၁။ ျဖစ္သမွ် အေၾကာင္းကို လက္ခံပါ ။
အစြဲအလမ္းႀကီးမေနပါနဲ႔။ ခ်စ္သူႏွစ္ဦးလမ္းခြဲျပတ္ဆဲၾကတဲ့အခါမွာ စိတ္ညစ္၊ ထိခိုက္နာက်င္ခံစားရတာက သဘာ၀ပါပဲ ။ အထူးသျဖင့္ တတိယလူ ပါ၀င္လာရင္ ပိုဆိုးတတ္ပါတယ္ ။ သင့္အတြက္ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ ခံစားထိခိုက္ေနႏိုင္ပါတယ္။ ဒါေပမယ့္ သင္စိတ္ဆိုးစိတ္ညစ္ေနရင္လည္း သင္တစ္ေယာက္ပဲ ေနရခက္ေနမွာပါ ။ ဒါ့ေၾကာင့္ ျဖစ္သမွ်အေၾကာင္းကို လက္ခံႏိုင္ဖို႔ ႀကိဳးစားပါ။ ျဖစ္ၿပီးတာေတြကို ၿပီးပါေစေတာ့လို႔ သေဘာထားပါ။ ဒီလိုလက္ခံျခင္းဟာ ပထမဆံုးေျခလွမ္းျဖစ္ပါတယ္။ ျဖစ္ခဲ့သမွ်ကို လက္ခံၿပီးရင္ ဒီအေပၚမွာ အစြဲအလမ္းႀကီးမေနပါနဲ႔။ တကယ္လို႔ လမ္းမခြဲခဲ့ၾကရင္ဆိုတဲ့ စိတ္ကူးမ်ိဳးေတြ မေတြးမိပါေစနဲ႔။ သူမအေၾကာင္း မစဥ္းစားပဲေနရတာ လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး ဒါေပမယ့္ လုပ္ႏိုင္မွာပါ။
၂။ စြန္႔လႊတ္လိုက္ပါ။
ခ်စ္သူစံုတြဲဆက္ဆံေရးတိုင္းမွာ အရမ္းႀကီးသံေယာဇဥ္မတြယ္မိေစဖို႔ လိုပါတယ္။ စြန္႔လႊတ္တတ္ေအာင္ သင္ယူပါ ။ မလြယ္ကူဘူးဆိုတာ မွန္ပါတယ္။ ခ်စ္သူကို စြန္႔လႊတ္ရတာက ခံရအခက္ဆံုးနဲ႔ အခက္ခဲဆံုး အေျခအေနတစ္ခုျဖစ္ပါတယ္ ။ ႏွစ္ေယာက္ၾကားမွာ ေမ့ပစ္ဖို႔ မလြယ္တဲ့ အမွတ္တရေတြ အမ်ားႀကီးရွိေနႏိုင္ပါတယ္ ။ အဓိကအေၾကာင္းရင္း ကေတာ့ ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို အခ်ိန္၊ ေငြေၾကး၊ မ်က္ရည္နဲ႔ ေပ်ာ္ရႊင္မႈေပါင္း မ်ားစြာကို ရင္းႏွီး တည္ေဆာက္ထားရတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ မျဖစ္မေနစြန္႔လႊတ္ႏိုင္ဖို႔ ႀကိဳးစားရမွာပါ။
၃။ အျပင္ထြက္ၿပီး တက္တက္ၾကြၾကြေနပါ။
ရည္းစားနဲ႔ လမ္းခြဲရတဲ့ေနာက္မွာ တစ္ေယာက္ထဲပဲ ႀကိတ္ပူေဆြးခ်င္ေနတာ ေသခ်ာပါတယ္။ လူတိုင္းဟာ ဒီလို တစ္ေယာက္ထဲေနခ်ိန္ေတြ လိုအပ္ပါတယ္။ တစ္ေယာက္ထဲရွိေနခ်ိန္မွာ ျဖစ္သမွ်အေၾကာင္းေတြကို ေသခ်ာစဥ္းစားသံုးသပ္ႏိုင္ေခ်ရွိပါတယ္။ ဒါေပမယ့္ အလြန္အကၽြံေတာ့မျဖစ္ပါေစနဲ႔။ အသဲကြဲတယ္ဆိုၿပီး အိမ္တြင္းပုန္းလုပ္မေနပါနဲ႔။ အျပင္ကိုေလွ်ာက္သြားပါ။ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆံုပါ။ သင့္ ရည္းစားေဟာင္းကို ေမ့ေဖ်ာက္ဖို႔ အခ်ိန္နည္းနည္းရလာပါလိမ့္မယ္။ ဒါ့အျပင္ သင့္ရဲ႕ အသံုးမက်တဲ့ ရည္းစားေဟာင္း မရွိလည္း ကမာၻႀကီးက လွေနတာပဲဆိုတာ ျမင္လာႏိုင္ပါလိမ့္မယ္။
၄။ အရင္အေၾကာင္းေတြကို ျပန္မေတြးပါနဲ႔။
ဒီလိုသာမျဖစ္ခဲ့ရင္လို႔ မေတြးပါနဲ႔။ ရည္းစားနဲ႔ လမ္းခြဲရၿပီးတဲ့ေနာက္မွာ အရင္တုန္းကလိုအခ်ိန္ေတြကို ျပန္ရဖို႔ ဘယ္ေလာက္ပဲႀကိဳးစား ႀကိဳးစား မျဖစ္ႏိုင္ေတာ့ပါဘူး။ လမ္းခြဲျပတ္ဆဲမႈတိုင္းမွာ အေၾကာင္းရင္းေတြရွိပါတယ္။ ေနာက္တစ္ခါ ျပန္လက္တြဲခြင့္ရရင္ဆိုၿပီး ရည္းစားေဟာင္းကို ျပန္တမ္းတမေနသင့္ပါဘူး။
၅။ အမွတ္တရအသစ္ေတြကို ဖန္တီးပါ ။
သင့္ရဲ႕ စိတ္ကူးေတြ၊ အေတြးေတြထဲကေန ရည္းစားေဟာင္းကို ထုတ္ပစ္လိုက္ႏိုင္ဖို႔အတြက္ အမွတ္တရ အသစ္ေတြကို ဖန္တီးေပးဖို႔ လိုပါတယ္။ အရင္အတူသြားခဲ့ဖူးတဲ့ေနရာေတြကို ျပန္သြားမယ္ဆိုရင္ အရင္အခ်ိန္ေတြကိုပဲ ျပန္သတိရေနမွာပါ။ ဒါ့ေၾကာင့္ မသြားဖူးတဲ့ေနရာေတြ၊ မေရာက္ဖူးတဲ့ေနရာေတြကို သြားပါ။ သင့္ရဲ႕မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ အတူ ေပ်ာ္စရာအမွတ္တရေတြ ဖန္တီးပါ။ မစားဖူးတာေတြ ေလွ်ာက္စားၾကည့္ပါ။ အားကစားတစ္ခုခုလုပ္ပါ။
၆။ ကိုယ့္ကိုယ့္ကို ရင္းႏွီးျမဳပ္ႏွံပါ။
သင္က တစ္ကိုယ္တည္းသမားျဖစ္သြားပါၿပီ။ ဒီအခ်ိန္မွာ မိမိကိုယ္ကို အာရံုစိုက္ဖို႔ အေကာင္းဆံုးျဖစ္ပါတယ္။ သင့္ရဲ႕ အခ်ိန္၊ သင့္ရဲ႕ေငြကို ဘယ္သူ႔အတြက္မွာ သံုးစရာမလိုေတာ့ပါဘူး။ သင္ကိုယ္တိုင္အတြက္ပဲ သံုးစရာရွိပါတယ္။ ဒါ့ေၾကာင့္ အ၀တ္အစားစတိုင္အသစ္ေတြ၀ယ္၀တ္ပါ။ ၾကည့္ေကာင္းေအာင္ ျပင္ဆင္ပါ။ ေနာက္ထပ္ရမယ့္ ရည္းစားအတြက္ အထင္ႀကီးစရာျဖစ္ေအာင္ လိုအပ္တဲ့ အရည္အခ်င္းေတြ ျဖည့္ဆည္းထားပါ။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိေအာင္ တည္ေဆာက္ပါ။
၇။ ရည္းစားေဟာင္းနဲ႔ အဆက္အသြယ္ မလုပ္ပါနဲ႔ ။
လမ္းခြဲျပတ္ဆဲၿပီးမွာလဲ ရည္းစားေဟာင္းကို ဆက္သြယ္ခ်င္စိတ္ေတြ ရွိေနႏိုင္ပါေသးတယ္။ သူမဖက္ကလည္း တနည္းနည္းနဲ႔ ဆက္သြယ္လိုစိတ္ရွိေနႏိုင္ပါေသးတယ္။ ဒီလိုသာျဖစ္ခဲ့မယ္ဆိုရင္ သူမကို ေမ့ႏိုင္ဖို႔ လြယ္မွာမ ဟုတ္ပါဘူး။ သူမရဲ႕ ဖုန္းနံပါတ္ကို Block ပါ။ သင္ကိုယ္တိုင္လည္း ဖုန္းနံပါတ္ကို ေျပာင္းလို႔ရရင္ ေျပာင္းလိုက္ပါ။ အျခားအေရးႀကီးဖုန္းနံပါတ္ေတြကို တမင္လိုက္မွတ္ၿပီး သူမနံပါတ္ကို ေမ့သြားေအာင္ ႀကိဳးစားပါ။ အျခား ဆိုရွယ္မီဒီယာေတြမွာလည္း Block တာ၊ Deactivate လုပ္တာ စသျဖင့္ လိုအပ္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ပါ။
၈။ ဘ၀ေနထိုင္မႈပံုစံေျပာင္းလဲပါ ။
ဘ၀မွာ လုပ္ဖူးခ်င္ခဲ့တဲ့ အရာေတြကို စာရင္းလုပ္ပါ။ သူမ မလုပ္ခ်င္တဲ့အတြက္ သင္ကိုယ္တိုင္လည္း မလုပ္ခဲ့ရတာေတြကို အတိုးခ်ၿပီး လုပ္ပါ။ အခန္းသန္႔ရွင္းေရးလုပ္ပါ။ အျပင္အဆင္ေျပာင္းလဲပါ။ သင့္ရည္းစားေဟာင္းရဲ႕ ဓာတ္ပံုေတြဖ်က္ပါ။ အမွတ္တရပစၥည္းေတြအကုန္ ေခ်ာင္ထိုးထားလိုက္ပါ။ ဒီလိုေတြ လုပ္ဖို႔က မလြယ္ဘူးဆိုေပမယ့္ တကယ္ေမ့ေဖ်ာက္ၿပီး ေရွ႕ဆက္ရဖို႔အတြက္ ႀကိဳးစားဖို႔ လိုပါတယ္။
၉။ သင့္ရဲ႕ေကာင္းကြက္ကေတြကို ရွာပါ။
ရည္းစားေဟာင္းကို တကယ္ေမ့ပစ္ဖို႔ စိတ္ပိုင္းျဖတ္ထားရင္ ေမ့လို႔ရပါတယ္။ သူမနဲ႔ပတ္သက္ၿပီး သင္မႀကိဳက္တဲ့အခ်က္ေတြ၊ သည္းမခံႏိုင္စရာေတြကို စာရင္းလုပ္ပါ။ ဒီအခ်က္ေတြကို ၾကည့္ၿပီး သူမကို ဘာေၾကာင့္စြဲလမ္းမေနသင့္လဲ ျပန္သတိေပးပါ။ ၿပီးရင္ သင့္ရဲ႕ ေကာင္းကြက္ေတြကို ရွာေဖြပါ။ သင့္ရဲ႕ ေကာင္းကြက္ အခု ၁၀၀ ျပည့္ေအာင္ စာရင္းလုပ္ပါ။ မျပည့္မခ်င္း ရွာပါ။ ဒီေကာင္းကြက္ေတြက သင့္ကိုယ္သင္ ယုံၾကည္မႈကို ျပန္လည္တိုးပြားလာေစႏိုင္ပါတယ္။
၁၀။ ေနာက္ထပ္ ခ်စ္သူရည္းစားထားပါ။
ဒါကေတာ့ ရည္းစားေဟာင္းကို ေမ့ႏိုင္ဖို႔ အေကာင္းဆံုးနည္းလမ္းပါပဲ။ သင့္ရဲ႕ အရင္ဇာတ္လမ္းက အဆင္မေျပခဲ့ေပမယ့္ ေနာက္ထပ္ ခ်စ္သူရည္းစားမထားပဲေတာ့ မေနသင့္ပါဘူး။ အျခား ပိုၿပီး အဆင္ေျပသင့္ေတာ္မယ့္၊ လိုက္ဖက္မယ့္ ခ်စ္သူတစ္ေယာက္ကို ေတြ႕ရႏိုင္ေခ်ရွိပါေသးတယ္။ သင့္နဲ႔ သင့္ေတာ္မယ့္ တစ္ေယာက္ေယာက္က ေသခ်ာရွိေနမွာပါ။ ေနာက္ထပ္ေတြ႕လာတဲ့ တစ္ေယာက္က သင့္ဘ၀တစ္ေလွ်ာက္လံုးအတြက္ ရိုးေျမက်ေပါင္းႏိုင္မယ့္ ခ်စ္သူမျဖစ္ႏိုင္ဘူးလို႔ မေျပာႏိုင္ပါဘူး။ အရင္ဇာတ္လမ္းက အေတြ႕အၾကံဳေတြ၊ အမွားေတြကို သင္ခန္းစာယူၿပီး ေနာက္တစ္ေယာက္အေပၚမွာ ေကာင္းေအာင္ ႀကိဳးစားပါ ။
Gentleman Magazine
(Unicode)
၁။ ဖြစ်သမျှအကြောင်းကို လက်ခံပါ ။
အစွဲအလမ်းကြီးမနေပါနဲ့။ ချစ်သူနှစ်ဦးလမ်းခွဲပြတ်ဆဲကြတဲ့အခါမှာ စိတ်ညစ်၊ ထိခိုက်နာကျင်ခံစားရတာက သဘာဝပါပဲ ။ အထူးသဖြင့် တတိယလူ ပါဝင်လာရင် ပိုဆိုးတတ်ပါတယ် ။ သင့်အတွက် အချိန်တော်တော်ကြာတဲ့အထိ ခံစားထိခိုက်နေနိုင်ပါတယ်။ ဒါပေမယ့် သင်စိတ်ဆိုးစိတ်ညစ်နေရင်လည်း သင်တစ်ယောက်ပဲ နေရခက်နေမှာပါ ။ ဒါ့ကြောင့် ဖြစ်သမျှအကြောင်းကို လက်ခံနိုင်ဖို့ ကြိုးစားပါ။ ဖြစ်ပြီးတာတွေကို ပြီးပါစေတော့လို့ သဘောထားပါ။ ဒီလိုလက်ခံခြင်းဟာ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ ဖြစ်ခဲ့သမျှကို လက်ခံပြီးရင် ဒီအပေါ်မှာ အစွဲအလမ်းကြီးမနေပါနဲ့။ တကယ်လို့ လမ်းမခွဲခဲ့ကြရင်ဆိုတဲ့ စိတ်ကူးမျိုးတွေ မတွေးမိပါစေနဲ့။ သူမအကြောင်း မစဉ်းစားပဲနေရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး ဒါပေမယ့် လုပ်နိုင်မှာပါ။
၂။ စွန့်လွှတ်လိုက်ပါ။
ချစ်သူစုံတွဲဆက်ဆံရေးတိုင်းမှာ အရမ်းကြီးသံယောဇဉ်မတွယ်မိစေဖို့ လိုပါတယ်။ စွန့်လွှတ်တတ်အောင် သင်ယူပါ ။ မလွယ်ကူဘူးဆိုတာ မှန်ပါတယ်။ ချစ်သူကို စွန့်လွှတ်ရတာက ခံရအခက်ဆုံးနဲ့ အခက်ခဲဆုံး အခြေအနေတစ်ခုဖြစ်ပါတယ် ။ နှစ်ယောက်ကြားမှာ မေ့ပစ်ဖို့ မလွယ်တဲ့ အမှတ်တရတွေ အများကြီးရှိနေနိုင်ပါတယ် ။ အဓိကအကြောင်းရင်း ကတော့ နှစ်ယောက်ကြားက ဆက်ဆံရေးကို အချိန်၊ ငွေကြေး၊ မျက်ရည်နဲ့ ပျော်ရွှင်မှုပေါင်း များစွာကို ရင်းနှီး တည်ဆောက်ထားရတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ မဖြစ်မနေစွန့်လွှတ်နိုင်ဖို့ ကြိုးစားရမှာပါ။
၃။ အပြင်ထွက်ပြီး တက်တက်ကြွကြွနေပါ။
ရည်းစားနဲ့ လမ်းခွဲရတဲ့နောက်မှာ တစ်ယောက်ထဲပဲ ကြိတ်ပူဆွေးချင်နေတာ သေချာပါတယ်။ လူတိုင်းဟာ ဒီလို တစ်ယောက်ထဲနေချိန်တွေ လိုအပ်ပါတယ်။ တစ်ယောက်ထဲရှိနေချိန်မှာ ဖြစ်သမျှအကြောင်းတွေကို သေချာစဉ်းစားသုံးသပ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံတော့မဖြစ်ပါစေနဲ့။ အသဲကွဲတယ်ဆိုပြီး အိမ်တွင်းပုန်းလုပ်မနေပါနဲ့။ အပြင်ကိုလျှောက်သွားပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါ။ သင့် ရည်းစားဟောင်းကို မေ့ဖျောက်ဖို့ အချိန်နည်းနည်းရလာပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ အသုံးမကျတဲ့ ရည်းစားဟောင်း မရှိလည်း ကမ္ဘာကြီးက လှနေတာပဲဆိုတာ မြင်လာနိုင်ပါလိမ့်မယ်။
၄။ အရင်အကြောင်းတွေကို ပြန်မတွေးပါနဲ့။
ဒီလိုသာမဖြစ်ခဲ့ရင်လို့ မတွေးပါနဲ့။ ရည်းစားနဲ့ လမ်းခွဲရပြီးတဲ့နောက်မှာ အရင်တုန်းကလိုအချိန်တွေကို ပြန်ရဖို့ ဘယ်လောက်ပဲကြိုးစား ကြိုးစား မဖြစ်နိုင်တော့ပါဘူး။ လမ်းခွဲပြတ်ဆဲမှုတိုင်းမှာ အကြောင်းရင်းတွေရှိပါတယ်။ နောက်တစ်ခါ ပြန်လက်တွဲခွင့်ရရင်ဆိုပြီး ရည်းစားဟောင်းကို ပြန်တမ်းတမနေသင့်ပါဘူး။
၅။ အမှတ်တရအသစ်တွေကို ဖန်တီးပါ ။
သင့်ရဲ့ စိတ်ကူးတွေ၊ အတွေးတွေထဲကနေ ရည်းစားဟောင်းကို ထုတ်ပစ်လိုက်နိုင်ဖို့အတွက် အမှတ်တရ အသစ်တွေကို ဖန်တီးပေးဖို့ လိုပါတယ်။ အရင်အတူသွားခဲ့ဖူးတဲ့နေရာတွေကို ပြန်သွားမယ်ဆိုရင် အရင်အချိန်တွေကိုပဲ ပြန်သတိရနေမှာပါ။ ဒါ့ကြောင့် မသွားဖူးတဲ့နေရာတွေ၊ မရောက်ဖူးတဲ့နေရာတွေကို သွားပါ။ သင့်ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူ ပျော်စရာအမှတ်တရတွေ ဖန်တီးပါ။ မစားဖူးတာတွေ လျှောက်စားကြည့်ပါ။ အားကစားတစ်ခုခုလုပ်ပါ။
၆။ ကိုယ့်ကိုယ့်ကို ရင်းနှီးမြုပ်နှံပါ။
သင်က တစ်ကိုယ်တည်းသမားဖြစ်သွားပါပြီ။ ဒီအချိန်မှာ မိမိကိုယ်ကို အာရုံစိုက်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ သင့်ရဲ့ အချိန်၊ သင့်ရဲ့ငွေကို ဘယ်သူ့အတွက်မှာ သုံးစရာမလိုတော့ပါဘူး။ သင်ကိုယ်တိုင်အတွက်ပဲ သုံးစရာရှိပါတယ်။ ဒါ့ကြောင့် အဝတ်အစားစတိုင်အသစ်တွေဝယ်ဝတ်ပါ။ ကြည့်ကောင်းအောင် ပြင်ဆင်ပါ။ နောက်ထပ်ရမယ့် ရည်းစားအတွက် အထင်ကြီးစရာဖြစ်အောင် လိုအပ်တဲ့ အရည်အချင်းတွေ ဖြည့်ဆည်းထားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ပါ။
၇။ ရည်းစားဟောင်းနဲ့ အဆက်အသွယ် မလုပ်ပါနဲ့ ။
လမ်းခွဲပြတ်ဆဲပြီးမှာလဲ ရည်းစားဟောင်းကို ဆက်သွယ်ချင်စိတ်တွေ ရှိနေနိုင်ပါသေးတယ်။ သူမဖက်ကလည်း တနည်းနည်းနဲ့ ဆက်သွယ်လိုစိတ်ရှိနေနိုင်ပါသေးတယ်။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် သူမကို မေ့နိုင်ဖို့ လွယ်မှာမ ဟုတ်ပါဘူး။ သူမရဲ့ ဖုန်းနံပါတ်ကို Block ပါ။ သင်ကိုယ်တိုင်လည်း ဖုန်းနံပါတ်ကို ပြောင်းလို့ရရင် ပြောင်းလိုက်ပါ။ အခြားအရေးကြီးဖုန်းနံပါတ်တွေကို တမင်လိုက်မှတ်ပြီး သူမနံပါတ်ကို မေ့သွားအောင် ကြိုးစားပါ။ အခြား ဆိုရှယ်မီဒီယာတွေမှာလည်း Block တာ၊ Deactivate လုပ်တာ စသဖြင့် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပါ။
၈။ ဘဝနေထိုင်မှုပုံစံပြောင်းလဲပါ ။
ဘဝမှာ လုပ်ဖူးချင်ခဲ့တဲ့ အရာတွေကို စာရင်းလုပ်ပါ။ သူမ မလုပ်ချင်တဲ့အတွက် သင်ကိုယ်တိုင်လည်း မလုပ်ခဲ့ရတာတွေကို အတိုးချပြီး လုပ်ပါ။ အခန်းသန့်ရှင်းရေးလုပ်ပါ။ အပြင်အဆင်ပြောင်းလဲပါ။ သင့်ရည်းစားဟောင်းရဲ့ ဓာတ်ပုံတွေဖျက်ပါ။ အမှတ်တရပစ္စည်းတွေအကုန် ချောင်ထိုးထားလိုက်ပါ။ ဒီလိုတွေ လုပ်ဖို့က မလွယ်ဘူးဆိုပေမယ့် တကယ်မေ့ဖျောက်ပြီး ရှေ့ဆက်ရဖို့အတွက် ကြိုးစားဖို့ လိုပါတယ်။
၉။ သင့်ရဲ့ကောင်းကွက်ကတွေကို ရှာပါ။
ရည်းစားဟောင်းကို တကယ်မေ့ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားရင် မေ့လို့ရပါတယ်။ သူမနဲ့ပတ်သက်ပြီး သင်မကြိုက်တဲ့အချက်တွေ၊ သည်းမခံနိုင်စရာတွေကို စာရင်းလုပ်ပါ။ ဒီအချက်တွေကို ကြည့်ပြီး သူမကို ဘာကြောင့်စွဲလမ်းမနေသင့်လဲ ပြန်သတိပေးပါ။ ပြီးရင် သင့်ရဲ့ ကောင်းကွက်တွေကို ရှာဖွေပါ။ သင့်ရဲ့ ကောင်းကွက် အခု ၁၀၀ ပြည့်အောင် စာရင်းလုပ်ပါ။ မပြည့်မချင်း ရှာပါ။ ဒီကောင်းကွက်တွေက သင့်ကိုယ်သင် ယုံကြည်မှုကို ပြန်လည်တိုးပွားလာစေနိုင်ပါတယ်။
၁၀။ နောက်ထပ် ချစ်သူရည်းစားထားပါ။
ဒါကတော့ ရည်းစားဟောင်းကို မေ့နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ သင့်ရဲ့ အရင်ဇာတ်လမ်းက အဆင်မပြေခဲ့ပေမယ့် နောက်ထပ် ချစ်သူရည်းစားမထားပဲတော့ မနေသင့်ပါဘူး။ အခြား ပိုပြီး အဆင်ပြေသင့်တော်မယ့်၊ လိုက်ဖက်မယ့် ချစ်သူတစ်ယောက်ကို တွေ့ရနိုင်ချေရှိပါသေးတယ်။ သင့်နဲ့ သင့်တော်မယ့် တစ်ယောက်ယောက်က သေချာရှိနေမှာပါ။ နောက်ထပ်တွေ့လာတဲ့ တစ်ယောက်က သင့်ဘဝတစ်လျှောက်လုံးအတွက် ရိုးမြေကျပေါင်းနိုင်မယ့် ချစ်သူမဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အရင်ဇာတ်လမ်းက အတွေ့အကြုံတွေ၊ အမှားတွေကို သင်ခန်းစာယူပြီး နောက်တစ်ယောက်အပေါ်မှာ ကောင်းအောင် ကြိုးစားပါ ။
Gentleman Magazine
0 Comments