သူမနဲ႔ ေရႊလက္တြဲေပးမယ့္ ခ်စ္သူကို ေဒၚလာ ၇၈၀၀၀ ေပးမယ္ ဆိုၿပီး ခ်စ္သူ ရွာေနသူေလး
ယူေကႏိုင္ငံမွာ အသက္ အငယ္ရြယ္ဆံုး အျဖစ္ Euromillions ထီကို ကံထူးခဲ့ဖူးတဲ့ ဂ်ိန္းပါ့ခ္ ဆိုတဲ့ ကညာပ်ိဳေလးဟာ သူ႕အသက္ ၁၇ ႏွစ္မွာ ထီေပါက္ကံ ပြင့္ခဲ့ၿပီး သန္းႂကြယ္သူေဌးမေလး ျဖစ္လာခဲ့ေပမယ့္ အဲ့ဒီအခ်ိန္ ကေန အခု လက္႐ွိ ၂၃ ႏွစ္ အထိ ေတာ့ သူမရဲ႕ အခ်စ္ေရး မွာေတာ့ ဘယ္လိုမွ ကံမပြင့္ ၊ စန္းမပြင့္ႏို္င္ေသးဘဲ အခ်စ္ကံဇာတာ စုန္းစုန္းျမဳပ္ေန ဆဲပါ ။
တြဲလိုက္တိုင္း အဆင္မေျပ ခြာျပဲသြားရတဲ့ အခ်စ္မ်ိဳးေတြပဲ ၾကံဳေတြ႕ခဲ့ရၿပီး အခုခ်ိန္ထိ နဖူးစာ ရြာလည္ေနတုန္းပါပဲ ။ ဘဝလက္တြဲေဖာ္ အစစ္ကို သူ အမွန္တကယ္ လိုအပ္ေန ပါတယ္ ။
ဒါေၾကာင့္ ဂ်ိန္း ဟာ သူနဲ႔ တြဲခုတ္ေပးမယ့္ သူမစိတ္ႀကိဳက္ ပုရိသ တဦးကို တႏွစ္ အေမရိကန္ ေဒၚလာ ၇၈၀၀၀ ေထာက္ပံ့ေပးမယ္ လို႔ ကမ္းလွမ္းၿပီး အြန္လိုင္းမွာ ဝက္ဘ္ဆိုက္ ဖြင့္ၿပီး ေလ်ွာက္လႊာေတြ ေခၚယူေနပါၿပီ ။ ေ႐ွးဘုရင္မ်ားလို တိုင္းျပည္လွည့္လည္ ေၾကျငာ ေမာင္းခတ္ရသလို ဂ်ိန္းရဲ႕ နဖူးစာ႐ွင္ ျဖစ္လိုသူတိုင္း ဝင္ေရာက္ ေလ်ွာက္ထားႏိုင္ၿပီ ျဖစ္ပါတယ္ ။
ဂ်ိန္းဟာ ထီေပါက္ၿပီးခ်ိန္က စၿပီး တနာရီ ၁၀ ေဒၚလာသာ ရတဲ့ သူမရဲ႕ အလုပ္ကို ထြက္ပစ္လိုက္တယ္ ။ သြားကို ခြဲစိတ္ျပဳျပင္တယ္ ။ ရင္သား နဲ႔ တင္ပါးဆံုကို ပလတ္စတစ္ ဆာဂ်ရီ ျပဳလုပ္ခဲ့တယ္ ။ အိမ္အသစ္ဝယ္တယ္ ။ ကားအေကာင္းစား စီးတယ္ ။ ခရီးရက္႐ွည္ ထြက္ၿပီး အမိုက္ဆံုး ဇိမ္ခံတယ္ ။
ဒါေပမယ့္ အခ်စ္ေရး ကံမေကာင္းသူ ဂ်ိန္းဟာ အခ်စ္စစ္ ၊ အခ်စ္မွန္ကို ႐ွာေဖြဖို႔ ခက္ခဲေနဆဲျဖစ္ၿပီး သူ႕မွာ ဥစၥာပစၥည္းႂကြယ္ဝ ေနခ်ိန္မွာ လူေတြရဲ႕ စိတ္ရင္းအမွန္ကို သိဖို႔ခက္တယ္ လို႔ ဝန္ခံပါတယ္ ။ သူ႕ကို ခ်စ္တာလား၊ သူ႕ပိုင္ဆိုင္မႈကို မက္ေမာတာလား ေဝခြဲရ ခက္ခဲ့ၿပီး အခ်စ္မွာ က်႐ွံုးခဲ့ရတယ္ ။ ဒါေၾကာင့္ အခုလို တေလာကလံုးကို အမ်ားသိေၾကျငာ ေမာင္းခတ္ရင္း အသိေပးၿပီး သူမ လိုအပ္ေနတဲ့ အခ်စ္၊ သူ႕ရဲ့ဖူးစာ႐ွင္ အစစ္ကို အားလံုးရဲ့ မ်က္စိေ႐ွ႕ေမွာက္မွာတင္ ႐ွာေဖြေတာ့မွာျဖစ္ပါတယ္ ။
ဘာပဲျဖစ္ျဖစ္ ဂ်ိန္းအတြက္ကေတာ့ သစၥာတရားက အေရးအႀကီးဆံုးပါပဲ ။ က်န္တဲ့အရာေတြက ပမႊားေတြပါ လို႔ ဆိုခဲ့သလို သူ႕အေပၚ အမွန္တကယ္ သစၥာ႐ွိတဲ့သူ ဆိုရင္ေတာ့ ေသခ်ာေပါက္ ျပန္ေပးဆပ္မႈေတြျပဳလုပ္ဖို႔ ဝန္မေလးပါဘူး ။ သူမ တကယ္ လိုအပ္ေနတာ စစ္မွန္တဲ့အခ်စ္နဲ႔ သစၥာတရားသာ ျဖစ္ပါတယ္တဲ့ ။
သူမ လိုအပ္တဲ့ ႀကီးမားတဲ့ သစၥာေစာင့္သိမႈနဲ႔ ယွဥ္ရင္ေတာ့ သူေထာက္ပံ့ေပးရမယ့္ ပိုက္ဆံေတြဟာ ျမဴတစ္မႈန္စာသာ ႐ွိတယ္လို႔ ထုတ္ေျပာခဲ့ပါေသးတယ္ ။ ဂ်ိန္းရဲ႕ အခ်စ္ေပ်ာက္႐ွာေဖြေရး ခရီးကို မွတ္တမ္း႐ုပ္႐ွင္႐ိုက္ကူးသြားမွာျဖစ္ၿပီး ေနာက္ႏွစ္မွာ တရားဝင္ ထုတ္လႊင့္ျပသသြားမယ္ လို႔လည္း သိရပါတယ္ ။
Namalgyi
(Unicode)
သူမနဲ့ ရွှေလက်တွဲပေးမယ့် ချစ်သူကို ဒေါ်လာ ၇၈၀၀၀ ပေးမယ် ဆိုပြီး ချစ်သူ ရှာနေသူလေး
ယူကေနိုင်ငံမှာ အသက် အငယ်ရွယ်ဆုံး အဖြစ် Euromillions ထီကို ကံထူးခဲ့ဖူးတဲ့ ဂျိန်းပါ့ခ် ဆိုတဲ့ ကညာပျိုလေးဟာ သူ့အသက် ၁၇ နှစ်မှာ ထီပေါက်ကံ ပွင့်ခဲ့ပြီး သန်းကြွယ်သူဌေးမလေး ဖြစ်လာခဲ့ပေမယ့် အဲ့ဒီအချိန် ကနေ အခု လက်ရှိ ၂၃ နှစ် အထိ တော့ သူမရဲ့ အချစ်ရေး မှာတော့ ဘယ်လိုမှ ကံမပွင့် ၊ စန်းမပွင့်နိုင်သေးဘဲ အချစ်ကံဇာတာ စုန်းစုန်းမြုပ်နေ ဆဲပါ ။
တွဲလိုက်တိုင်း အဆင်မပြေ ခွာပြဲသွားရတဲ့ အချစ်မျိုးတွေပဲ ကြုံတွေ့ခဲ့ရပြီး အခုချိန်ထိ နဖူးစာ ရွာလည်နေတုန်းပါပဲ ။ ဘဝလက်တွဲဖော် အစစ်ကို သူ အမှန်တကယ် လိုအပ်နေ ပါတယ် ။
ဒါကြောင့် ဂျိန်း ဟာ သူနဲ့ တွဲခုတ်ပေးမယ့် သူမစိတ်ကြိုက် ပုရိသ တဦးကို တနှစ် အမေရိကန် ဒေါ်လာ ၇၈၀၀၀ ထောက်ပံ့ပေးမယ် လို့ ကမ်းလှမ်းပြီး အွန်လိုင်းမှာ ဝက်ဘ်ဆိုက် ဖွင့်ပြီး လျှောက်လွှာတွေ ခေါ်ယူနေပါပြီ ။ ရှေးဘုရင်များလို တိုင်းပြည်လှည့်လည် ကြေငြာ မောင်းခတ်ရသလို ဂျိန်းရဲ့ နဖူးစာရှင် ဖြစ်လိုသူတိုင်း ဝင်ရောက် လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ် ။
ဂျိန်းဟာ ထီပေါက်ပြီးချိန်က စပြီး တနာရီ ၁၀ ဒေါ်လာသာ ရတဲ့ သူမရဲ့ အလုပ်ကို ထွက်ပစ်လိုက်တယ် ။ သွားကို ခွဲစိတ်ပြုပြင်တယ် ။ ရင်သား နဲ့ တင်ပါးဆုံကို ပလတ်စတစ် ဆာဂျရီ ပြုလုပ်ခဲ့တယ် ။ အိမ်အသစ်ဝယ်တယ် ။ ကားအကောင်းစား စီးတယ် ။ ခရီးရက်ရှည် ထွက်ပြီး အမိုက်ဆုံး ဇိမ်ခံတယ် ။
ဒါပေမယ့် အချစ်ရေး ကံမကောင်းသူ ဂျိန်းဟာ အချစ်စစ် ၊ အချစ်မှန်ကို ရှာဖွေဖို့ ခက်ခဲနေဆဲဖြစ်ပြီး သူ့မှာ ဥစ္စာပစ္စည်းကြွယ်ဝ နေချိန်မှာ လူတွေရဲ့ စိတ်ရင်းအမှန်ကို သိဖို့ခက်တယ် လို့ ဝန်ခံပါတယ် ။ သူ့ကို ချစ်တာလား၊ သူ့ပိုင်ဆိုင်မှုကို မက်မောတာလား ဝေခွဲရ ခက်ခဲ့ပြီး အချစ်မှာ ကျရှုံးခဲ့ရတယ် ။ ဒါကြောင့် အခုလို တလောကလုံးကို အများသိကြေငြာ မောင်းခတ်ရင်း အသိပေးပြီး သူမ လိုအပ်နေတဲ့ အချစ်၊ သူ့ရဲ့ဖူးစာရှင် အစစ်ကို အားလုံးရဲ့ မျက်စိရှေ့မှောက်မှာတင် ရှာဖွေတော့မှာဖြစ်ပါတယ် ။
ဘာပဲဖြစ်ဖြစ် ဂျိန်းအတွက်ကတော့ သစ္စာတရားက အရေးအကြီးဆုံးပါပဲ ။ ကျန်တဲ့အရာတွေက ပမွှားတွေပါ လို့ ဆိုခဲ့သလို သူ့အပေါ် အမှန်တကယ် သစ္စာရှိတဲ့သူ ဆိုရင်တော့ သေချာပေါက် ပြန်ပေးဆပ်မှုတွေပြုလုပ်ဖို့ ဝန်မလေးပါဘူး ။ သူမ တကယ် လိုအပ်နေတာ စစ်မှန်တဲ့အချစ်နဲ့ သစ္စာတရားသာ ဖြစ်ပါတယ်တဲ့ ။
သူမ လိုအပ်တဲ့ ကြီးမားတဲ့ သစ္စာစောင့်သိမှုနဲ့ ယှဉ်ရင်တော့ သူထောက်ပံ့ပေးရမယ့် ပိုက်ဆံတွေဟာ မြူတစ်မှုန်စာသာ ရှိတယ်လို့ ထုတ်ပြောခဲ့ပါသေးတယ် ။ ဂျိန်းရဲ့ အချစ်ပျောက်ရှာဖွေရေး ခရီးကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးသွားမှာဖြစ်ပြီး နောက်နှစ်မှာ တရားဝင် ထုတ်လွှင့်ပြသသွားမယ် လို့လည်း သိရပါတယ် ။
Namalgyi
0 Comments