မမႀကီးမ်ားကို အဓိက ပစ္မွတ္ထားတဲ့ ျမန္မာျပည္ Fb ပိုင္းလုံးမ်ား


မမႀကီးမ်ားကို အဓိက ပစ္မွတ္ထားတဲ့ ျမန္မာျပည္ Fb ပိုင္းလုံးမ်ား


Online မုဆိုး အမ်ားစုဟာ အသက္ငယ္ငယ္ ၊ ႐ုပ္ေခ်ာေခ် ာ(မေခ်ာရင္ေတာင္ ခံ့ညားဖြယ္) ႐ွိပါသတဲ့ ။ သားေကာင္ ႐ွာေနတဲ့ ပိုင္းလုံး(မုဆိုး)ေတြဟာ online ေပၚမွာ မ်ားစြာ ႐ွိေနၾကပါတယ္ ။ တခ်ိဳ႕မုဆိုးေတြက ဆယ္ေက်ာ္သက္ မိန္းမပ်ိဳေလးေတြကို ပစ္မွတ္ထား ၾကတယ္ ။ ေနာက္တမ်ိဳးက ၃၀ ေက်ာ္ သက္လတ္ပိုင္း အမ်ိဳးသမီးေတြကို ပစ္မွတ္ထားသူေတြပါ ။

သူတို႕က သားေကာင္ကို အျမဲေစာင့္ၾကည့္ေန ၾကပါတယ္ ။ အေျခအေနႏွင့္ ဥစၥာဓနကို အကဲခတ္ေနတတ္ ပါတယ္ ။ တနည္းအားျဖင့္ ပိုင္းလုံးေတြဟာ လူပါးေတြ ျဖစ္ၿပီး အကဲခတ္ ေကာင္းၾကတယ္ ။ မိန္းမ တေယာက္ကို ၾကည့္ၿပီး (ခ်ဥ္းကပ္ဖို႕လြယ္  မလြယ္) ဆုံးျဖတ္နိဳင္ ၾကတယ္ ။

မိန္းမ တေယာက္ကို သူတို႕ဘယ္လိုအကဲ ခတ္လဲ ။ ဒါက လြယ္ပါတယ္ ။ သူတို႕ေျပာတဲ့ စကားေတြ ၊ပို႕စ္ေတြ ၊ fb ေပၚမွာ တင္တဲ့ ပုံေတြက တဆင့္ အကဲခတ္နိဳင္ၾက ပါတယ္ ။ အကဲခတ္ၿပီးၿပီ ဆိုရင္ သူတို႕ဘာေတြလုပ္သလဲ ..? CB/MSG ကေန ေသြးတိုးစမ္း ပါတယ္ ။ အေျခအေနကို လိုက္ၿပီး စကားေျပာတတ္ ၾကပါတယ္ ။

အခ်ီႀကီးၾကံမယ့္ သူတိုင္းဟာ စကားေျပာလည္း အလြန္ ညႇက္ၾကပါတယ္ ။ ဘလိုင္းႀကီး ဘယ္ေတာ့မွ မဝင္ပါဘူး ။ အေျပာအဆို ယဥ္ေက်းတယ္ ။ ဗဟုသုတလည္း မနည္းၾကပါ ။ ဒါက သားေကာင္ အထင္ႀကီးေအာင္ လက္နက္ တပ္ဆင္ထား တာပါ ။ သူ႕အေၾကာင္း မသိမခ်င္း စားနိဳင္၊ေသာက္နိဳင္၊ သုံးျဖဳန္းနိဳင္တဲ့ ဂိုက္ကို ဖမ္းထားၾက ပါတယ္ ။

သက္လတ္ပိုင္း အမ်ိဳးသမီးေတြကို ၾကံရတာ ပိုလြယ္သတဲ့ .. အေၾကာင္းကေတာ့ ဒီအရြယ္ဟာ အက်ပိုင္းျဖစ္လာတဲ့ အတြက္ အထီးက်န္စိတ္ ၊ အားငယ္စိတ္ေတြ ခံစားေနရတတ္ ပါတယ္ ။ ဘဝ ေနထိုင္မွဳ (life style) က ေဘာင္က်ဥ္းလာတယ္ ။ လူငယ္ေတြလို ဖူးေနတဲ့အလွေတြ မ႐ွိေတာ့တဲ့ အတြက္ စိတ္ဓါတ္က်စရာအလွမ်ိဳးကို ေနတိုင္း ရင္ဆိုင္ေနၾကရသူေတြပါ ။

အဲလို အခ်ိန္မ်ိဳးမွာ ကိုယ့္ထက္ အသက္ထက္ဝက္ေလာက္ ငယ္ေနတဲ့သူက စိတ္ဝင္စားတာကို ခံရရင္ စိတ္ဓာတ္ တက္ႂကြလာ ပါတယ္ ။ " သူနဲ႕ ရြယ္တူေကာင္မေလးေတြကို စိတ္မဝင္စားပဲ ငါ့ကိုမွ ႀကိဳက္ရေလျခင္း " လို႕ ေအးခဲေနတဲ့ ရင္ခုန္သံေတြက အသစ္တဖန္ ပူေႏြး ႐ုန္းႂကြလာ ပါေတာ့တယ္ ။ " ငါ အလတ္ႀကီး႐ွိေသးတာပဲ " လို႕ ခံစားရလာတဲ့အခါ အလွေတြ ထျပင္ ၊ ဆံပင္ေတြ ေျဖာင့္၊ မေထာ္မႏွမ္းေတြ ဝတ္နဲ႕ ရြပိုးထိုးလာပါေလေရာ့။

ဒါဆို တဖက္က ေသခ်ာသိေနပါၿပီ ။ သူဆင္ထားတဲ့ အကြက္ထဲ ေရာက္လာၿပီ ဆိုတာ ။ ေက်ာ့ကြင္းထဲ လည္စင္ းဝင္လာတဲ့ သားေကာင္ကို အသာေလး ေခြကနဲ က်သြားေအာင္ ဘယ္အညႇာကို ကိုင္ရမလဲ ေမးစရာမလိုေတာ့ ။

အဲဒီေနာက္ေတာ့ ... လူကိုယူတယ္ ၊ ပစၥည္းကိုခ်ဴတယ္ ။ အစာဝလို႕ ဌာနျပန္မယ္ လုပ္ေတာ့ အမယ္ႀကီးက မရေတာ့ဘူး ။ တန္းတန္းစြဲ အကြဲမခံနိဳင္ ။ မိန္းမဆိုတာ စိတ္ဆိုးရင္ မဆင္မျခင္ ရန္ျဖစ္တတ္တယ္ ။ " နင္ ငါ့ကို ထားရဲထားၾကည့္ ၊ နင့္အေၾကာင္းကို လူတကာ သိေအာင္ ေျပာမယ္ .. ဘာညာ .. " ဆိုတာေတြနဲ႕ ၿခိမ္းေျခာက္မိတတ္ ၾကပါတယ္ ။ ဒီလိုနဲ႕ေနာက္ဆုံးေတာ့ အသတ္ခံရတာ မ်ားပါတယ္ ။

ဒီေတာ့... fb သုံးတဲ့ အခါ သတိထား သုံးပါ ။ ပုံနဲ႕စာေတြဟာ သင့္စိတ္ကို လွစ္ျပေနတတ္တယ္ ဆိုတာ သင္ကိုယ္တိုင္ မသိရင္ ေနမယ္ ။ ပိုင္းလုံးေတြက သိၿပီးသား ဆိုတာ သတိခ်ပ္ပါ ။ ဘယ္သူ႕ကို အယုံအၾကည္မလြယ္ပါနဲ႕ ။ ဓါတ္ပုံကို လွေအာင္႐ိုက္လို႕ရတယ္ ။ စကားကို ခိုက္ေလာက္ေအာင္ ေျပာလို႕ရတယ္ ။

ကိုယ့္အသက္အရြယ္ႀကီးကို " ခ်စ္လွပါတယ္ ၊ခင္လြန္းပါတယ္ " ဆိုလာရင္ တခု သတိရလိုက္ပါ ။ " ငါငယ္ငယ္က အလွကို ရခဲ့တဲ့ ငါ့ေယာက္်ားေတာင္ ၊ ခုအခ်ိန္မွာ ငါနဲ႕ ၁၈ ႏွစ္ သမီး ဘယ္သူ႕ေရြးမလဲ ဆို ၁၈ ႏွစ္သမီးကို လက္ညႇိဳးထိုးျပမယ္ ဆိုတာ သတိရလိုက္ပါ

အခ်စ္စစ္ ဆိုတာ အတူတူအိပ္ရတာ ကို မေခၚပါဘူး ။ မိမိကို မိမိေစာင့္ေ႐ွာက္တာ ၊ ကိုယ့္ဘဝကိုယ္ တန္ဖိုးထားျခင္း ကသာ အခ်စ္စစ္ပါ ။ ေနဝင္ခ်ိန္ အလွ မိမိဘဝကို မိမိႏွစ္သက္ျမတ္နိဳး လက္ခံျခင္း ကသာ အခ်စ္စစ္ပါ ။ ေနာက္ဆုံခရီးအတြက္ ဒါနႏွင့္ သီလရိကၡာေတြ ထုပ္ယူသြားနိဳင္ျခင္း သည္သာ အခ်စ္စစ္စစ္ပါ ။ ။ 

ဂ်ဴလိုင္မိုး

[မႈခင္းသတင္းဓါတ္ပုံ ... ဆယ္ေက်ာ္သက္ပိုင္းလုံးေကာင္ေလးမွ သားေကာင္ (အိမ္ေထာင္႐ွိ ၊ သားသည္မိခင္) အား သတ္]

(Unicode)


မမကြီးများကို အဓိက ပစ်မှတ်ထားတဲ့ မြန်မာပြည် Fb ပိုင်းလုံးများ


Online မုဆိုး အများစုဟာ အသက်ငယ်ငယ် ၊ ရုပ်ချောချေ ာ(မချောရင်တောင် ခံ့ညားဖွယ်) ရှိပါသတဲ့ ။ သားကောင် ရှာနေတဲ့ ပိုင်းလုံး(မုဆိုး)တွေဟာ online ပေါ်မှာ များစွာ ရှိနေကြပါတယ် ။ တချို့မုဆိုးတွေက ဆယ်ကျော်သက် မိန်းမပျိုလေးတွေကို ပစ်မှတ်ထား ကြတယ် ။ နောက်တမျိုးက ၃၀ ကျော် သက်လတ်ပိုင်း အမျိုးသမီးတွေကို ပစ်မှတ်ထားသူတွေပါ ။

သူတို့က သားကောင်ကို အမြဲစောင့်ကြည့်နေ ကြပါတယ် ။ အခြေအနေနှင့် ဥစ္စာဓနကို အကဲခတ်နေတတ် ပါတယ် ။ တနည်းအားဖြင့် ပိုင်းလုံးတွေဟာ လူပါးတွေ ဖြစ်ပြီး အကဲခတ် ကောင်းကြတယ် ။ မိန်းမ တယောက်ကို ကြည့်ပြီး (ချဉ်းကပ်ဖို့လွယ်  မလွယ်) ဆုံးဖြတ်နိုင် ကြတယ် ။

မိန်းမ တယောက်ကို သူတို့ဘယ်လိုအကဲ ခတ်လဲ ။ ဒါက လွယ်ပါတယ် ။ သူတို့ပြောတဲ့ စကားတွေ ၊ပို့စ်တွေ ၊ fb ပေါ်မှာ တင်တဲ့ ပုံတွေက တဆင့် အကဲခတ်နိုင်ကြ ပါတယ် ။ အကဲခတ်ပြီးပြီ ဆိုရင် သူတို့ဘာတွေလုပ်သလဲ ..? CB/MSG ကနေ သွေးတိုးစမ်း ပါတယ် ။ အခြေအနေကို လိုက်ပြီး စကားပြောတတ် ကြပါတယ် ။

အချီကြီးကြံမယ့် သူတိုင်းဟာ စကားပြောလည်း အလွန် ညှက်ကြပါတယ် ။ ဘလိုင်းကြီး ဘယ်တော့မှ မဝင်ပါဘူး ။ အပြောအဆို ယဉ်ကျေးတယ် ။ ဗဟုသုတလည်း မနည်းကြပါ ။ ဒါက သားကောင် အထင်ကြီးအောင် လက်နက် တပ်ဆင်ထား တာပါ ။ သူ့အကြောင်း မသိမချင်း စားနိုင်၊သောက်နိုင်၊ သုံးဖြုန်းနိုင်တဲ့ ဂိုက်ကို ဖမ်းထားကြ ပါတယ် ။

သက်လတ်ပိုင်း အမျိုးသမီးတွေကို ကြံရတာ ပိုလွယ်သတဲ့ .. အကြောင်းကတော့ ဒီအရွယ်ဟာ အကျပိုင်းဖြစ်လာတဲ့ အတွက် အထီးကျန်စိတ် ၊ အားငယ်စိတ်တွေ ခံစားနေရတတ် ပါတယ် ။ ဘဝ နေထိုင်မှု (life style) က ဘောင်ကျဉ်းလာတယ် ။ လူငယ်တွေလို ဖူးနေတဲ့အလှတွေ မရှိတော့တဲ့ အတွက် စိတ်ဓါတ်ကျစရာအလှမျိုးကို နေတိုင်း ရင်ဆိုင်နေကြရသူတွေပါ ။

အဲလို အချိန်မျိုးမှာ ကိုယ့်ထက် အသက်ထက်ဝက်လောက် ငယ်နေတဲ့သူက စိတ်ဝင်စားတာကို ခံရရင် စိတ်ဓာတ် တက်ကြွလာ ပါတယ် ။ " သူနဲ့ ရွယ်တူကောင်မလေးတွေကို စိတ်မဝင်စားပဲ ငါ့ကိုမှ ကြိုက်ရလေခြင်း " လို့ အေးခဲနေတဲ့ ရင်ခုန်သံတွေက အသစ်တဖန် ပူနွေး ရုန်းကြွလာ ပါတော့တယ် ။ " ငါ အလတ်ကြီးရှိသေးတာပဲ " လို့ ခံစားရလာတဲ့အခါ အလှတွေ ထပြင် ၊ ဆံပင်တွေ ဖြောင့်၊ မထော်မနှမ်းတွေ ဝတ်နဲ့ ရွပိုးထိုးလာပါလေရော့။

ဒါဆို တဖက်က သေချာသိနေပါပြီ ။ သူဆင်ထားတဲ့ အကွက်ထဲ ရောက်လာပြီ ဆိုတာ ။ ကျော့ကွင်းထဲ လည်စင် းဝင်လာတဲ့ သားကောင်ကို အသာလေး ခွေကနဲ ကျသွားအောင် ဘယ်အညှာကို ကိုင်ရမလဲ မေးစရာမလိုတော့ ။

အဲဒီနောက်တော့ ... လူကိုယူတယ် ၊ ပစ္စည်းကိုချူတယ် ။ အစာဝလို့ ဌာနပြန်မယ် လုပ်တော့ အမယ်ကြီးက မရတော့ဘူး ။ တန်းတန်းစွဲ အကွဲမခံနိုင် ။ မိန်းမဆိုတာ စိတ်ဆိုးရင် မဆင်မခြင် ရန်ဖြစ်တတ်တယ် ။ " နင် ငါ့ကို ထားရဲထားကြည့် ၊ နင့်အကြောင်းကို လူတကာ သိအောင် ပြောမယ် .. ဘာညာ .. " ဆိုတာတွေနဲ့ ခြိမ်းခြောက်မိတတ် ကြပါတယ် ။ ဒီလိုနဲ့နောက်ဆုံးတော့ အသတ်ခံရတာ များပါတယ် ။

ဒီတော့... fb သုံးတဲ့ အခါ သတိထား သုံးပါ ။ ပုံနဲ့စာတွေဟာ သင့်စိတ်ကို လှစ်ပြနေတတ်တယ် ဆိုတာ သင်ကိုယ်တိုင် မသိရင် နေမယ် ။ ပိုင်းလုံးတွေက သိပြီးသား ဆိုတာ သတိချပ်ပါ ။ ဘယ်သူ့ကို အယုံအကြည်မလွယ်ပါနဲ့ ။ ဓါတ်ပုံကို လှအောင်ရိုက်လို့ရတယ် ။ စကားကို ခိုက်လောက်အောင် ပြောလို့ရတယ် ။

ကိုယ့်အသက်အရွယ်ကြီးကို " ချစ်လှပါတယ် ၊ခင်လွန်းပါတယ် " ဆိုလာရင် တခု သတိရလိုက်ပါ ။ " ငါငယ်ငယ်က အလှကို ရခဲ့တဲ့ ငါ့ယောက်ျားတောင် ၊ ခုအချိန်မှာ ငါနဲ့ ၁၈ နှစ် သမီး ဘယ်သူ့ရွေးမလဲ ဆို ၁၈ နှစ်သမီးကို လက်ညှိုးထိုးပြမယ် ဆိုတာ သတိရလိုက်ပါ

အချစ်စစ် ဆိုတာ အတူတူအိပ်ရတာ ကို မခေါ်ပါဘူး ။ မိမိကို မိမိစောင့်ရှောက်တာ ၊ ကိုယ့်ဘဝကိုယ် တန်ဖိုးထားခြင်း ကသာ အချစ်စစ်ပါ ။ နေဝင်ချိန် အလှ မိမိဘဝကို မိမိနှစ်သက်မြတ်နိုး လက်ခံခြင်း ကသာ အချစ်စစ်ပါ ။ နောက်ဆုံခရီးအတွက် ဒါနနှင့် သီလရိက္ခာတွေ ထုပ်ယူသွားနိုင်ခြင်း သည်သာ အချစ်စစ်စစ်ပါ ။ ။ 

ဂျူလိုင်မိုး

[မှုခင်းသတင်းဓါတ်ပုံ ... ဆယ်ကျော်သက်ပိုင်းလုံးကောင်လေးမှ သားကောင် (အိမ်ထောင်ရှိ ၊ သားသည်မိခင်) အား သတ်]

Post a Comment

0 Comments

close