👧 အခ်စ္ႀကီးတဲ့ မိန္းကေလးေတြမွာ ဒီလိုအက်င့္ေလးေတြ ရိွတယ္ 💘


(Zawgyi)


💓💓💓💓💓💓💓💓👧
အရမ္း စိတ္တုိတဲ့အခါ ေျပာခ်င္ရာ ေျပာလုိက္မိၿပီး ငါ ေျပာတာ လြန္သြားလားလုိ႔ ေတြးေတြးၿပီး မ်က္ရည္က်ရတဲ့ အခုိက္အတန္႔ ဆုိတာ အခ်စ္ႀကီးတဲ့ မိန္းကေလးတုိင္းမွာ ႐ွိတယ္။

အရမ္းသဝန္တုိ လုိ႔ ကုိယ့္ခ်စ္သူကုိ ေပါက္ကြဲမိၿပီးမွ ငါ သံသယ ဝင္ၿပီး သူ႔ ဂုဏ္သိကၡာကုိ ထိခုိက္ေအာင္ လုပ္မိပါလားလုိ႔ ေတြးေတြးၿပီး ကုိယ့္ကုိယ္ကုိ အျပစ္တင္ေနတဲ့ အခုိက္အတန္႔ ဆုိတာ အခ်စ္ႀကီးတဲ့ မိန္းကေလး တစ္ခ်ဳိ႕မွာ ျဖစ္ေနတတ္ပါတယ္။

ခ်စ္သူကုိ အလြန္အကြၽံ စိတ္ေကာက္ပီးမွ ကုိယ့္ခ်စ္သူ စိတ္ညစ္သြားပီလား လုိ႔ ေတြးေတြးရင္း သနားစိတ္ ၊ စုိးရိမ္စိတ္ ျဖစ္ေနတာမ်ဳိးကုိ အခ်စ္ႀကီးတဲ့ မိန္းကေလးတစ္ခ်ဳိ႕မွာ ျဖစ္ေနတတ္တယ္။

ကုိယ့္ခ်စ္သူ စိတ္ညစ္ရမွာစုိးလုိ႔ ကုိယ့္ရဲ႕ အခက္အခဲကုိ ၿမဳိသိပ္ပီး ခ်စ္ရသူနဲ႔ အတူတူ ရယ္ေမာ ေပ်ာ္ရႊင္ေအာင္ ဟန္ေဆာင္ေနတတ္တာမ်ဳိး အခ်စ္ႀကီးၿပီး သနားၾကင္နာတတ္တဲ့ မိန္းကေလးတစ္ခ်ဳိ႕မွာ ႐ွိေနတတ္တယ္။

ကုိယ့္ရဲ႕ မျမင္ကြယ္ရာမွာ ကုိယ္ခ်စ္ရသူ ဘာေတြမ်ား လုပ္ေနမလဲ ဆုိၿပီး စိတ္ပူကာ ငုိေႂကြးေနတဲ့ အခုိက္ အတန္႔ဆုိတာ တကယ္ခ်စ္တဲ့ မိန္းကေလးတုိင္းလုိလုိမွာ ျဖစ္ေနတတ္ပါတယ္။

မိန္းကေလးေတြရဲ႕ သဘာဝဟာ ရင္ထဲက ခံစားခ်က္ေတြကုိ မ်က္ရည္နဲ႕ ေျဖသိမ့္ရင္း ကုိယ္ခ်စ္ရသူကုိ စိတ္ပူျခင္း ၊ သဝန္တုိျခင္း ၊ ေလာဘႀကီးျခင္း ၊ အမွားအမွန္​ကုိ တစ္​ခါတစ္​​ေလ မေဝခြဲႏူိင္ျခင္း စေသာ ခံစားခ်က္မ်ား ျဖစ္ေနတတ္ပါတယ္။
💓💓💓💓💓💓💓💓👧

credit#Kurneair_Zion #Kz:-)

(Unicode)


👧 အချစ်ကြီးတဲ့ မိန်းကလေးတွေမှာ ဒီလိုအကျင့်လေးတွေ ရှိတယ် 💘

💓💓💓💓💓💓💓💓👧
အရမ်း စိတ်တိုတဲ့အခါ ပြောချင်ရာ ပြောလိုက်မိပြီး ငါ ပြောတာ လွန်သွားလားလို့ တွေးတွေးပြီး မျက်ရည်ကျရတဲ့ အခိုက်အတန့် ဆိုတာ အချစ်ကြီးတဲ့ မိန်းကလေးတိုင်းမှာ ရှိတယ်။

အရမ်းသဝန်တို လို့ ကိုယ့်ချစ်သူကို ပေါက်ကွဲမိပြီးမှ ငါ သံသယ ဝင်ပြီး သူ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်မိပါလားလို့ တွေးတွေးပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့ အခိုက်အတန့် ဆိုတာ အချစ်ကြီးတဲ့ မိန်းကလေး တစ်ချို့မှာ ဖြစ်နေတတ်ပါတယ်။

ချစ်သူကို အလွန်အကျွံ စိတ်ကောက်ပီးမှ ကိုယ့်ချစ်သူ စိတ်ညစ်သွားပီလား လို့ တွေးတွေးရင်း သနားစိတ် ၊ စိုးရိမ်စိတ် ဖြစ်နေတာမျိုးကို အချစ်ကြီးတဲ့ မိန်းကလေးတစ်ချို့မှာ ဖြစ်နေတတ်တယ်။

ကိုယ့်ချစ်သူ စိတ်ညစ်ရမှာစိုးလို့ ကိုယ့်ရဲ့ အခက်အခဲကို မြိုသိပ်ပီး ချစ်ရသူနဲ့ အတူတူ ရယ်မော ပျော်ရွှင်အောင် ဟန်ဆောင်နေတတ်တာမျိုး အချစ်ကြီးပြီး သနားကြင်နာတတ်တဲ့ မိန်းကလေးတစ်ချို့မှာ ရှိနေတတ်တယ်။

ကိုယ့်ရဲ့ မမြင်ကွယ်ရာမှာ ကိုယ်ချစ်ရသူ ဘာတွေများ လုပ်နေမလဲ ဆိုပြီး စိတ်ပူကာ ငိုကြွေးနေတဲ့ အခိုက်အတန့်ဆိုတာ တကယ်ချစ်တဲ့ မိန်းကလေးတိုင်းလိုလိုမှာ ဖြစ်နေတတ်ပါတယ်။

မိန်းကလေးတွေရဲ့ သဘာဝဟာ ရင်ထဲက ခံစားချက်တွေကို မျက်ရည်နဲ့ ဖြေသိမ့်ရင်း ကိုယ်ချစ်ရသူကို စိတ်ပူခြင်း ၊ သဝန်တိုခြင်း ၊ လောဘကြီးခြင်း ၊ အမှားအမှန်ကို တစ်ခါတစ်လေ မဝေခွဲနိူင်ခြင်း စသော ခံစားချက်များ ဖြစ်နေတတ်ပါတယ်။
💓💓💓💓💓💓💓💓👧

credit#Kurneair_Zion #Kz:-)

Post a Comment

0 Comments

close