Relationship တခု အဆံုးသတ္ရန္ လံုေလာက္ေသာ အေၾကာင္းျပခ်က္မ်ား

(Zawgyi)
Relationship တခု အဆံုးသတ္ရန္ လံုေလာက္ေသာ အေၾကာင္းျပခ်က္မ်ား

၁ ။ မခ်စ္ေတာ့ျခင္း

သိပ္ကို အေရးႀကီးပါတယ္။ သင္ဟာဘာကိုမွ ဂရုမစိုက္ဘဲ အခ်စ္တစ္ခုထဲကိုသာ ကိုးကြယ္သူ တစ္ေယာက္ျဖစ္ေနရင္ သူ႔ကိုမခ်စ္ေတာ့ရင္ အရာရာအတြက္ ေရွ႕ဆက္လို႔မရေတာ့ပါဘူး။ သူ႔ကိုစတင္ေတြ႕ရွိစဥ္ကခ်စ္တဲ့အခ်စ္ေတြ သူနဲ႔လက္တြဲေနခဲ့တုန္းကခ်စ္တဲ့အခ်စ္ေတြေလာက္ ခုခ်ိန္မွာမခ်စ္ေတာ့ဘူးဆိုရင္ သူနဲ႔သင္ေရွ႕ဆက္ဖို႔အတြက္ စဥ္းစားရပါလိမ့္မယ္။ 

၂ ။ တေယာက္အေပၚ တေယာက္ အထင္မႀကီးေတာ့ျခင္း

ဒါလည္းအေရးႀကီးပါတယ္။ တခ်ိဳ႕ခ်စ္ျခင္းေတြမွာ အထင္ႀကီးျခင္းေတြ ပါဝင္ပါတယ္။ ရုပ္ရည္ေခ်ာေမာတာ ပညာတတ္တာ ေငြေၾကးခ်မ္းသာတာ ေအာင္ျမင္ေက်ာ္ၾကားတာ အစရွိတဲ့အရာေတြကို အခ်စ္လို႔ထင္တတ္ၾကပါတယ္ အဲဒီအရာေတြဟာထင္သေလာက္မဟုတ္မွန္း သိလာတဲ့အခါ အထင္လည္းမႀကီးေတာ့သလို ဆက္လက္လက္တြဲဖို႔လည္း အားေလ်ာ့လာပါတယ္ ဘာလို႔လည္းဆိုေတာ့ အထင္ႀကီးမိတဲ့စိတ္ခံစားမႈကို အခ်စ္လို႔မွားယြင္းယံုၾကည္ခဲ့မိလို႔ျဖစ္ပါတယ္။

၃ ။ အယူအဆမတူျခင္း

ဒါလည္း အေရးႀကီးပါတယ္ တေယာက္နဲ႔တေယာက္ ေနာက္ခံအေနအထားျခင္း မတူညီပါဘူး။ သင္က အေပ်ာ္အပါးႀကိဳက္ေပမယ့္ သူကေအးေအးေဆးေဆးသီးသန္႔ေနခ်င္တာမ်ိဳး သင္ကပညာေရးကိုဦးစားေပးခ်င္ေပမယ့္ သူကေငြရွာဖို႔သာဦးစားေပးေနတာမ်ိဳး... သူကဘဝကိုျမင့္ျမင့္မားမားေမၽွာ္လင့္ေနေပမယ့္ သင္က ပံုမွန္ပဲေနခ်င္တာမ်ိဳး..... ဒါေတြက ဥပမာမၽွသာေပးထားျခင္းျဖစ္ပါတယ္ စေတြ႕ေတြ႕ခ်င္းမွာ သူ႔အလိုကို သင္ကလိုက္ေလ်ာ သင့္စိတ္တိုင္းက် သူကေနေပးေပမယ့္ ၾကာလာရင္ တဦးနဲ႔တဦးအယူအဆေတြ ကြာျခားလာရာက ျပႆနာေတြစတင္ေတာ့တာပါပဲ။

၄ ။ တတိယလူေပၚလာျခင္း

ဒါကလည္း စံုတြဲေတြ ျပတ္စဲ လမ္းခြဲၾကျခင္းေတြမွာ အေတြ႕ရမ်ားတဲ့ အေၾကာင္းရင္း တခုျဖစ္ပါတယ္ ။ သင့္ထက္ ပိုေကာင္းတဲ့သူ သင့္ထက္ပိုၿပီး အရာရာျပည့္စံုတဲ့သူ သင့္ထက္ပိုၿပီး သူ႔ကို ေပ်ာ္ရႊင္ေစတဲ့သူ သင့္ထက္ပိုၿပီး ရင္ခုန္ေစတဲ့သူ အဲဒီသူ (တတိယလူ) ေပၚလာတာကလည္း မူလထဲက ေသြးေအးေနတဲ့ သင္တို႔ relation ကို အၿပီးတိုင္ လမ္းခြဲဖို႔ ဖန္တီးေပးတဲ့ အေၾကာင္း တရပ္လည္း ျဖစ္ေနတတ္ပါတယ္ ။

၅ ။ တဦးနဲ႔တဦး လိုတာထက္ ပိုၿပီး ဝင္ေရာက္စြတ္ဖက္လာျခင္း

ဒါကေတာ့ ေတာ္ေတာ္မ်ားမ်ားစံုတြဲေတြမွာ ျပႆနာတက္ရတဲ့အခ်က္ေတြထဲက တစ္ခုျဖစ္ပါတယ္။ သင့္မိသားစုကိစၥေတြမွာ လိုတာထက္ပိုၿပီးပါဝင္လာတာမ်ိဳး.. သင့္မိတ္ေဆြသူငယ္ခ်င္းေတြၾကားမွာ ေနရာတကာဝင္ပါတတ္တာမ်ိဳး.. သင့္အလုပ္ကိစၥေတြမွာေတာင္မွ ပါဝင္စြတ္ဖက္လာတာမ်ိဳးပါ.. တခ်ိဳ႕လူေတြကေတာ့ သူတို႔ခ်စ္သူကိုကိုယ္စြမ္းဥာဏ္စြမ္းရွိသမၽွ ကူညီတာမ်ိဳးျဖစ္ေပမယ့္ တခ်ိဳ႕လူေတြက်ေတာ့ ေနရာတကာဝင္ပါၿပီး ဆရာလုပ္ခ်င္တာမ်ိဳး ခ်စ္သူကို over control လုပ္လာတာမ်ိဳး "ငါနဲ႔ဘဲေန ဘယ္သူ႔ဆီမွသြားစရာမလိုဘူး ဘယ္သူနဲ႔မွေပါင္းစရာမလိုဘူး လုပ္ခ်င္တာမွန္သမၽွ ငါ့ကိုခြင့္ေတာင္း"ဆိုတဲ့ ပံုစံမ်ိဳးေတြနဲ႔ သူတည္ေဆာက္ထားတဲ့ မိသားစု မိတ္ေဆြ အလုပ္နဲ႔လူမႈေရးယနၲရားကို ဟန္ခ်က္ပ်က္ေအာင္ေတာင္ျပဳမူၾကပါတယ္

၆ ။ ပင္ပန္းလြန္းလာျခင္း ... 

ေန႔စဥ္ႏွင့္ အမၽွ အထက္ပါ ျပႆနာေတြ တက္လာတဲ့ အခါ ႏွစ္ေယာက္စလံုး ပင္ပန္းလာၾက ပါတယ္ ။ သံေယာဇဥ္ အႂကြင္းအက်န္ေတြေၾကာင့္ တျခားေသာ ေထာက္ထားစရာေတြ ငဲ့ညႇာစရာေတြ ရွိေနေသးလို႔သာ သည္းခံေနၾကတာပါ ။ အဲ့ဒီအခ်ိန္ဟာ သိပ္ကို အေရးႀကီးပါတယ္ ။ အဲဒီအခ်ိန္မွာ ႏွစ္ေယာက္ စလံုးျပန္ၿပီး ညႇိႏွိုင္းတာမ်ိဳး တိုင္ပင္တာမ်ိဳး မရွိေတာ့ဘူး ဆိုရင္ ေနာက္ဆံုး ျပႆနာ ေသးေသးေလးေၾကာင့္ အၿပီးတိုင္ လမ္းခြဲႏိုင္ၾကပါတယ္ ။ အမွန္က ေနာက္ဆံုးျပႆနာေၾကာင့္ေတာ့ မဟုတ္ပါဘူး ။ အရင္ထဲက ရွိေနခဲ့တဲ့ ျပႆနာေတြ နာက်ည္းမႈေတြ ေဒါသေတြ မာနေတြဟာ မီးတပြင့္ကို ေစာင့္ေနတဲ့ ဓာတ္ဆီခြက္လို ပါပဲ အခ်ိန္မေရြး ေပါက္ကြဲဖို႔ ready ျဖစ္ေနၾကတာပါ ။

၇ ။ မိမိ ပင္ကိုယ္စိတ္ကို ကိုယ္တိုင္ နားမလည္ၾကျခင္း

တကယ္ေတာ့ ေန႔စဥ္လႈပ္ရွားမႈ ရွင္သန္မႈ ရပ္တည္မႈေတြဟာ စိတ္နဲ႔ အမ်ားႀကီး သက္ဆိုင္ပါတယ္ ။ မိမိရဲ႕ပင္ကိုယ္စိတ္က အခ်စ္မလိုဘူး ပညာေရးပဲ စိတ္ဝင္စားတယ္ ပညာတတ္ရင္ လူရာဝင္ၿပီ ေငြပဲ လိုတယ္ ေငြရွိရင္ၿပီးၿပီ ရာထူးပဲလိုတယ္ ရာထူးေၾကာင့္ လူအထင္ႀကီးရင္ ရၿပီ ပရဟိတပဲ လုပ္မယ္ ဘုရားတရားနဲ႔ပဲ ေအးေဆးေနမယ္ စသည္ျဖင့္ မိမိယံုၾကည္ခ်က္ မိမိအတၱေတြ အနည္းနဲ႔ အမ်ား ရွိတတ္ၾကပါတယ္ ။ ကိုယ္ကအခ်စ္မလိုအပ္ပဲနဲ႔ ခဏတာသာယာမိရံုနဲ႔ relation တစ္ခုကို အလြယ္တကူ ဖန္တီးတတ္ ၾကပါတယ္ ။ ဒါဟာသိပ္ကို မွားယြင္းပါတယ္ ။ လိင္သာယာမႈဟာ အခ်စ္မဟုတ္သလို ခဏတာ တစံုတရာေသာ အားကိုးမိျခင္းကလည္း အခ်စ္ျဖစ္မလာပါဘူး ။ ေနာက္ဆံုး သင့္စိတ္ နဂိုမူရင္းအတိုင္းသာ ေရရွည္မွာ ဆံုးျဖတ္မွာျဖစ္တဲ့အတြက္ မိမိစိတ္ကို မိမိေသခ်ာျမင္ေအာင္ၾကည့္ၿပီး မိမိကိုယ္မိမိ ျပန္ေမးၾကည့္ပါ ။ " ငါသူ႔ကို တကယ္ခ်စ္သလား "... မိမိကိုယ္မိမိ လိမ္လို႔ မရပါဘူး ... ။

 ၈။ ၾကားလူမ်ားေႏွာက္ယွက္ျခင္း

သိပ္ကိုဆိုးပါတယ္ ။ လူတခ်ိဳ႕ဟာ အေၾကာင္းမည္မည္ရရမရွိပဲ သင္တို႔ ခ်စ္ေနၾကတာကို မနာလိုၾကပါဘူး သင္တို႔ အဆင္ေျပေနတာကို မၾကည့္ခ်င္ၾက ပါဘူး ။ ဒါဟာ ေနရာတိုင္း နယ္ပယ္တိုင္းမွ ာရွိတတ္ၾကတာမို႔ သိပ္ေတာ့ မဆန္းပါဘူး ။ သင့္အေၾကာင္းေတြ မေကာင္းတာေတြကို သူ႔ကိုေျပာၿပီး သူ႔အေၾကာင္း မေကာင္းတာေတြ သင့္ကို ေျပာၾကေတာ့မွာပါ ။ အဲဒီအေျခအေနမွာ တေယာက္ကို တေယာက္ ပြင့္ပြင့္လင္းလင္း မေျဖရွင္းၾကဘူး ဆိုရင္ေတာ့ မယံုၾကည္ျခင္းေတြ ၾကားမွာ မခိုင္မာတဲ့ ခ်စ္ျခင္းေတြ အရည္ ေပ်ာ္က်သြားမွာ ၁၀၀ % ေသခ်ာပါတယ္ ။ တကယ္ေတာ့ ဘဝႏွစ္ခုဟာ ေရစက္ပါသေလာက္သာ လက္တြဲခြင့္ရတာပါ ။ ေရစက္ကုန္တဲ့ေန႔ လက္ထပ္ထားတဲ့ သူေတြေတာင္ ကြာရွင္းၾကတာပါ ။ ရွင္ကြဲ မကြဲလည္း ေသရင္ ခြဲခြာၾကရမွာပါ ။ တခ်ိဳ႕လမ္းခြဲျခင္းေတြက ဒဏ္ရာေတြနဲ႔ နာၾကင္ၿပီး က်န္ခဲ့ၾကေပမယ့္ တခ်ိဳ႕လမ္းခြဲျခင္းေတြက ေပါ့ပါးလြတ္လပ္သြားၿပီ ဝဋ္ေႂကြး ကုန္သြားၿပီလို႔ မွတ္ယူႏိုင္ပါတယ္ ။ ဘာပဲျဖစ္ျဖစ္ ခ်စ္ျခင္းမုန္းျခင္းမ်ားၾကား ေပ်ာ္ရႊင္ ငိုေျကြးရင္းနဲ႔ ဘဝဇာတ္ခံုေပၚမွာ မေသမခ်င္း ကလိုက္ၾကပါဦးစို႔....။

Min Yel Kyaw Swar 💙

(Unicode)
Relationship တခု အဆုံးသတ်ရန် လုံလောက်သော အကြောင်းပြချက်များ



၁ ။ မချစ်တော့ခြင်း

သိပ်ကိုအရေးကြီးပါတယ်။ သင်ဟာဘာကိုမှဂရုမစိုက်ဘဲ အချစ်တစ်ခုထဲကိုသာ ကိုးကွယ်သူတစ်ယောက်ဖြစ်နေရင် သူ့ကိုမချစ်တော့ရင် အရာရာအတွက်ရှေ့ဆက်လို့မရတော့ပါဘူး။ သူ့ကိုစတင်တွေ့ရှိစဉ်ကချစ်တဲ့အချစ်တွေ သူနဲ့လက်တွဲနေခဲ့တုန်းကချစ်တဲ့အချစ်တွေလောက် ခုချိန်မှာမချစ်တော့ဘူးဆိုရင် သူနဲ့သင်ရှေ့ဆက်ဖို့အတွက် စဉ်းစားရပါလိမ့်မယ်။

၂ ။ တယောက်အပေါ် တယောက် အထင်မကြီးတော့ခြင်း

ဒါလည်းအရေးကြီးပါတယ်။ တချို့ချစ်ခြင်းတွေမှာ အထင်ကြီးခြင်းတွေ ပါဝင်ပါတယ်။ ရုပ်ရည်ချောမောတာ ပညာတတ်တာ ငွေကြေးချမ်းသာတာ အောင်မြင်ကျော်ကြားတာ အစရှိတဲ့အရာတွေကို အချစ်လို့ထင်တတ်ကြပါတယ် အဲဒီအရာတွေဟာထင်သလောက်မဟုတ်မှန်း သိလာတဲ့အခါ အထင်လည်းမကြီးတော့သလို ဆက်လက်လက်တွဲဖို့လည်း အားလျော့လာပါတယ် ဘာလို့လည်းဆိုတော့ အထင်ကြီးမိတဲ့စိတ်ခံစားမှုကို အချစ်လို့မှားယွင်းယုံကြည်ခဲ့မိလို့ဖြစ်ပါတယ်။

၃ ။ အယူအဆမတူခြင်း

ဒါလည်း အရေးကြီးပါတယ် တယောက်နဲ့တယောက် နောက်ခံအနေအထားခြင်း မတူညီပါဘူး။ သင်က အပျော်အပါးကြိုက်ပေမယ့် သူကအေးအေးဆေးဆေးသီးသန့်နေချင်တာမျိုး သင်ကပညာရေးကိုဦးစားပေးချင်ပေမယ့် သူကငွေရှာဖို့သာဦးစားပေးနေတာမျိုး... သူကဘဝကိုမြင့်မြင့်မားမားမျှော်လင့်နေပေမယ့် သင်က ပုံမှန်ပဲနေချင်တာမျိုး..... ဒါတွေက ဥပမာမျှသာပေးထားခြင်းဖြစ်ပါတယ် စတွေ့တွေ့ချင်းမှာ သူ့အလိုကို သင်ကလိုက်လျော သင့်စိတ်တိုင်းကျ သူကနေပေးပေမယ့် ကြာလာရင် တဦးနဲ့တဦးအယူအဆတွေ ကွာခြားလာရာက ပြဿနာတွေစတင်တော့တာပါပဲ။

၄ ။ တတိယလူပေါ်လာခြင်း

ဒါကလည်း စုံတွဲတွေ ပြတ်စဲ လမ်းခွဲကြခြင်းတွေမှာ အတွေ့ရများတဲ့ အကြောင်းရင်း တခုဖြစ်ပါတယ် ။ သင့်ထက် ပိုကောင်းတဲ့သူ သင့်ထက်ပိုပြီး အရာရာပြည့်စုံတဲ့သူ သင့်ထက်ပိုပြီး သူ့ကို ပျော်ရွှင်စေတဲ့သူ သင့်ထက်ပိုပြီး ရင်ခုန်စေတဲ့သူ အဲဒီသူ (တတိယလူ) ပေါ်လာတာကလည်း မူလထဲက သွေးအေးနေတဲ့ သင်တို့ relation ကို အပြီးတိုင် လမ်းခွဲဖို့ ဖန်တီးပေးတဲ့ အကြောင်း တရပ်လည်း ဖြစ်နေတတ်ပါတယ် ။

၅ ။ တဦးနဲ့တဦး လိုတာထက် ပိုပြီး ဝင်ရောက်စွတ်ဖက်လာခြင်း

ဒါကတော့ တော်တော်များများစုံတွဲတွေမှာ ပြဿနာတက်ရတဲ့အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ သင့်မိသားစုကိစ္စတွေမှာ လိုတာထက်ပိုပြီးပါဝင်လာတာမျိုး.. သင့်မိတ်ဆွေသူငယ်ချင်းတွေကြားမှာ နေရာတကာဝင်ပါတတ်တာမျိုး.. သင့်အလုပ်ကိစ္စတွေမှာတောင်မှ ပါဝင်စွတ်ဖက်လာတာမျိုးပါ.. တချို့လူတွေကတော့ သူတို့ချစ်သူကိုကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီတာမျိုးဖြစ်ပေမယ့် တချို့လူတွေကျတော့ နေရာတကာဝင်ပါပြီး ဆရာလုပ်ချင်တာမျိုး ချစ်သူကို over control လုပ်လာတာမျိုး "ငါနဲ့ဘဲနေ ဘယ်သူ့ဆီမှသွားစရာမလိုဘူး ဘယ်သူနဲ့မှပေါင်းစရာမလိုဘူး လုပ်ချင်တာမှန်သမျှ ငါ့ကိုခွင့်တောင်း"ဆိုတဲ့ ပုံစံမျိုးတွေနဲ့ သူတည်ဆောက်ထားတဲ့ မိသားစု မိတ်ဆွေ အလုပ်နဲ့လူမှုရေးယန္တရားကို ဟန်ချက်ပျက်အောင်တောင်ပြုမူကြပါတယ်

၆ ။ ပင်ပန်းလွန်းလာခြင်း ...

နေ့စဉ်နှင့် အမျှ အထက်ပါ ပြဿနာတွေ တက်လာတဲ့ အခါ နှစ်ယောက်စလုံး ပင်ပန်းလာကြ ပါတယ် ။ သံယောဇဉ် အကြွင်းအကျန်တွေကြောင့် တခြားသော ထောက်ထားစရာတွေ ငဲ့ညှာစရာတွေ ရှိနေသေးလို့သာ သည်းခံနေကြတာပါ ။ အဲ့ဒီအချိန်ဟာ သိပ်ကို အရေးကြီးပါတယ် ။ အဲဒီအချိန်မှာ နှစ်ယောက် စလုံးပြန်ပြီး ညှိနှိုင်းတာမျိုး တိုင်ပင်တာမျိုး မရှိတော့ဘူး ဆိုရင် နောက်ဆုံး ပြဿနာ သေးသေးလေးကြောင့် အပြီးတိုင် လမ်းခွဲနိုင်ကြပါတယ် ။ အမှန်က နောက်ဆုံးပြဿနာကြောင့်တော့ မဟုတ်ပါဘူး ။ အရင်ထဲက ရှိနေခဲ့တဲ့ ပြဿနာတွေ နာကျည်းမှုတွေ ဒေါသတွေ မာနတွေဟာ မီးတပွင့်ကို စောင့်နေတဲ့ ဓာတ်ဆီခွက်လို ပါပဲ အချိန်မရွေး ပေါက်ကွဲဖို့ ready ဖြစ်နေကြတာပါ ။

၇ ။ မိမိ ပင်ကိုယ်စိတ်ကို ကိုယ်တိုင် နားမလည်ကြခြင်း

တကယ်တော့ နေ့စဉ်လှုပ်ရှားမှု ရှင်သန်မှု ရပ်တည်မှုတွေဟာ စိတ်နဲ့ အများကြီး သက်ဆိုင်ပါတယ် ။ မိမိရဲ့ပင်ကိုယ်စိတ်က အချစ်မလိုဘူး ပညာရေးပဲ စိတ်ဝင်စားတယ် ပညာတတ်ရင် လူရာဝင်ပြီ ငွေပဲ လိုတယ် ငွေရှိရင်ပြီးပြီ ရာထူးပဲလိုတယ် ရာထူးကြောင့် လူအထင်ကြီးရင် ရပြီ ပရဟိတပဲ လုပ်မယ် ဘုရားတရားနဲ့ပဲ အေးဆေးနေမယ် စသည်ဖြင့် မိမိယုံကြည်ချက် မိမိအတ္တတွေ အနည်းနဲ့ အများ ရှိတတ်ကြပါတယ် ။ ကိုယ်ကအချစ်မလိုအပ်ပဲနဲ့ ခဏတာသာယာမိရုံနဲ့ relation တစ်ခုကို အလွယ်တကူ ဖန်တီးတတ် ကြပါတယ် ။ ဒါဟာသိပ်ကို မှားယွင်းပါတယ် ။ လိင်သာယာမှုဟာ အချစ်မဟုတ်သလို ခဏတာ တစုံတရာသော အားကိုးမိခြင်းကလည်း အချစ်ဖြစ်မလာပါဘူး ။ နောက်ဆုံး သင့်စိတ် နဂိုမူရင်းအတိုင်းသာ ရေရှည်မှာ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် မိမိစိတ်ကို မိမိသေချာမြင်အောင်ကြည့်ပြီး မိမိကိုယ်မိမိ ပြန်မေးကြည့်ပါ ။ " ငါသူ့ကို တကယ်ချစ်သလား "... မိမိကိုယ်မိမိ လိမ်လို့ မရပါဘူး ... ။

 ၈။ ကြားလူများနှောက်ယှက်ခြင်း

သိပ်ကိုဆိုးပါတယ် ။ လူတချို့ဟာ အကြောင်းမည်မည်ရရမရှိပဲ သင်တို့ ချစ်နေကြတာကို မနာလိုကြပါဘူး သင်တို့ အဆင်ပြေနေတာကို မကြည့်ချင်ကြ ပါဘူး ။ ဒါဟာ နေရာတိုင်း နယ်ပယ်တိုင်းမှ ာရှိတတ်ကြတာမို့ သိပ်တော့ မဆန်းပါဘူး ။ သင့်အကြောင်းတွေ မကောင်းတာတွေကို သူ့ကိုပြောပြီး သူ့အကြောင်း မကောင်းတာတွေ သင့်ကို ပြောကြတော့မှာပါ ။ အဲဒီအခြေအနေမှာ တယောက်ကို တယောက် ပွင့်ပွင့်လင်းလင်း မဖြေရှင်းကြဘူး ဆိုရင်တော့ မယုံကြည်ခြင်းတွေ ကြားမှာ မခိုင်မာတဲ့ ချစ်ခြင်းတွေ အရည် ပျော်ကျသွားမှာ ၁၀၀ % သေချာပါတယ် ။ တကယ်တော့ ဘဝနှစ်ခုဟာ ရေစက်ပါသလောက်သာ လက်တွဲခွင့်ရတာပါ ။ ရေစက်ကုန်တဲ့နေ့ လက်ထပ်ထားတဲ့ သူတွေတောင် ကွာရှင်းကြတာပါ ။ ရှင်ကွဲ မကွဲလည်း သေရင် ခွဲခွာကြရမှာပါ ။ တချို့လမ်းခွဲခြင်းတွေက ဒဏ်ရာတွေနဲ့ နာကြင်ပြီး ကျန်ခဲ့ကြပေမယ့် တချို့လမ်းခွဲခြင်းတွေက ပေါ့ပါးလွတ်လပ်သွားပြီ ဝဋ်ကြွေး ကုန်သွားပြီလို့ မှတ်ယူနိုင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ချစ်ခြင်းမုန်းခြင်းများကြား ပျော်ရွှင် ငိုကြွေးရင်းနဲ့ ဘဝဇာတ်ခုံပေါ်မှာ မသေမချင်း ကလိုက်ကြပါဦးစို့....။

Min Yel Kyaw Swar 💙

Post a Comment

0 Comments

close