ေျမြစားမယ့္ ဖားကို ကယ္တာ ကုသိုလ္လား၊ အကုသိုလ္လား


တခါတြင္ ေျမြတေကာင္က ဖားကို ကိုက္မ်ိဳ ထားသည္ကို ေတြ႕ရေသာ လူတေယာက္က ဖားမေသေစရန္ အတြက္ ေျမြကို ေျခာက္လွန္႕ လႊတ္လိုက္၏ ။

ထိုအခါ သူ၏ မိတ္ေဆြ အခိ်ဳ႕က ေျမြစားရမည့္ အစာကို ဖ်က္ဆီးသည့္ အတြက္ အကုသိုလ္ ျဖစ္သည္ ။ ငရဲက်မည္ ေျပာၾကသည့္ အတြက္ ထိုသူသည္ အျမဲ စိတ္ဆင္းရဲေန ရွာ၏ ။

ထိုသူက ဦးနီကို ထိုအေၾကာင္း လာေမးသည့္ အခါ ဦးနီေျဖပုံကို ၾကည့္ပါ ...

' မင္းက ေျမြပါးစပ္က ဖားလြတ္သြားေအာင္ ေျခာက္လွန္႕ ေမာင္းႏွင္ေပးသခိုက္မွာ မင္းစိတ္ထဲမွာ ဒီေျမြၾကီး အစာငတ္ ေသပါေစ ဆိုတ့ဲ ေစတနာမိ်ဳး ရွိသလား ။ ဒါမွမဟုတ္ ဒီဖားေလး ေျမြေဘးက လြတ္ၿပီး အသက္ခ်မ္းသာရာ ရပါေစ ဆိုတ့ဲ ေစတနာမိ်ဳး ရွိသလား။ မလိမ္ဘဲ စိတ္ထဲရွိတ့ဲအတိုင္း ေျဖၾကည့္လိုက္'

' ဒါကေတာ့ကြာ ရွင္းရွင္းေလးပဲ ၊ ဖားေလး အသက္ရွင္ပါေစ ဆိုတ့ဲ ေစတနာနဲ႔ပဲ ေမာင္းလိုက္တာပါ ။ေျမြ အစာငတ္ပါေစ ဆိုတ့ဲ ေစတနာ လုံးလုံး မပါပါဘူး '

' ဒါဆိုရင္ မင္းျပႆနာကို မင္းကိုယ္တိုင္ ေျဖရွင္းျပီးသား ျဖစ္သြားၿပီ ။ ' ေစတနာ ဟံ ဘိကၡေဝ ကမၼံဝဒါမိ ' ရဟန္းတို႔ - ေစတနာကို အကိ်ဳးေပးတတ္တ့ဲကံလို႕ ငါဘုရား ေဟာတယ္ဆိုတ့ဲ ေဒသနာအရ မင္းရဲ႕ေစတနာက ဖားေလးကို အသက္ေဘးက လြတ္သြားေစခ်င္တယ္ ။

ဒါဟာ ေကာင္းတ့ဲေစတနာပဲ ။ ဒါေၾကာင့္ မင္းလည္း အသက္ေဘးက လြတ္တ့ဲ ေကာင္းကိ်ဳး ခံစားရမယ္ ။ ဒါ ရွင္းရွင္းေလးပဲ '

' ေအးကြာ ဒီလို ရွင္းရွင္းလင္းလင္း သိရမွပဲ စိတ္ခ်မ္းသာသြား ေတာ့တယ္ '

' ဒါတင္ မကေသးဘူးကြ ။ေျမြၾကီးဟာလည္း ဖားကို မသတ္ရေတာ့တ့ဲ အတြက္ ပါဏာတိပါတ အကုသိုလ္ကံက လြတ္သြားေသးတယ္ ။ ဒီအတြက္လည္း မင္းမွာ ကုသိုလ္ ရဦးမယ္ ။

မင္းက ဖားေလးကို ေမာင္းထုတ္လိုက္တ့ဲအတြက္ ေျမြဟာ အစာငတ္ ေသမယ္ဆိုတာလည္း သဘာဝနဲ႕ၾကည့္ရင္ မျဖစ္နိုင္ဘူး ။ ဒီဖားကို မစားရလည္း တျခားအစာကို ရွာစားမွာပါပဲ '

ဤျပႆနာ၌ ဦးနီေျဖသည္မွာ အမွန္ပင္ျဖစ္သည္။

အရာရာတြင္ အကုသိုလ္ျဖစ္ ၊ မျဖစ္ ။ အျပစ္ျဖစ္၊ မျဖစ္ မဆုံးျဖတ္နိုင္ျဖစ္ ခ့ဲလ်ွင္ ထိုသူ၏ သႏၲာန္တြင္ ျဖစ္ေနေသာ ေစတနာျဖင့္ ဆုံးျဖတ္လ်ွင္ အမွန္ကို ေရာက္မည္ျဖစ္၏ ။

တခါကလည္း ဘုရားေက်ာင္းေဆာင္ကို သန္႕ရွင္းေရးလုပ္ရင္း ၊ ပင့္ကူအိမ္ေတြ ပါသြားသျဖင့္ အျပစ္ရွိ ၊ မရွိ ေမးဖူး၏ ။

အေျဖကား - ' ဘုရားေက်ာင္းေဆာင္ကို သန္႕ရွင္းေရး လုပ္ေနကတည္းက ေက်ာင္းေဆာင္ကို သန္႕ရွင္းသြားေစလိုေသာ ေစတနာေကာင္းသာ ရွိေန၏ ။

ပင့္ကူအိမ္ေတြ ပ်က္ျပီး ပင့္ကူေတြကို ဒုကၡေရာက္ၾက ပါေစ ဟူေသာ ေစတနာဆိုး မရွိ ။ ထိုေၾကာင့္ အျပစ္မရွိ၊ ကုသိုလ္သာ ျဖစ္၏ 'ဟု ဆုံးျဖတ္ရ ပါမည္ ။

ေမတၱာရွင္(ေရႊျပည္သာ)

(Unicode)


မြွေစားမယ့် ဖားကို ကယ်တာ ကုသိုလ်လား၊ အကုသိုလ်လား


တခါတွင် မြွေတကောင်က ဖားကို ကိုက်မျို ထားသည်ကို တွေ့ရသော လူတယောက်က ဖားမသေစေရန် အတွက် မြွေကို ခြောက်လှန့် လွှတ်လိုက်၏ ။

ထိုအခါ သူ၏ မိတ်ဆွေ အချို့က မြွေစားရမည့် အစာကို ဖျက်ဆီးသည့် အတွက် အကုသိုလ် ဖြစ်သည် ။ ငရဲကျမည် ပြောကြသည့် အတွက် ထိုသူသည် အမြဲ စိတ်ဆင်းရဲနေ ရှာ၏ ။

ထိုသူက ဦးနီကို ထိုအကြောင်း လာမေးသည့် အခါ ဦးနီဖြေပုံကို ကြည့်ပါ ...

' မင်းက မြွေပါးစပ်က ဖားလွတ်သွားအောင် ခြောက်လှန့် မောင်းနှင်ပေးသခိုက်မှာ မင်းစိတ်ထဲမှာ ဒီမြွေကြီး အစာငတ် သေပါစေ ဆိုတဲ့ စေတနာမျိုး ရှိသလား ။ ဒါမှမဟုတ် ဒီဖားလေး မြွေဘေးက လွတ်ပြီး အသက်ချမ်းသာရာ ရပါစေ ဆိုတဲ့ စေတနာမျိုး ရှိသလား။ မလိမ်ဘဲ စိတ်ထဲရှိတဲ့အတိုင်း ဖြေကြည့်လိုက် '

' ဒါကတော့ကွာ ရှင်းရှင်းလေးပဲ ၊ ဖားလေး အသက်ရှင်ပါစေ ဆိုတဲ့ စေတနာနဲ့ပဲ မောင်းလိုက်တာပါ ။မြွေ အစာငတ်ပါစေ ဆိုတဲ့ စေတနာ လုံးလုံး မပါပါဘူး '

' ဒါဆိုရင် မင်းပြဿနာကို မင်းကိုယ်တိုင် ဖြေရှင်းပြီးသား ဖြစ်သွားပြီ ။ ' စေတနာ ဟံ ဘိက္ခဝေ ကမ္မံဝဒါမိ ' ရဟန်းတို့ - စေတနာကို အကျိုးပေးတတ်တဲ့ကံလို့ ငါဘုရား ဟောတယ်ဆိုတဲ့ ဒေသနာအရ မင်းရဲ့စေတနာက ဖားလေးကို အသက်ဘေးက လွတ်သွားစေချင်တယ် ။

ဒါဟာ ကောင်းတဲ့စေတနာပဲ ။ ဒါကြောင့် မင်းလည်း အသက်ဘေးက လွတ်တဲ့ ကောင်းကျိုး ခံစားရမယ် ။ ဒါ ရှင်းရှင်းလေးပဲ '

' အေးကွာ ဒီလို ရှင်းရှင်းလင်းလင်း သိရမှပဲ စိတ်ချမ်းသာသွား တော့တယ် '

' ဒါတင် မကသေးဘူးကွ ။မြွေကြီးဟာလည်း ဖားကို မသတ်ရတော့တဲ့ အတွက် ပါဏာတိပါတ အကုသိုလ်ကံက လွတ်သွားသေးတယ် ။ ဒီအတွက်လည်း မင်းမှာ ကုသိုလ် ရဦးမယ် ။

မင်းက ဖားလေးကို မောင်းထုတ်လိုက်တဲ့အတွက် မြွေဟာ အစာငတ် သေမယ်ဆိုတာလည်း သဘာဝနဲ့ကြည့်ရင် မဖြစ်နိုင်ဘူး ။ ဒီဖားကို မစားရလည်း တခြားအစာကို ရှာစားမှာပါပဲ '

ဤပြဿနာ၌ ဦးနီဖြေသည်မှာ အမှန်ပင်ဖြစ်သည်။

အရာရာတွင် အကုသိုလ်ဖြစ် ၊ မဖြစ် ။ အပြစ်ဖြစ်၊ မဖြစ် မဆုံးဖြတ်နိုင်ဖြစ် ခဲ့လျှင် ထိုသူ၏ သန္တာန်တွင် ဖြစ်နေသော စေတနာဖြင့် ဆုံးဖြတ်လျှင် အမှန်ကို ရောက်မည်ဖြစ်၏ ။

တခါကလည်း ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးလုပ်ရင်း ၊ ပင့်ကူအိမ်တွေ ပါသွားသဖြင့် အပြစ်ရှိ ၊ မရှိ မေးဖူး၏ ။

အဖြေကား - ' ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေး လုပ်နေကတည်းက ကျောင်းဆောင်ကို သန့်ရှင်းသွားစေလိုသော စေတနာကောင်းသာ ရှိနေ၏ ။

ပင့်ကူအိမ်တွေ ပျက်ပြီး ပင့်ကူတွေကို ဒုက္ခရောက်ကြ ပါစေ ဟူသော စေတနာဆိုး မရှိ ။ ထိုကြောင့် အပြစ်မရှိ၊ ကုသိုလ်သာ ဖြစ်၏ 'ဟု ဆုံးဖြတ်ရ ပါမည် ။

မေတ္တာရှင်(ရွှေပြည်သာ)

Post a Comment

0 Comments

close