သွားတော့ ပြဲကွဲပြီး သွားတာပဲ
ကျုပ်က သိပ်မမူးသေးတော့ လိုက်ချောင်းတာပေါ့ ...

စပြီလေ အိမ်ရှေ့ရောက်တာနဲ့
ဟိုငမူးက ရန်ရှာတော့တာပဲ ...

" ဟဲ့ ယဉ်ယဉ်လှ ... ထွက်ခဲ့စမ်း "

မကြာဘူး ...
သူခေါ်ပြီး ခဏနေ တာနဲ့
သူ့မိန်းမကြီး လက်ထဲမှ တံမြက်စည်းကိုင်လို့ ထွက်လာတော့ တာပဲ

" ဘာတုန်း ... "

" ဟဲ့ ... နင်လာစမ်း အနားလာစမ်း "

" ဖြန်း ... "

ငိ ... နိပ်သဟ
ကိုသောင်းအေးကြီး အရက် အရှိန်နဲ့  ဆော်ကုန်ပြီ

" ကောင်မ ... အနားကို လာစမ်းဆို "

" ဖြန်း ... ဗြန်း "

အု ... နိပ်သဟ
ဒီတခါ ငတိအလှည့် မဟုတ်ဘူး ...
ကရင်မကြီးက တံမြက်စည်းနဲ့ ကြိတ်တာ ...
ငတိခမျာ ကျောကို ကော့လို့
သူမှ မထနိုင်ပဲ ကိုး

သုံးချက်လောက့် ဆင့်ရိုက်ပြီးတော့
ကိုသောင်းအေးကြီး လှုပ်ကို မလှုပ်တော့ဘူး ...

ချောင်းကြည့်နေတဲ့ ကျုပ်တောင် မျက်လုံးတွေ ပြာပြီး ...
အမူးပါ ပြေသွားတယ်ဆို ... အဟုတ်

နောက်ရက် အမူးပြေတော့ ...
ငတိ ပြန်ရောက်ချ လာတာပဲ

" ငြိမ်းမောင် ... အကြံပေးပါဦးဟ "

" ဟိုနေ့က ... အဆင်မပြေဘူးလား "

သိသိကြီးနဲ့ မေးတာ ...
ငတိ အဆော်ခံရတာ ကျုပ်ကိုယ်တိုင် မြင်ထားတာ ပဲလေ ...

" ဘယ်ပြေရမလဲ မောင်ရာ
တံမြက်စည်းနဲ့ ရိုက်တာ ဆိုတာ ...
ပက်လက်တောင် မလှန်နိုင်ဘူး
အရှိုးရာတွေကို ထပ်လို့ "

" ကိန် ... "

" ဒါပေမယ့်ကွာ ...
ငါမူးနေလို့ ခံလိုက်ရတာပါ
တခြားနည်းလမ်း ပြောကွာ "

" မြွေ မွေးမလား "

" ဟမ့် ... "

ပြောကာရှိသေး
ငတိက အနောက်ကို နှစ်တောင်လောက် ခုန်ဆုတ် သွားတယ် ...

" မိန်းမတွေက မြွေကြောက်တယ်လေ ...
ခင်ဗျား မွေးထားလိုက်ရင်
ကိုင်း ... အဲဒီမိန်းမကို တသက်လုံး နိုင်ပြီ "

" အဲ ... ဟုတ်သဟ ...
ဒါနဲ့ မြွေက ငါ့ကိုက်ရင်ရော ... "

" အလှမွေးတဲ့ မြွေတွေ ရှိပါတယ်ဗျာ
မကိုက်ဘူးလေ ... "

" အေး ... ချကွာ "

ငတိမှာ ... မိန်းမ နိုင်ချင်ဇောနဲ့
ခိုးထားတဲ့ ပိုက်ဆံထဲက ငါးသောင်းကျော်နဲ့
မြွေတကောင် ဝယ်သွားပါလေရော ...

ဒီတစ်ခါတော့ ကျုပ်မလိုက်တော့ဘူးလေ ...
အဆင်ပြေမှာ သေချာပြီကိုး

ညနေလောက် ကျတော့ ငိုကြီးချက်မနဲ့
ပြန်ရောက်ချလာတယ် ...

" အီး ... ဟီး ဟီး ... အီး "

" မရယ်ပါနဲ့ဗျာ ... "

" ဟ ... ငိုနေတာဟ ငိုနေတာ ခွီးထဲ "

" ဘာဖြစ်ပြန်ပြီလဲဗျာ ... "

" ဘာဖြစ်ရမလဲ
မင်းပေးတဲ့ ငါးသောင်းတန်မြွေလေ ...
ဟိုငတိမ ကြောက်မလားလို့ သူ့ရှေ့ ထုတ်ပြလိုက်တာ ..
အား ... ဟား ... ကုန်ပါပြီ "

" ဟမ့် ဘာဖြစ်တာတုန်း "

" ငါထုတ်ပြတဲ့ မြွေကို ဟင်းစားရပြီ ဆိုပြီး ...
ချက်စားလိုက်လေရဲ့ကွာ
အား ... ဟီး ... ငီး "

" ခွစ် ... ဂစ် "

ကျုပ်မှာ ရယ်ရမလို ငိုရမလိုနဲ့ ... အကြံပေးရမှကို လန့်သလိုလို ဖြစ်လာတယ်လေ ...

ဘယ့်နှယ်ဗျာ မြွေကို မကြောက်တဲ့ အပြင် ချက်စားသတဲ့

" ဒီလိုလုပ်ဗျာ ... "

" ငွဲ ... ဘိုလိုလုပ်ရမလဲ "

" ခင်ဗျားမိန်းမ ဘာကြောက်လဲ "

" ငါ ဘုန်းကြီး ဝတ်သွားမှာကို ... "

" ဖီး ... ဘာလို့တုန်း "

" ပြန်မထွက်မှာ စိုးသတဲ့ ကွာ ... "

" ဒါ အခွင့်အရေးပဲဗျ ...
တလလောက် ဝတ်ပြလိုက်ဗျာ ...
ပြီးရင် မထွက်တော့ဘူး လို့ ခြောက် ...
ဒါဆို ကိုယ်လိုသလို ပုံသွင်းလို့ ပြီပေါ့ဗျ ာ... "

" ဟ ... ဟုတ်သဟ လုပ်ကြတာပေါ့ကွာ "

ကိုသောင်းအေးကြီးကို အကြံပေးပြီး ...
နောက်တရက်မှာပဲ
ကျုပ်လဲ ရန်ကုန်မြို့တက် အလုပ် လုပ်ရတော့တာပဲ ...

ငါးနှစ်ပြည့်လို့ ကျုပ်ရွာထဲ ပြန်ရောက်တော့ ...

ရွာဦးကျောင်းရှေ့မှာ
ဦးဇင်းသောင်းအေး ခမျာ သင်္ကန်းဝတ်ကြီးနဲ့
တံမြက်စည်း လှဲနေလေရဲ့ ...။

" ဟာ ... ဦးဇင်း သင်္ကန်း ထပ်ဝတ်တာလား "

" ခွီး ... ဂျင်းကောင်
ထွက်ကို မထွက်ရသေးတာ ကွ "

" ဗျ ာ... ဘယ့်နှကြောင့်တုန်း "

" ဦးဇင်းဝတ်တာ တစ်လပြည့်တော့
ဟိုဒကာမက ထွက်ဖို့ လာလျှောက်တယ် လေ ...

မင့်အကြံနဲ့ ငါငြင်းလွှတ်တော့
ငတိမက နောက်တရက် လင် ထပ်ယူပါလေရော

ငါ့ကို ဘယ်လို ပြောတယ် မှတ်လဲ "

" ဘယ်လိုပြောလဲ ဦးဇင်း "

" လောကကို စိတ်ကုန်လို့ တရားရှာမှတော့
ပြန်မထွက်ပါနဲ့တော့ တဲ့

ရှိသမျှ ငါ့ပစ္စည်းတွေလဲ သူပဲ ယူလိုက်ပြီ တဲ့လေ "

" ဘုရား ... "

" ငါ့မှာ မဝတ်ချင်လို့ လူထွက်တော့
နင့်မေဂျီးတော်အိမ် သွားနေရမှာလား
ငြိမ်းမောင်ရဲ့ ... "

ဦးဇင်းသောင်းအေး တံမြက်စည်းနှင့် လိုက်ရိုက်၍ ...
ကျွန်ုပ်မှာ အိမ်သို့ တချိုးတည်း ပြေးခဲ့ရလေတော့သည် ...။

ကတောက်စ်!

😁😁😁
nnnt ငြိမ်းမောင်

Post a Comment

0 Comments

close