ေၾကးစားလူမိုက္မ်ား ငွားၿပီး လုပ္ငန္းရွင္ တဦးကို ၿခိမ္းေျခာက္ အေႂကြးေတာင္း


လုပ္ငန္းရွင္ တဦးထံမွ အေႂကြး ရရန္ရွိ၍ ေၾကးစားလူမိုက္ ၁၀ ဦးခန္႔ ငွားရမ္းၿပီး ႐ံုးသို႔ လာ၍ ၿခိမ္းေျခာက္ အေႂကြးေတာင္းသည့္ ျဖစ္စဥ္ အလံုၿမိဳ႕နယ္ ဗဟို လမ္းမေပၚရွိ ကုမၸဏီ ႐ံုးခန္း တခုတြင္ ယမန္ေန႔ညက ျဖစ္ပြားခဲ့သည္ ။

Bapco စက္သံုးဆီ ျဖန္႔ျဖဴးေရး လုပ္ငန္းရွင္သည္ အဆိုပါ ကုမၸဏီ ႐ံုးခန္း၌ ရွိေနစဥ္ ယမန္ ေန႔ည ၇ နာရီခန္႔က မ်က္ႏွာဖံုး စြပ္ထားသည့္ လူ ၁၀ ဦးခန္႔ လိုက္ ထရပ္ျဖင့္ ေရာက္ရွိ လာၿပီး ၿခိမ္းေျခာက္ အေႂကြးေတာင္းခံျခင္း ျဖစ္သည္ ။


လုပ္ငန္းရွင္က ကုမၸဏီ ၿခံဝင္းတံခါးကို ၎၏ လင္ခ႐ူဇာ ကားျဖင့္ တိုက္၍ ေမာင္းေျပးသြား ခဲ့ၿပီး ေၾကးစားလူမိုက္အခ်ိဳ႕က လုိက္ထရပ္ျဖင့္ ေနာက္မွ လိုက္ခဲ့သည္ ။ ကုမၸဏီ႐ံုးခန္းတြင္ က်န္ ခဲ့သည့္ ေၾကးစားလူမုိက္ႏွစ္ဦးကို ကုမၸဏီ ဝန္ထမ္းမ်ား၏ သတင္းေပးမႈေၾကာင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးႏုိင္ ခဲ့သည္ ။

‘‘ ၇ နာရီေလာက္မွာ ဒုန္းခနဲ အသံၾကားလုိ႔ ၾကည့္ေတာ့ ျခံကုိ တိုက္ၿပီး အိမ္စီးကားက အေရွ႕က ေမာင္းထြက္သြားတာ ။ အေနာက္ က လုိက္ထရပ္က အသည္းအ သန္ပဲလုိက္တယ္ ။ ဒါပဲေတြ႕လုိက္ ရတယ္ ’’ ဟု အဆုိပါ ရပ္ကြက္အတြင္းမွ အမ်ိဳးသမီးတစ္ဦးက ေျပာသည္ ။

လက္ရွိတြင္ ဖမ္းဆီးမိသည့္ တရားခံႏွစ္ဦးမွာ ဒဂုံၿမိဳ႕နယ္ရွိ သူရႏွင့္ စုိးေက်ာ္ေက်ာ္၀င္း ျဖစ္ၿပီး ၎တို႔ကုိ အေႂကြးေတာင္းခုိင္းရန္ လူမုိက္အျဖစ္ ငွားရမ္းခဲ့ေၾကာင္း ထြက္ဆုိထားသည္ ဟု ရန္ကုန္ တိုင္းရဲတပ္ဖြဲ႕မွ တာ၀န္ရွိသူတစ္ ဦးက ေျပာသည္ ။


၎တို႔ အပါအ၀င္ ေနာက္ထပ္ ငါးဦးကုိလည္း ဖမ္းမိထားသည့္ တရားခံမ်ားက ေဖာ္ထုတ္ထားေၾကာင္း အဆုိပါ ရဲအရာရွိက ေျပာသည္ ။ အေႂကြး ေတာင္းခံသည့္ပမာဏကုိမူ မသိ ရေသးေပ ။ ‘‘ ရွင္းရွင္းေျပာရရင္ ဒီ ေကာင္ေတြကုိ လူမုိက္ပုံစံမ်ိဳးငွား လုိက္တာေပါ့ကြ ာ။ လႈိင္သာယာ ကလည္း ပါတယ္ ။ ဒဂုံ (၁၃၃) က လည္းပါတယ္ ။ သန္လ်င္က လည္းပါတယ္ ။ အေႂကြးရမယ့္ အဖြဲ႕က အခုလူဆီက အေႂကြးလာ ေတာင္းခုိင္းတာ ’’ ဟု အဆုိပါ ရဲ အရာရွိကေျပာသည္ ။

ဖမ္းဆီးရမိသည့္ ႏွစ္ေယာက္ တြင္ တုတ္၊ ဓားလက္နက္မ်ား မပါေသာ္လည္း ထြက္ေျပးသြားသူမ်ား ထံတြင္ လက္နက္ပစၥည္းမ်ား ပါရွိႏုိင္သည္ဟု ရဲတပ္ဖြဲ႕တာ၀န္ရွိ သူတစ္ဦးက ေျပာသည္ ။ ပုိင္ရွင္မွာ လြတ္ေျမာက္ သြားၿပီး ၎ႏွင့္အတူ ၎၏ လင္ခ႐ူဇာကားကုိ ျပည္လမ္းေပၚ ရွိႏိုဗိုတယ္ ဟိုတယ္ေရွ႕တြင္ ျပန္လည္ ေတြ႕ရွိရသည္ဟု ရဲတပ္ဖြဲ႕တာ၀န္ ရွိသူက ေျပာသည္ ။

ထုိ႔အျပင္ ေၾကးစားလူမုိက္မ်ားသည္ ေငြေၾကး တစုံတရာ ယူေဆာင္ျခင္း မရွိဟု ၎ကေျပာသည္ ။ အေႂကြးေတာင္းခံသည့္လူ စုမွာ မ်က္ႏွာဖုံးမ်ားႏွင့္ ျဖစ္ၿပီး အဆိုပါ ကုမၸဏီမွ ၀န္ထမ္းအခ်ိဳ႕ကုိလည္း ႐ိုက္ႏွက္ခဲ့သည္ဟု အနီး ရွိျပည္သူမ်ားက ေျပာသည္ ။


ပိုင္ရွင္က ကားျဖင့္ ေမာင္းေျပးခ်ိန္တြင္ ေၾကးစား လူမိုက္မ်ားက လုိက္ထရပ္ျဖင့္ လုိက္ေသာ အခါ လူမုိက္အခ်ိဳ႕ က်န္ခဲ့ေၾကာင္း ၎တို႔က ဆုိသည္ ။ ‘‘ တခ်ိဳ႕ကလည္း ၿခံေတြ ေက်ာ္ၿပီး ထြက္ေျပးတယ္ ေျပာတယ္ ။ အဲဒီမွာ ေနာက္ဆုံးက်န္ခဲ့တဲ့ ႏွစ္ေယာက္ကုိပဲ ဖမ္းမိလုိက္ တာေပါ့ ’’ ဟု အိမ္နီးခ်င္းတစ္ဦး က ေျပာသည္ ။

အဆုိပါလုပ္ငန္းမွာ အိႏၵိယ ႏုိင္ငံမွ Bapco စက္သုံးဆီျဖန္႔ျဖဴးသည့္ လုပ္ငန္းျဖစ္ၿပီး ယင္းၿခံသုိ႔ ေျပာင္းေရႊ႕လာသည္မွာ မၾကာ ေသးေၾကာင္း အနီးေန ျပည္သူ မ်ားကေျပာသည္ ။ အလုပ္သမား အခ်ိဳ႕အ၀င္အထြက္ရွိၿပီး လူေန အိမ္မဟုတ္ဘဲ ႐ုံးခန္းမ်ိဳး ျဖစ္ေန၍ ပတ္၀န္းက်င္ႏွင့္ အဆက္အဆံ မရွိေၾကာင္း ၎တို႔က ေျပာသည္ ။

လက္ရွိတြင္ အဆုိပါလုပ္ ငန္းပိုင္ရွင္က အလုံၿမိဳ႕မရဲစခန္း တြင္ ၿခိမ္းေျခာက္ အေႂကြးေတာင္း ယူသူမ်ားကုိ အမႈဖြင့္မည္ဟု စုံစမ္း သိရၿပီး ရဲတပ္ဖြဲ႕က ထြက္ေျပး လြတ္ေျမာက္ေနေသာ ေၾကးစားလူမိုက္မ်ားကုိ ရွာေဖြဖမ္းဆီးေနသည္ဟု ရဲတပ္ဖြဲ႕ တာ၀န္ရွိသူမ်ားက ေျပာသည္ ။

ဟိန္းသာၿငိမ္းခ်မ္း 7 Day News Journal

(Unicode)

ကြေးစားလူမိုက်များ ငှားပြီး လုပ်ငန်းရှင် တဦးကို ခြိမ်းခြောက် အကြွေးတောင်း


လုပ်ငန်းရှင် တဦးထံမှ အကြွေး ရရန်ရှိ၍ ကြေးစားလူမိုက် ၁၀ ဦးခန့် ငှားရမ်းပြီး ရုံးသို့ လာ၍ ခြိမ်းခြောက် အကြွေးတောင်းသည့် ဖြစ်စဉ် အလုံမြို့နယ် ဗဟို လမ်းမပေါ်ရှိ ကုမ္ပဏီ ရုံးခန်း တခုတွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သည် ။

Bapco စက်သုံးဆီ ဖြန့်ဖြူးရေး လုပ်ငန်းရှင်သည် အဆိုပါ ကုမ္ပဏီ ရုံးခန်း၌ ရှိနေစဉ် ယမန် နေ့ည ၇ နာရီခန့်က မျက်နှာဖုံး စွပ်ထားသည့် လူ ၁၀ ဦးခန့် လိုက် ထရပ်ဖြင့် ရောက်ရှိ လာပြီး ခြိမ်းခြောက် အကြွေးတောင်းခံခြင်း ဖြစ်သည် ။

လုပ်ငန်းရှင်က ကုမ္ပဏီ ခြံဝင်းတံခါးကို ၎င်း၏ လင်ခရူဇာ ကားဖြင့် တိုက်၍ မောင်းပြေးသွား ခဲ့ပြီး ကြေးစားလူမိုက်အချို့က လိုက်ထရပ်ဖြင့် နောက်မှ လိုက်ခဲ့သည် ။ ကုမ္ပဏီရုံးခန်းတွင် ကျန် ခဲ့သည့် ကြေးစားလူမိုက်နှစ်ဦးကို ကုမ္ပဏီ ဝန်ထမ်းများ၏ သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင် ခဲ့သည် ။


‘‘ ၇ နာရီလောက်မှာ ဒုန်းခနဲ အသံကြားလို့ ကြည့်တော့ ခြံကို တိုက်ပြီး အိမ်စီးကားက အရှေ့က မောင်းထွက်သွားတာ ။ အနောက် က လိုက်ထရပ်က အသည်းအ သန်ပဲလိုက်တယ် ။ ဒါပဲတွေ့လိုက် ရတယ် ’’ ဟု အဆိုပါ ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ဦးက ပြောသည် ။

လက်ရှိတွင် ဖမ်းဆီးမိသည့် တရားခံနှစ်ဦးမှာ ဒဂုံမြို့နယ်ရှိ သူရနှင့် စိုးကျော်ကျော်ဝင်း ဖြစ်ပြီး ၎င်းတို့ကို အကြွေးတောင်းခိုင်းရန် လူမိုက်အဖြစ် ငှားရမ်းခဲ့ကြောင်း ထွက်ဆိုထားသည် ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည် ။

၎င်းတို့ အပါအဝင် နောက်ထပ် ငါးဦးကိုလည်း ဖမ်းမိထားသည့် တရားခံများက ဖော်ထုတ်ထားကြောင်း အဆိုပါ ရဲအရာရှိက ပြောသည် ။ အကြွေး တောင်းခံသည့်ပမာဏကိုမူ မသိ ရသေးပေ ။ ‘‘ ရှင်းရှင်းပြောရရင် ဒီ ကောင်တွေကို လူမိုက်ပုံစံမျိုးငှား လိုက်တာပေါ့ကွ ာ။ လှိုင်သာယာ ကလည်း ပါတယ် ။ ဒဂုံ (၁၃၃) က လည်းပါတယ် ။ သန်လျင်က လည်းပါတယ် ။ အကြွေးရမယ့် အဖွဲ့က အခုလူဆီက အကြွေးလာ တောင်းခိုင်းတာ ’’ ဟု အဆိုပါ ရဲ အရာရှိကပြောသည် ။


ဖမ်းဆီးရမိသည့် နှစ်ယောက် တွင် တုတ်၊ ဓားလက်နက်များ မပါသော်လည်း ထွက်ပြေးသွားသူများ ထံတွင် လက်နက်ပစ္စည်းများ ပါရှိနိုင်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိ သူတစ်ဦးက ပြောသည် ။ ပိုင်ရှင်မှာ လွတ်မြောက် သွားပြီး ၎င်းနှင့်အတူ ၎င်း၏ လင်ခရူဇာကားကို ပြည်လမ်းပေါ် ရှိနိုဗိုတယ် ဟိုတယ်ရှေ့တွင် ပြန်လည် တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့တာဝန် ရှိသူက ပြောသည် ။

ထို့အပြင် ကြေးစားလူမိုက်များသည် ငွေကြေး တစုံတရာ ယူဆောင်ခြင်း မရှိဟု ၎င်းကပြောသည် ။ အကြွေးတောင်းခံသည့်လူ စုမှာ မျက်နှာဖုံးများနှင့် ဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှ ဝန်ထမ်းအချို့ကိုလည်း ရိုက်နှက်ခဲ့သည်ဟု အနီး ရှိပြည်သူများက ပြောသည် ။

ပိုင်ရှင်က ကားဖြင့် မောင်းပြေးချိန်တွင် ကြေးစား လူမိုက်များက လိုက်ထရပ်ဖြင့် လိုက်သော အခါ လူမိုက်အချို့ ကျန်ခဲ့ကြောင်း ၎င်းတို့က ဆိုသည် ။ ‘‘ တချို့ကလည်း ခြံတွေ ကျော်ပြီး ထွက်ပြေးတယ် ပြောတယ် ။ အဲဒီမှာ နောက်ဆုံးကျန်ခဲ့တဲ့ နှစ်ယောက်ကိုပဲ ဖမ်းမိလိုက် တာပေါ့ ’’ ဟု အိမ်နီးချင်းတစ်ဦး က ပြောသည် ။


အဆိုပါလုပ်ငန်းမှာ အိန္ဒိယ နိုင်ငံမှ Bapco စက်သုံးဆီဖြန့်ဖြူးသည့် လုပ်ငန်းဖြစ်ပြီး ယင်းခြံသို့ ပြောင်းရွှေ့လာသည်မှာ မကြာ သေးကြောင်း အနီးနေ ပြည်သူ များကပြောသည် ။ အလုပ်သမား အချို့အဝင်အထွက်ရှိပြီး လူနေ အိမ်မဟုတ်ဘဲ ရုံးခန်းမျိုး ဖြစ်နေ၍ ပတ်ဝန်းကျင်နှင့် အဆက်အဆံ မရှိကြောင်း ၎င်းတို့က ပြောသည် ။
လက်ရှိတွင် အဆိုပါလုပ် ငန်းပိုင်ရှင်က အလုံမြို့မရဲစခန်း တွင် ခြိမ်းခြောက် အကြွေးတောင်း ယူသူများကို အမှုဖွင့်မည်ဟု စုံစမ်း သိရပြီး ရဲတပ်ဖွဲ့က ထွက်ပြေး လွတ်မြောက်နေသော ကြေးစားလူမိုက်များကို ရှာဖွေဖမ်းဆီးနေသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည် ။

ဟိန်းသာငြိမ်းချမ်း
7 Day News Journal

Post a Comment

0 Comments

close