တခါတုန္းက ရြာတစ္ရြာမွာ …
လင္မယား ႏွစ္ေယာက္ရွိပါတယ္ ...
အမ်ဳိးသားဟာ သိပ္ကုိၾကမ္းတမ္းတဲ့
စရုုိက္ရွိတဲ့ အတြက္တစ္ေန႔ တစ္ေန႔
သူ႔အမ်ဳိးသမီးကုိ အေၾကာင္းမရွိ
အေၾကာင္းရွာျပီး ရုုိက္ႏွက္တတ္ပါတယ္ ။
သူအလုုပ္က ျပန္လာျပီဆုုိတာနဲ႔ မ်က္ႏွာက
တည္တင္းလုိ႔ အမ်ဳိးသမီးကုိ ဘယ္လုုိ
အျပစ္ရွာရမလဲ ဆုိတာပဲေတြးေနတတ္ပါတယ္ …
အျပစ္ကေလး တစ္စုံတစ္ရာ ေတြ႕တာနဲ႔
နီးရာ တုတ္ဆဲြၿပီး ရုိက္ႏွက္ေတာ့တာပါပဲ…။
အမ်ဳိးသမီးကလည္း သူ႔ကိုု သိပ္ေၾကာက္ရ ပါတယ္ …
သူအိမ္ျပန္လာတာနဲ႔
အျပစ္ရယ္လုုိ႔ ရွာမေတြ႕ႏုုိင္ေအာင္
ၾကဳိးစားျပီး အဆင္သင့္ျဖစ္ေအာင္
တစ္အိမ္လုံး ေရအုိးေတြကိုု ျပည့္ေအာင္ ခပ္၊
တစ္ျခံလုံး အမႈိက္ေတြရွင္း၊
ထမင္း ဟင္းေတြကုိလည္း အဆင္သင့္ ခူးခပ္ေပးထားပါတယ္ …
သုုိ႔ေပမယ့္ အျပစ္ကေတာ့ မလြတ္ပါဘူး …
ထမင္းကို သူျပန္မလာခင္
ေစာေစာေလး ၾကိဳခူးထားမိရင္လည္း
“ ဒီေလာက္ အၾကာၾကီးက ထမင္းခူးထားေတာ့
ထမင္းေတြက ေအးကုန္တာေပါ့ ၊
တစ္ေနကုန္ ပင္ပန္းေနတာ
ဒီ ထမင္းေအးၾကီး ငါက စားရမလား၊
ဒီေလာက္ေတာင္ နားမလည္တဲ့မိန္းမ ” ဆုုိျပီး
ထမင္း ပန္းကန္ကိုု ေမွာက္ျပစ္ျပီး
ေတြ႕ကရာနဲ႔ အမ်ဳိးသမီးကိုု ရုုိက္ႏွက္ေတာ့တာပါပဲ…။
သူျပန္လာခါနီးမွ အေျပးအလႊား
ထမင္းခူးထားျပန္ေတာ့လည္း
“ ေယာက္က်ားက ေမာေမာပန္းပန္းနဲ႔
ျပန္လာတာ ဒီထမင္းပူၾကီးစားျပီး ငါ့ကိုု
ေသေစခ်င္လုုိ႔လား ” ဆုုိျပီး ရုုိက္ျပန္တာပါပဲ ...
အမ်ဳိးသမီးခမ်ာမွာလည္း
ထုုိအမ်ဳိးသားက ဘယ္ေလာက္ပဲ ရုုိက္ရုုိက္
သံေယာဇဥ္ကလည္း မကုန္ႏုုိင္၊
စိတ္ကလည္း မျပတ္ႏုိင္၊
ေန႔စဥ္ ရုုိက္ႏွက္ႏွိပ္စက္ေနတဲ့
ဒါဏ္ကုုိလည္း ခံရတာ
သိပ္ေၾကာက္လွတာမုုိ႔ ဆုတ္လည္း ဆူး၊
စားလည္း ရူးဘဝနဲ႔
ေန႔စဥ္ အမ်ဳိးသား ျပန္လာခါနီးျပီဆုုိရင္
တုန္ေနေအာင္ ေၾကာက္ေနရ ရွာေတာ့တာပါပဲ…
ပတ္ဝန္းက်င္ကေတာင္ မခံမရပ္ႏုုိင္ေအာင္
ျဖစ္ၾကရပါတယ္ “ ဒီေလာက္ ႏွိပ္စက္ေနတဲ့ ေယာက္်ားကို
နင္ထားခဲ့ပါေတာ့လား ” ဆုုိလည္း
မထားခဲ့ႏုုိင္ပါဘူး ... သူမ မျပတ္ႏုိင္ပါဘူး …
ဒါနဲ႔ ေနာက္ဆုုံး ၾကံရာမရေတာ့တဲ့အခါ …
ရြာဦး ဘုုန္းေတာ္ၾကီးေက်ာင္းက
ဆရာေတာ္ၾကီးထံ အက်ဳိး အေၾကာင္း သြားျပီး
ေလ်ွာက္ရရွာပါတယ္…။
* ေနာက္ဆုုံးေတာ့လည္း အားကုိးရာက သံဃာရတနာ ပါပဲ…*
အေၾကာင္းစုံကုုိ သိရတဲ့ အခါ
ဆရာေတာ္ၾကီးက ေမးပါတယ္ …
“ ဒကာမရဲ႕ ေယာက္က်ားက
ဘယ္အခ်ိန္ေတြမွာ အရုိက္မ်ားတတ္သလဲ ”
“ ရုုိက္တာေတာ့ အခ်ိန္တုုိင္းလုိလုိပါပဲ ဘုုရား၊
သုုိ႔ေပမယ့္ သူထမင္းစားခါနီးရင္ ပုုိျပီး
ရုုိက္တတ္ပါတယ္ ဘုုရား ”
ဒါနဲ႔ပဲ ဆရာေတာ္ၾကီးက အနီးအနားမွာ
ရွိေနတဲ့ အုန္းလက္အရုုိးေတြကုိ စုုစည္းျပီး
လုုပ္ထားတဲ့ အုုန္းတံျမက္စည္းကုိ ေပးျပီး…
“ ေရာ႔ … နင့္ေယာက္က်ား ထမင္းစားဖုုိ႔
စားပြဲနားမွာ ထုုိင္တာနဲ႔ အဲဒီတံျမက္စည္းကုိ
အနားမွာသာ ခ်ထားေပးလုိက္ ” ဒီလုုိပဲ
မိန္႔ျပီး ဆရာေတာ္ၾကီးက
က်က္သေရခန္းထဲကုုိ ၾကြဝင္သြားပါေတာ့တယ္ ။
အမ်ဳိးသမီး ခမ်ာလည္း ဆရာေတာ္ၾကီးရဲ႕
ရည္ရြယ္ခ်က္ကုိ မသိ နားမလည္ ေသာ္လည္း
“ အေၾကာင္းေတာ့ ရွိမွာပဲ ” ဆုုိျပီး
တံျမက္စည္းေလး ပုိက္လုိ႔ အိမ္ကိုု ျပန္လာခဲ့ ပါတယ္ ။
ဆရာေတာ္ၾကီး မိန္႔ခဲ့တဲ့ အတုုိင္း
သူ႔ေယာက္်ား ထမင္း စားခါနီးလုုိ႔
အျပစ္ တစ္ခုုခုု ရွာေတာ့မယ္ ဆုုိတာနဲ႔
အမ်ဳိးသမီးက တံျမက္စည္းေလးကုုိ
မသိမသာ အနားကိုု တုုိးေပးထား လုုိက္တယ္ ၊ အမ်ဳိးသားကလည္း အနားမွာ
အစဥ္သင့္ရွိေနတဲ့ တံျမက္စည္းနဲ႔
ေကာက္ရုိက္ေတာ့တာပါပဲ ။
ဒီလုုိနဲ႔ တစ္လေလာက္ ၾကာလာတဲ့ အခါမွာ …
အမ်ဳိးသားရဲ ့ရုိက္ပုတ္ ႏွိပ္စက္မႈေတြက
တျဖည္းျဖည္း နည္းနညး္သြားျပီး
ေနာက္ဆုံး လုုံးဝ မရိုုက္ေတာ့ပါဘူး ။
အမ်ဳိးသမီးက စမ္းသပ္ၾကည့္ ပါတယ္ …
ထမင္းကုိ စားလုုိ႔ လုုံးဝ မေကာင္းေအာင္
ေပ်ာ႔ေအာင္ ခ်က္ၾကည့္တယ္၊
မနက္ကတည္းက ခ်က္ထားတဲ့
ထမင္းေအးၾကီး ခ်ေကၽြးၾကည့္တယ္ ၊
ဘယ္လုုိပဲ စမ္းစမ္း မရိုက္ေတာ့ပါဘူး…။
ဒါနဲ႔ပဲ ေနာက္ဆုုံး အမ်ဳိးသမီးက
သူ႔အမ်ဳိးသား ကုိပါ ေခၚျပီး ေက်းဇူးရွင္
ရြာဦးေက်ာင္း ဆရာေတာ္ၾကီးထံ
အေၾကာင္းစုံ သြားျပီးေလ်ွာက္ထားတဲ့ အခါမွာေတာ့ …
ဆရာေတာ္ၾကီးက မိန္႔ပါတယ္ … “ အဲဒါ ဝဋ္ေၾကြးေက်ေအာင္ လုုပ္ေပးလုုိက္တာ ”…တဲ့ ။
ဆရာေတာ္ၾကီး ဆက္ျပီး မိန္႔တာက …
“ တုုိ႔ဘုုရားရွင္ လက္ထက္ေတာ္ တုန္းကလည္း
ဒီလုုိပဲ ဒကာတုုိ႔ ၊ ဒကာမတုုိ႔ …
အတိတ္ဘဝက ႏြားျဖစ္ခဲ့ဖူးတဲ့
လင္ေယာက္က်ားနဲ႔ ႏြားရွင္ျဖစ္ခဲ့ဖူးတဲ့
အမ်ဳိးသမီးတုုိ႔ အၾကင္လင္မယားျဖစ္
ျပန္လည္ ဆုံၾကတဲ့ အခါမွာ … အတိတ္က ႏြားရွင္ျဖစ္ခဲ့စဥ္က ေန႔စဥ္ ရုုိက္နွက္ခဲ့တဲ့
အမ်ဳိးသမီးကုိ ႏြားျဖစ္ခဲ့ဖူးတဲ့
အမ်ဳိးသားက ေန႔တုုိင္း ရုုိက္ႏွက္ေနတာမုုိ႔
ဘုုရားရွင္က ခုု ဘုုန္းၾကီးေပးတဲ့ နည္းေလး
ညႊန္ၾကားေပးေတာ္ မူခဲ့တယ္ …
တုတ္တစ္ေခ်ာင္းနဲ႔ တစ္ခ်က္ျခင္း ရုုိက္ေနေတာ့
ဝဋ္ေၾကြးက ေတာ္ေတာ္နဲ႔ မေက်ဘူးေပါ့၊
.
အုန္းလက္ရုုိး တံျမက္စည္းက တစ္ေခ်ာင္းကုိ
အုုန္းလက္ေပါင္း ရာခ်ီျပီး စုုစည္းထားတာမုုိ႔
တစ္ခ်က္ရုုိက္တာနဲ႔ အနည္းဆုုံး အခ်က္
ငါးဆယ္ေလာက္ ေၾကပါတယ္ …
ဒါေၾကာင့္ ဘုုန္းၾကီးလည္း ဒကာမက
လာျပီးေလွ် ာက္ထားေတာ့ ဘုုရားေပးတဲ့
နည္းေလး အတုုိင္းပဲ ေပးလုုိက္တာပါ…
“ ကဲ…ခုုေတာ့ ဝဋ္ေၾကြးေတြလည္း
ေက်သြားၾကျပီမုိ႔ ေပ်ာ္ေပ်ာ္ ရႊင္ရႊင္ ေနၾကေပေရာ့ ”
ဒီေလာက္ပဲ မိန္႔ျပီး ဆရာေတာ္ၾကီးက က်က္သေရခန္းထဲ ၾကြဝင္သြားပါေတာ့တယ္ … ။
ကဲ … စာဖတ္ပရိသတ္လည္းပဲ …
ဒီနည္းေလးကုိ နည္းယူျပီး သုုံးၾကမယ္ဆုုိရင္ေတာ့ …
* တစ္ခါတစ္ရံ ကုိယ့္မွာ အျပစ္မရွိပဲ
အျပစ္တင္ခံရတဲ့ အခါ …
အျပစ္ျပန္ျပီး မတင္ပါနဲ႔ …
ဝဋ္ေၾကြး မေက်ျဖစ္ပါလိမ့္မယ္…
မ်ားမ်ားေလးသာ တင္ပါေစ…
ဒါမွ ဝဋ္ေၾကြး ျမန္ျမန္ ေက်လိမ့္မယ္ ။
* ကုိယ္တန္ဖုိးအထားဆုံး ကုိယ့္သိကၡာတရားကုုိ
ရစရာ မရွိေအာင္ ႏွိမ္ခ်တဲ့ စကားေတြ အေျပာခံရတဲ့
အခါလည္း ၾကဳံရပါလိမ့္မယ္ …
ျပန္မေျပာပါနဲ႔ …
ဝဋ္ေၾကြး မေက်ပဲ ရွိပါလိမ့္မယ္ …
မ်ားမ်ားေလးသာ ေျပာပါေစ …
ဒါမွ ဝဋ္ေၾကြး ျမန္ျမန္ ေက်ပါလိမ့္မယ္…။
* ကုိယ္က ေက်းဇူးျပဳဖူးသူက ကုိယ့္ေက်းဇူးကုိ အခါခါ
ေစာ္ကားတာ မ်ဳိးလည္း ၾကဳံရပါလိမ့္မယ္ …
ေက်းဇူးရွိလိုု႔ ေက်းစြတ္တယ္လုုိ႔ မေျပာလုုိက္ပါနဲ႔ …
ဝဋ္ေၾကြး မေက်ပဲ ရွိပါလိမ့္မယ္ …
မ်ားမ်ားေလးသာ ေစာ္ကားပါေစ …
ဒါမွ ဝဋ္ေၾကြး ျမန္ျမန္ ေက်ပါလိမ့္မယ္ …. ။
Credit to original writer
(Unicode)
ဝဋ်ကြွေး မြန်မြန်ကျေအောင်
တခါတုန်းက ရွာတစ်ရွာမှာ … လင်မယား နှစ်ယောက်ရှိပါတယ် ... အမျိုးသားဟာ သိပ်ကိုကြမ်းတမ်းတဲ့ စရိုက်ရှိတဲ့ အတွက်တစ်နေ့ တစ်နေ့ သူ့အမျိုးသမီးကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်နှက်တတ်ပါတယ် ။
သူအလုပ်က ပြန်လာပြီဆိုတာနဲ့ မျက်နှာက တည်တင်းလို့ အမျိုးသမီးကို ဘယ်လို အပြစ်ရှာရမလဲ ဆိုတာပဲတွေးနေတတ်ပါတယ် … အပြစ်ကလေး တစ်စုံတစ်ရာ တွေ့တာနဲ့ နီးရာ တုတ်ဆွဲပြီး ရိုက်နှက်တော့တာပါပဲ…။
အမျိုးသမီးကလည်း သူ့ကို သိပ်ကြောက်ရ ပါတယ် … သူအိမ်ပြန်လာတာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင် ကြိုးစားပြီး အဆင်သင့်ဖြစ်အောင် တစ်အိမ်လုံး ရေအိုးတွေကို ပြည့်အောင် ခပ်၊ တစ်ခြံလုံး အမှိုက်တွေရှင်း၊ ထမင်း ဟင်းတွေကိုလည်း အဆင်သင့် ခူးခပ်ပေးထားပါတယ် …
သို့ပေမယ့် အပြစ်ကတော့ မလွတ်ပါဘူး … ထမင်းကို သူပြန်မလာခင် စောစောလေး ကြိုခူးထားမိရင်လည်း “ ဒီလောက် အကြာကြီးက ထမင်းခူးထားတော့ ထမင်းတွေက အေးကုန်တာပေါ့ ၊ တစ်နေကုန် ပင်ပန်းနေတာ ဒီ ထမင်းအေးကြီး ငါက စားရမလား၊ ဒီလောက်တောင် နားမလည်တဲ့မိန်းမ ” ဆိုပြီး ထမင်း ပန်းကန်ကို မှောက်ပြစ်ပြီး တွေ့ကရာနဲ့ အမျိုးသမီးကို ရိုက်နှက်တော့တာပါပဲ…။
သူပြန်လာခါနီးမှ အပြေးအလွှား ထမင်းခူးထားပြန်တော့လည်း “ ယောက်ကျားက မောမောပန်းပန်းနဲ့ ပြန်လာတာ ဒီထမင်းပူကြီးစားပြီး ငါ့ကို သေစေချင်လို့လား ” ဆိုပြီး ရိုက်ပြန်တာပါပဲ ...
အမျိုးသမီးခမျာမှာလည်း ထိုအမျိုးသားက ဘယ်လောက်ပဲ ရိုက်ရိုက် သံယောဇဉ်ကလည်း မကုန်နိုင်၊ စိတ်ကလည်း မပြတ်နိုင်၊ နေ့စဉ် ရိုက်နှက်နှိပ်စက်နေတဲ့ ဒါဏ်ကိုလည်း ခံရတာ သိပ်ကြောက်လှတာမို့ ဆုတ်လည်း ဆူး၊ စားလည်း ရူးဘဝနဲ့ နေ့စဉ် အမျိုးသား ပြန်လာခါနီးပြီဆိုရင် တုန်နေအောင် ကြောက်နေရ ရှာတော့တာပါပဲ…
ပတ်ဝန်းကျင်ကတောင် မခံမရပ်နိုင်အောင် ဖြစ်ကြရပါတယ် “ ဒီလောက် နှိပ်စက်နေတဲ့ ယောက်ျားကို နင်ထားခဲ့ပါတော့လား ” ဆိုလည်း မထားခဲ့နိုင်ပါဘူး ... သူမ မပြတ်နိုင်ပါဘူး … ဒါနဲ့ နောက်ဆုံး ကြံရာမရတော့တဲ့အခါ … ရွာဦး ဘုန်းတော်ကြီးကျောင်းက ဆရာတော်ကြီးထံ အကျိုး အကြောင်း သွားပြီး လျှောက်ရရှာပါတယ်…။ * နောက်ဆုံးတော့လည်း အားကိုးရာက သံဃာရတနာ ပါပဲ…*
အကြောင်းစုံကို သိရတဲ့ အခါ ဆရာတော်ကြီးက မေးပါတယ် …
“ ဒကာမရဲ့ ယောက်ကျားက ဘယ်အချိန်တွေမှာ အရိုက်များတတ်သလဲ ”
“ ရိုက်တာတော့ အချိန်တိုင်းလိုလိုပါပဲ ဘုရား၊ သို့ပေမယ့် သူထမင်းစားခါနီးရင် ပိုပြီး ရိုက်တတ်ပါတယ် ဘုရား ”
ဒါနဲ့ပဲ ဆရာတော်ကြီးက အနီးအနားမှာ ရှိနေတဲ့ အုန်းလက်အရိုးတွေကို စုစည်းပြီး လုပ်ထားတဲ့ အုန်းတံမြက်စည်းကို ပေးပြီး…
“ ရော့ … နင့်ယောက်ကျား ထမင်းစားဖို့ စားပွဲနားမှာ ထိုင်တာနဲ့ အဲဒီတံမြက်စည်းကို အနားမှာသာ ချထားပေးလိုက် ” ဒီလိုပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲကို ကြွဝင်သွားပါတော့တယ် ။
အမျိုးသမီး ခမျာလည်း ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကို မသိ နားမလည် သော်လည်း “ အကြောင်းတော့ ရှိမှာပဲ ” ဆိုပြီး တံမြက်စည်းလေး ပိုက်လို့ အိမ်ကို ပြန်လာခဲ့ ပါတယ် ။
ဆရာတော်ကြီး မိန့်ခဲ့တဲ့ အတိုင်း သူ့ယောက်ျား ထမင်း စားခါနီးလို့ အပြစ် တစ်ခုခု ရှာတော့မယ် ဆိုတာနဲ့ အမျိုးသမီးက တံမြက်စည်းလေးကို မသိမသာ အနားကို တိုးပေးထား လိုက်တယ် ၊ အမျိုးသားကလည်း အနားမှာ အစဉ်သင့်ရှိနေတဲ့ တံမြက်စည်းနဲ့ ကောက်ရိုက်တော့တာပါပဲ ။
ဒီလိုနဲ့ တစ်လလောက် ကြာလာတဲ့ အခါမှာ … အမျိုးသားရဲ့ရိုက်ပုတ် နှိပ်စက်မှုတွေက တဖြည်းဖြည်း နည်းနည်းသွားပြီး နောက်ဆုံး လုံးဝ မရိုက်တော့ပါဘူး ။
အမျိုးသမီးက စမ်းသပ်ကြည့် ပါတယ် … ထမင်းကို စားလို့ လုံးဝ မကောင်းအောင် ပျော့အောင် ချက်ကြည့်တယ်၊ မနက်ကတည်းက ချက်ထားတဲ့ ထမင်းအေးကြီး ချကျွေးကြည့်တယ် ၊ ဘယ်လိုပဲ စမ်းစမ်း မရိုက်တော့ပါဘူး…။
ဒါနဲ့ပဲ နောက်ဆုံး အမျိုးသမီးက သူ့အမျိုးသား ကိုပါ ခေါ်ပြီး ကျေးဇူးရှင် ရွာဦးကျောင်း ဆရာတော်ကြီးထံ အကြောင်းစုံ သွားပြီးလျှောက်ထားတဲ့ အခါမှာတော့ … ဆရာတော်ကြီးက မိန့်ပါတယ် … “ အဲဒါ ဝဋ်ကြွေးကျေအောင် လုပ်ပေးလိုက်တာ ”…တဲ့ ။
ဆရာတော်ကြီး ဆက်ပြီး မိန့်တာက … “ တို့ဘုရားရှင် လက်ထက်တော် တုန်းကလည်း ဒီလိုပဲ ဒကာတို့ ၊ ဒကာမတို့ … အတိတ်ဘဝက နွားဖြစ်ခဲ့ဖူးတဲ့ လင်ယောက်ကျားနဲ့ နွားရှင်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတို့ အကြင်လင်မယားဖြစ် ပြန်လည် ဆုံကြတဲ့ အခါမှာ … အတိတ်က နွားရှင်ဖြစ်ခဲ့စဉ်က နေ့စဉ် ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးကို နွားဖြစ်ခဲ့ဖူးတဲ့ အမျိုးသားက နေ့တိုင်း ရိုက်နှက်နေတာမို့ ဘုရားရှင်က ခု ဘုန်းကြီးပေးတဲ့ နည်းလေး ညွှန်ကြားပေးတော် မူခဲ့တယ် …
တုတ်တစ်ချောင်းနဲ့ တစ်ချက်ခြင်း ရိုက်နေတော့ ဝဋ်ကြွေးက တော်တော်နဲ့ မကျေဘူးပေါ့၊ . အုန်းလက်ရိုး တံမြက်စည်းက တစ်ချောင်းကို အုန်းလက်ပေါင်း ရာချီပြီး စုစည်းထားတာမို့ တစ်ချက်ရိုက်တာနဲ့ အနည်းဆုံး အချက် ငါးဆယ်လောက် ကြေပါတယ် … ဒါကြောင့် ဘုန်းကြီးလည်း ဒကာမက လာပြီးလျှေ ာက်ထားတော့ ဘုရားပေးတဲ့ နည်းလေး အတိုင်းပဲ ပေးလိုက်တာပါ…
“ ကဲ…ခုတော့ ဝဋ်ကြွေးတွေလည်း ကျေသွားကြပြီမို့ ပျော်ပျော် ရွှင်ရွှင် နေကြပေရော့ ” ဒီလောက်ပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲ ကြွဝင်သွားပါတော့တယ် … ။
ကဲ … စာဖတ်ပရိသတ်လည်းပဲ … ဒီနည်းလေးကို နည်းယူပြီး သုံးကြမယ်ဆိုရင်တော့ …
* တစ်ခါတစ်ရံ ကိုယ့်မှာ အပြစ်မရှိပဲ အပြစ်တင်ခံရတဲ့ အခါ … အပြစ်ပြန်ပြီး မတင်ပါနဲ့ … ဝဋ်ကြွေး မကျေဖြစ်ပါလိမ့်မယ်… များများလေးသာ တင်ပါစေ… ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေလိမ့်မယ် ။
* ကိုယ်တန်ဖိုးအထားဆုံး ကိုယ့်သိက္ခာတရားကို ရစရာ မရှိအောင် နှိမ်ချတဲ့ စကားတွေ အပြောခံရတဲ့ အခါလည်း ကြုံရပါလိမ့်မယ် … ပြန်မပြောပါနဲ့ … ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ် … များများလေးသာ ပြောပါစေ … ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်…။
* ကိုယ်က ကျေးဇူးပြုဖူးသူက ကိုယ့်ကျေးဇူးကို အခါခါ စော်ကားတာ မျိုးလည်း ကြုံရပါလိမ့်မယ် … ကျေးဇူးရှိလို့ ကျေးစွတ်တယ်လို့ မပြောလိုက်ပါနဲ့ … ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ် … များများလေးသာ စော်ကားပါစေ … ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ် …. ။
Credit to original writer
0 Comments