တခါက လင္မယားႏွစ္ေယာက္ ရွိသတဲ့ ။ အသက္အရြယ္ ႀကီးလာၿပီ ျဖစ္တဲ့အတြက္ ေယာက္်ား ျဖစ္သူက သူ႕မိန္းမ နားမေကာင္းေတာ့ဘူး လို႔ သံသယ ျဖစ္မိသတဲ့ ။

သူေျပာလိုက္တဲ့ စကားေတြကို မၾကား သလိုလို ျပန္မေျပာ သလိုလို ျဖစ္ေနတဲ့ အတြက္ မိသားစု ဆရာဝန္ နဲ႕တိုင္ပင္ၾကည့္ရ တာေပါ့ ။

ဆရာဝန္ ကေတာ့ အႀကံတစ္ခု ေပးပါတယ္ ။ ခင္ဗ်ားမိန္းမရဲ႕ အၾကားအာရံုကို စမ္းသပ္ၾကည့့္ပါ ေပါ့ ။ ပထမ ေပ ၄၀ ေလာက္ အကြာကေန ပံုမွန္ ေျပာေနက် ေလသံနဲ႕ တခုခု လွမ္းေမးလိုက္ပါ ။ သူျပန္မေျပာဘူး ဆိုရင္ ေပ ၃၀ ကေန ေျပာ ၊ အဲဒါေတာင္ မၾကားေသးဘူး ဆိုရင္ တျဖည္းျဖည္း အနား ကပ္ၿပီး ေျပာၾကည့္ေပါ့ ။

အဲဒီလိုနဲ႕ ညေန သူ႕မိန္းမ ညစာ ခ်က္ေနတဲ့ အခ်ိန္မွာ သူက ေပ ၄၀ ေလာက္ေဝးတဲ့ အိမ္ေရွ႕ကေန ၿပီးေတာ့ " မိန္းမေရ ညစာ ဘာဟင္းခ်က္လဲ " လို႕ ေမးပါတယ္ ။

သူ႕မိန္းမ ဆီက ဘာအသံမွ မၾကားရပါဘူး ။ ဒါနဲ႕ ေပ ၃၀ ေလာက္ ေဝးတဲ့ အိမ္လယ္ခန္း ေလာက္ဆီ သြားၿပီးေတာ့ ညစာ ဘာဟင္းလဲ လို႔ ေမးပါတယ္ ။ ဘာသံမွ မၾကားပါဘူး ။

ဒါနဲ႕ ေပ ၂၀ ေလာက္ ေဝးတဲ့ ေလွကားနား ကေန ထပ္ေမးပါတယ္ ။ မၾကားပါဘူး ။ ေနာက္ေတာ့ စိတ္မရွည္တာနဲ႕ မီးဖိုေခ်ာင္ တံခါးနားကေန လွမ္းေမး ပါတယ္ ။ ဘာမွ မၾကားပါဘူး ။

သူကေတာ့ ငါ့မိန္းမေတာ့ ေတာ္ေတာ္ နားကန္းေနၿပီဟ ဆိုၿပီးေတာ့ ေဒါသေတြ ထြက္ေနပါတယ္ ။ နားႏွာေခါင္း ေဆးရံုကို ပို႕ဖို႕ လိုေနၿပီလို႕ ထင္လိုက္ ပါတယ္ ။

အဲဒါနဲ႕ သူ႕မိန္းမ ေဘးနားကို သြားၿပီး ညစာ ဘာခ်က္လဲ လို႕ ေျပာလိုက္ ပါတယ္ ။

အဲဒီအခါ သူ႕မိန္းမက " ေယာက္်ားေရ ရွင္ဘာျဖစ္ေနတာလဲ ... ကၽြန္မ ငါးခါစလံုး ၾကက္သား ခ်က္တယ္လို႕ ျပန္ေျဖတယ္ေလ " လို႕ ေျပာလိုက္ပါတယ္ ။

တခါတေလမွာ ကိုယ္က ျဖစ္ေနတာကို သတိ မထားမိဘဲ သူမ်ားအေပၚ လက္ညိဳး ထိုးခ်င္တဲ့ စိတ္ဓါတ္ေလးေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္ ။

MgSai

(Unicode)

နားပင်းနေတဲ့သူ



တခါက လင်မယားနှစ်ယောက် ရှိသတဲ့ ။ အသက်အရွယ် ကြီးလာပြီ ဖြစ်တဲ့အတွက် ယောက်ျား ဖြစ်သူက သူ့မိန်းမ နားမကောင်းတော့ဘူး လို့ သံသယ ဖြစ်မိသတဲ့ ။

သူပြောလိုက်တဲ့ စကားတွေကို မကြား သလိုလို ပြန်မပြော သလိုလို ဖြစ်နေတဲ့ အတွက် မိသားစု ဆရာဝန် နဲ့တိုင်ပင်ကြည့်ရ တာပေါ့ ။

ဆရာဝန် ကတော့ အကြံတစ်ခု ပေးပါတယ် ။ ခင်ဗျားမိန်းမရဲ့ အကြားအာရုံကို စမ်းသပ်ကြည့်ပါ ပေါ့ ။ ပထမ ပေ ၄၀ လောက် အကွာကနေ ပုံမှန် ပြောနေကျ လေသံနဲ့ တခုခု လှမ်းမေးလိုက်ပါ ။ သူပြန်မပြောဘူး ဆိုရင် ပေ ၃၀ ကနေ ပြော ၊ အဲဒါတောင် မကြားသေးဘူး ဆိုရင် တဖြည်းဖြည်း အနား ကပ်ပြီး ပြောကြည့်ပေါ့ ။

အဲဒီလိုနဲ့ ညနေ သူ့မိန်းမ ညစာ ချက်နေတဲ့ အချိန်မှာ သူက ပေ ၄၀ လောက်ဝေးတဲ့ အိမ်ရှေ့ကနေ ပြီးတော့ " မိန်းမရေ ညစာ ဘာဟင်းချက်လဲ " လို့ မေးပါတယ် ။

သူ့မိန်းမ ဆီက ဘာအသံမှ မကြားရပါဘူး ။ ဒါနဲ့ ပေ ၃၀ လောက် ဝေးတဲ့ အိမ်လယ်ခန်း လောက်ဆီ သွားပြီးတော့ ညစာ ဘာဟင်းလဲ လို့ မေးပါတယ် ။ ဘာသံမှ မကြားပါဘူး ။

ဒါနဲ့ ပေ ၂၀ လောက် ဝေးတဲ့ လှေကားနား ကနေ ထပ်မေးပါတယ် ။ မကြားပါဘူး ။ နောက်တော့ စိတ်မရှည်တာနဲ့ မီးဖိုချောင် တံခါးနားကနေ လှမ်းမေး ပါတယ် ။ ဘာမှ မကြားပါဘူး ။

သူကတော့ ငါ့မိန်းမတော့ တော်တော် နားကန်းနေပြီဟ ဆိုပြီးတော့ ဒေါသတွေ ထွက်နေပါတယ် ။ နားနှာခေါင်း ဆေးရုံကို ပို့ဖို့ လိုနေပြီလို့ ထင်လိုက် ပါတယ် ။

အဲဒါနဲ့ သူ့မိန်းမ ဘေးနားကို သွားပြီး ညစာ ဘာချက်လဲ လို့ ပြောလိုက် ပါတယ် ။

အဲဒီအခါ သူ့မိန်းမက " ယောက်ျားရေ ရှင်ဘာဖြစ်နေတာလဲ ... ကျွန်မ ငါးခါစလုံး ကြက်သား ချက်တယ်လို့ ပြန်ဖြေတယ်လေ " လို့ ပြောလိုက်ပါတယ် ။

တခါတလေမှာ ကိုယ်က ဖြစ်နေတာကို သတိ မထားမိဘဲ သူများအပေါ် လက်ညိုး ထိုးချင်တဲ့ စိတ်ဓါတ်လေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

MgSai