ေျမာင္းျမၿမိဳ႕တြင္ ေရႊပိသာခ်ိန္ (၁) ပိသာ ၉၀ က်ပ္သားေက်ာ္ ေဖာက္ထြင္း ခိုးယူမႈ ျဖစ္ပြား


ယေန့ ႏိုဝင္ဘာ (၁၃) ရက္ ေရႊပိသာခ်ိန္ (၁) ပိသာ (၉၀) က်ပ္သားေက်ာ္ ေဖာက္တြင္း ခိုးယူမႈ ေျမာင္းျမတြင္ ျဖစ္ပြားခဲ႔ေၾကာင္း သိရသည္ ။

ျဖစ္စဥ္မွာ ေျမာင္းျမၿမိဳ႕အမွတ္ (၈) ရပ္ကြက္ ျမဂုဏ္ရည္လမ္း ႏွင့္ ေဗာဓိပင္လမ္းေထာင့္ အိမ္အမွတ္ (၁) ဦးသန္းေဌး ( ဘ ) ဦးေစာ ျကက္ေမြးျမဴေရး လုပ္ကိုင္ေနသူသည္ ႏိုဝင္ဘာလ (၉) ရက္ေန႔တြင္ ဇနီးျဖစ္သူေဒၚသန္းသန္းဆင့္ ေျမျဖစ္သူ ေမာင္ေဝယံေကာင္း တို့ႏွင့္ ယာဥ္ေမာင္း ေဇယ်လင္းတို့ႏွင့္ အတူ ေနအိမ္ျခံႏွင့္ ျခံဝင္းတံခါးတို့အား ေသာ့ခတ္ၿပီး အေစာင့္မထားဘဲ ရန္ကုန္သို့ ေဆးသြားျပခဲ႔သည္ ။


ႏိုဝင္ဘာ ( ၁၂ ) ရက္ေန့တြင္ ေနအိမ္သို့ ျပန္လာစဥ္ ေနအိမ္သို႔ အေရာက္ ျခံတံခါးဖြင့္ကာ အိမ္ေရွ့တံခါးဖြင့္ဝင္စဥ္ အိမ္မႀကီးႏွင့္ ေနာက္ဖက္ခန္း ျခားထားသည့္ တံခါးမွာ ပြင့္ေနသည္ကို ေတြ႕လိုက္၍ ပစၥည္းမ်ားကို ကားေပၚမွ ခ်ေနစဥ္ ေျမျဖစ္သူမွ အဘ အခန္းတံခါးလည္း ပြင့္ေနသည္ဟု ေျပာသျဖင့္ ဦးသန္းေအးမွ အခန္းထဲ ဝင္ၾကည္ခဲ႔ရာ အိမ္ခန္းအတြင္းထားေသာ ေသာ့ႏွစ္လံုးႏွင့္ လွည့္သည့္ေသာ့ တလံုးခတ္ထားသည့္ မီးခံေသတၱာမွာ ပြင့္ေနၿပီး ရိုက္ဖ်က္ထားသည့္ အေနထား ေတြခဲ႔ရသည္ ။


၄င္းေသတၲာထဲမွ ဦးသန္းေအး ထားရွိ့ေသာအေခါက္ေရႊ အေလးခ်ိန္ ( ၁၀ ) က်ပ္သားရွိ့ ေလးေထာင့္ပံု အကယ္ဒမီတံဆိပ္ပါ ေရႊတံုး ( ၁၅ ) တံုးစုစုေပါင္းအေလးခ်ိန္ ၁ ပိသာ ၅၀ က်ပ္သား တန္ဖိုးေငြ ၁၅၀,၀၀၀,၀၀၀ / မိသားစု ဝတ္ဆင္သည္ လက္ဝတ္ရတနာမ်ိဳးစံု ေရႊအေလးခ်ိန္ ( ၄၀ ) သားေက်ာ္ခန့္နွင့္ တစ္ေထာင္တန္ေငြစကၠဴ တစ္သိန္းထုတ္ ( ၂၄ ) ထုပ္ စုစုေပါင္း ၂၄၀၀၀၀၀ / တို့အား ေနအိမ္တြင္ မိသားစု တစ္ေယာက္မွ မရွိ့စဥ္ မီးခံေသတၲာကို ဖ်က္စီးကာ ေဖာက္ထြင္း ခိုးယူခဲ႔ေသာေၾကာင့္ စုစုေပါင္း ကာလတန္ဖိုးေငြ ၁၉၀၆၅၀၀၀၀ / ျဖစ္သည့္ဟု သိရသည္ ။


အခင္းျဖစ္ေနရာသို့ ခရိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ခရိုင္အုပ္ခ်ဳပ္ေရးမွဴးး ဦးေသာင္းတင္ေထြး ျမို့နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ေက်ာ္ေဇယ် ျမိုမစခန္းမွဴး ဒုရဲမွဴးး ေအာင္ေဇာ္မင္း နယ္ထိန္းေခါင္းေဆာင္ ေအာင္ေဆြျမင့္ တာဝန္မွဴး ေမာင္ေမာင္ေရႊ နယ္ထိန္းမ်ား (၈) နယ္ေျမ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးးတို့လာေရာက္ကာစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ႔ေၾကာင္း သိရသည္ ။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေျမာင္းျမျမိဳ႕နယ္ ရဲတပ္ဖြဲ႕အေနနွင့္ ေဖာက္ထြင္း ခိုးယူသူတရားခံ အျမန္ဆံုး ဖမ္းမိနိဳင္ေရးအတြက္ ျကိုးစား ေဆာင္ရြက္လ်ွက္ ရွိၿပီး ျမိဳ႕မစခန္းတြင္ ( ပ ) ၁၈၄၆ /၂၀၁၈ ရာဇသတ္ျကီး ပုဒ္မ ၄၅၇ အရ အမႈဖြင့္ ေဆာင္ရြက္ထားေျကာင္း သိရသည္ ။


ယခုလို ၿမိဳ႕လယ္ေခါင္တြင္ ေဖာက္ထြင္မႈႀကီးကို က်ဴလြန္ျခင္းသည္ တရားဥပေဒစိုးမိုးမႈကို စိန္ေခၚေနသကဲ႕သို့ျဖစ္ျပီး တရားခံမ်ားအား အျမန္ဆံုး ဖမ္းမိနိုင္ေရး လိုအပ္ေနေျကာင္း ေျမာင္းျမတြင္ ေဖာက္ထြင္းမႈျဖစ္တိုင္း တာဝန္ရွိမ်ား အေနနွင့္ ဖမ္းစီးအေရး ယူနိုင္မႈ အားနည္းေနမႈမ်ား ရွိေနေျကာင္း ၊

ေျမာင္းျမျမိဳ႕တြင္ ျကီးမားသည့္ ေဖာက္ထြင္းမႈျကီး ျဖစ္သည္နွင့္ အညီ တရားခံမ်ား ကိုလည္း ဖမ္းမိနိုင္ေရ သတိထား ေစာင့္ျကည့္ကာ အားစိုက္ဖို႔ လိုေျကာင္း ျမိဳ႕လည္ေခါင္ ေရႊ (၁) ပိသာေက်ာ္အထိ ေဖာက္ထြင္းခိုးယူႏိုင္ခဲ႔ျခင္းသည္ ျမိဳ႕အတြင္ လံုျခံုေရး အားနည္းမႈေျကာင့္ ျဖစ္နိုင္ေျကာင္း ယခုလို ျကီးမားသည့္ ေဖာက္ထြင္းမႈ တရားခံမ်ားကို အျမန္ဆံုး ဖမ္းမိနိုင္မွ သာလ်ွင္ ေနာက္ထပ္ ရာဇဝတ္မႈက်ဴလြန္မည့္ သူမ်ား ေလ်ွာ့နည္းလာမွာ ျဖစ္ေျကာင္း ၿမိဳ႕ေန ျပည္သူမ်ားက ေဝဖန္ေျပာဆိုေနၾကသည္ ။

ေရႊထူး ေျမာင္းျမ A Times သတင္းေထာက္

(Unicode)

မြောင်းမြမြို့တွင် ရွှေပိသာချိန် (၁) ပိသာ ၉၀ ကျပ်သားကျော် ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွား


ယနေ့ နိုဝင်ဘာ (၁၃) ရက် ရွှေပိသာချိန် (၁) ပိသာ (၉၀) ကျပ်သားကျော် ဖောက်တွင်း ခိုးယူမှု မြောင်းမြတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မြောင်းမြမြို့အမှတ် (၈) ရပ်ကွက် မြဂုဏ်ရည်လမ်း နှင့် ဗောဓိပင်လမ်းထောင့် အိမ်အမှတ် (၁) ဦးသန်းဌေး ( ဘ ) ဦးစော ကြက်မွေးမြူရေး လုပ်ကိုင်နေသူသည် နိုဝင်ဘာလ (၉) ရက်နေ့တွင် ဇနီးဖြစ်သူဒေါ်သန်းသန်းဆင့် မြေဖြစ်သူ မောင်ဝေယံကောင်း တို့နှင့် ယာဉ်မောင်း ဇေယျလင်းတို့နှင့် အတူ နေအိမ်ခြံနှင့် ခြံဝင်းတံခါးတို့အား သော့ခတ်ပြီး အစောင့်မထားဘဲ ရန်ကုန်သို့ ဆေးသွားပြခဲ့သည် ။


နိုဝင်ဘာ ( ၁၂ ) ရက်နေ့တွင် နေအိမ်သို့ ပြန်လာစဉ် နေအိမ်သို့ အရောက် ခြံတံခါးဖွင့်ကာ အိမ်ရှေ့တံခါးဖွင့်ဝင်စဉ် အိမ်မကြီးနှင့် နောက်ဖက်ခန်း ခြားထားသည့် တံခါးမှာ ပွင့်နေသည်ကို တွေ့လိုက်၍ ပစ္စည်းများကို ကားပေါ်မှ ချနေစဉ် မြေဖြစ်သူမှ အဘ အခန်းတံခါးလည်း ပွင့်နေသည်ဟု ပြောသဖြင့် ဦးသန်းအေးမှ အခန်းထဲ ဝင်ကြည်ခဲ့ရာ အိမ်ခန်းအတွင်းထားသော သော့နှစ်လုံးနှင့် လှည့်သည့်သော့ တလုံးခတ်ထားသည့် မီးခံသေတ္တာမှာ ပွင့်နေပြီး ရိုက်ဖျက်ထားသည့် အနေထား တွေခဲ့ရသည် ။


၎င်းသေတ္တာထဲမှ ဦးသန်းအေး ထားရှိ့သောအခေါက်ရွှေ အလေးချိန် ( ၁၀ ) ကျပ်သားရှိ့ လေးထောင့်ပုံ အကယ်ဒမီတံဆိပ်ပါ ရွှေတုံး ( ၁၅ ) တုံးစုစုပေါင်းအလေးချိန် ၁ ပိသာ ၅၀ ကျပ်သား တန်ဖိုးငွေ ၁၅၀,၀၀၀,၀၀၀ / မိသားစု ဝတ်ဆင်သည် လက်ဝတ်ရတနာမျိုးစုံ ရွှေအလေးချိန် ( ၄၀ ) သားကျော်ခန့်နှင့် တစ်ထောင်တန်ငွေစက္ကူ တစ်သိန်းထုတ် ( ၂၄ ) ထုပ် စုစုပေါင်း ၂၄၀၀၀၀၀ / တို့အား နေအိမ်တွင် မိသားစု တစ်ယောက်မှ မရှိ့စဉ် မီးခံသေတ္တာကို ဖျက်စီးကာ ဖောက်ထွင်း ခိုးယူခဲ့သောကြောင့် စုစုပေါင်း ကာလတန်ဖိုးငွေ ၁၉၀၆၅၀၀၀၀ / ဖြစ်သည့်ဟု သိရသည် ။

အခင်းဖြစ်နေရာသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးး ဦးသောင်းတင်ထွေး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျ မြိုမစခန်းမှူး ဒုရဲမှူးး အောင်ဇော်မင်း နယ်ထိန်းခေါင်းဆောင် အောင်ဆွေမြင့် တာဝန်မှူး မောင်မောင်ရွှေ နယ်ထိန်းများ (၈) နယ်မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူးးတို့လာရောက်ကာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။


ဖြစ်စဉ်နှင့်ပတ်သက်၍ မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့အနေနှင့် ဖောက်ထွင်း ခိုးယူသူတရားခံ အမြန်ဆုံး ဖမ်းမိနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်လျှက် ရှိပြီး မြို့မစခန်းတွင် ( ပ ) ၁၈၄၆ /၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၅၇ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည် ။

ယခုလို မြို့လယ်ခေါင်တွင် ဖောက်ထွင်မှုကြီးကို ကျူလွန်ခြင်းသည် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်နေသကဲ့သို့ဖြစ်ပြီး တရားခံများအား အမြန်ဆုံး ဖမ်းမိနိုင်ရေး လိုအပ်နေကြောင်း မြောင်းမြတွင် ဖောက်ထွင်းမှုဖြစ်တိုင်း တာဝန်ရှိများ အနေနှင့် ဖမ်းစီးအရေး ယူနိုင်မှု အားနည်းနေမှုများ ရှိနေကြောင်း ၊


မြောင်းမြမြို့တွင် ကြီးမားသည့် ဖောက်ထွင်းမှုကြီး ဖြစ်သည်နှင့် အညီ တရားခံများ ကိုလည်း ဖမ်းမိနိုင်ရေ သတိထား စောင့်ကြည့်ကာ အားစိုက်ဖို့ လိုကြောင်း မြို့လည်ခေါင် ရွှေ (၁) ပိသာကျော်အထိ ဖောက်ထွင်းခိုးယူနိုင်ခဲ့ခြင်းသည် မြို့အတွင် လုံခြုံရေး အားနည်းမှုကြောင့် ဖြစ်နိုင်ကြောင်း ယခုလို ကြီးမားသည့် ဖောက်ထွင်းမှု တရားခံများကို အမြန်ဆုံး ဖမ်းမိနိုင်မှ သာလျှင် နောက်ထပ် ရာဇဝတ်မှုကျူလွန်မည့် သူများ လျှော့နည်းလာမှာ ဖြစ်ကြောင်း မြို့နေ ပြည်သူများက ဝေဖန်ပြောဆိုနေကြသည် ။

ရွှေထူး မြောင်းမြ A Times သတင်းထောက်

Post a Comment

0 Comments

close