လိုသေလာက္ပဲယူပါ


တခါက ေျမပိုင္ရွင္ သူေဌး တေယာက္ဟာ သူ႔ရဲ႕ ပုိင္ဆိုင္တ့ဲ ေျမေတြထဲက တခ်ဳိ႕တဝက္ကုိ သူ႔အိမ္မွာ စာရင္းငွား လုပ္ေနေသာ အလုပ္သမားကုိ ေပးရန္ ဆုံးျဖတ္ လိုက္တယ္ ။

တေန႔မွာေတာ့ သူေဌးႀကီးဟာ သူ႔ရဲ႕ အလုပ္သမားကုိ ေခၚၿပီး
" မင္းကုိ ငါေျမေတြ ေပးမယ္ ... အဲ့ေတာ့ မင္း လုိသေလာက္ယူ
ဒီကေန မင္းေျပး ... ညေန ၃ နာရီ ထုိးရင္ ျပန္လာခ့ဲ
အ့ဲဒီအတြင္း ေျမေတြကုိ မင္းကုိေပးမယ္
၃ နာရီထက္ ေနာက္က်ရင္ေတာ့ မင္းေျမေတြ မရေတာ့ဘူး " လု႔ိ ေျပာလိုက္တယ္ ။

အလုပ္သမားျဖစ္သူ ကလည္း သူေဌး ေျပာစကားကုိ ၾကားရေတာ့ ဝမ္းသာ သြားတယ္ ။

မနက္ မုိးလင္းတာန႔ဲ သူဟာ သူေဌး ပိုင္ဆိုင္တ့ဲ ေျမျပင္အတိုင္း ေျပးေလတယ္ ။ သူဟာ ရလုိစိတ္ ေလာဘေတြ မ်ားၿပီး ေျမေတြ အမ်ားႀကီး ပိုင္ဆိုင္ရရန္ အားသြန္ ခြန္စိုက္ၿပီး အေဝးႀကီးကုိ ေျပးေလတယ္ ။ သူ ေျပးႏိုင္သေလာက္ ေျမေတြ ရမည္ ဆိုေတာ့ ေပ်ာ္ေနတာေပါ့ ။

အသြားမွာ မသိသာေပမယ့္ အျပန္လမ္း မွာေတာ့ သူေျပးလာတာ အေတာ္ေလး ေဝးသြားတယ္ ။ ေလာဘစိတ္ေၾကာင့္ ဘယ္ေလာက္ ေဝးေဝးထိ ေျပးမိမွန္း မသိ အေတာ္ေလးလည္း ေမာလာတယ္ ။

သူေဌးႀကီး ကေတာ့ သူျပန္လာကုိ ေစာင့္ေနေလတယ္ ။ ဒါေပမယ့္ သူဟာ ၃ နာရီ မထိုးခင္ ေရာက္ေအာင္ ျပန္လာခ့ဲတယ္ ။ သုိ႔ေသာ္လည္း ေရာက္ခါနီး ဆဲဆဲမွာပဲ အေမာ ဆို႔ၿပီး ေသသြား ခ့ဲတယ္ ။

တကယ္ေတာ့ သူဟာ အလကားရတဲ့ အရာေတြကုိ မိမိ လုိသေလာက္ပဲ မယူပဲ ရသေလာက္ ယူခ႔ဲ၍သာ ျဖစ္တယ္ ။

လူ႔ေလာဘ အေတာ မသတ္ႏိုင္ေခ် ။

ဒီဘက္ေခတ္မွာလည္း အမ်ားႀကီး ရိွပါေသးတယ္ ။ ေလာဘစိတ္ေၾကာင့္ အသက္ပါ ေပးဆပ္လိုက္ရတဲ့ လူေတြ ။ ေလာကႀကီးဆီက ယူၾကတယ္ ၊ မိတ္ေဆြ အေပါင္းသင္းေတြ ဆီက ယူတယ္ ၊ ရတဲ့ ေနရာကယူတယ္ ၊ မယူတတ္ေတာ့ အဆိပ္ျဖစ္တယ္ ။ ေလာဘစိတ္ေၾကာင့္ ကိုယ့္ကုိယ္ကို ျပန္သတ္ခံရတဲ့ လူမျဖစ္ပါေစန႔ဲ ......... ။

ၿဖိဳးသုတ

(Unicode)



လိုသလောက်ယူပါ ၊ ရသလောက် မယူပါနဲ့

တခါက မြေပိုင်ရှင် သူဌေး တယောက်ဟာ သူ့ရဲ့ ပိုင်ဆိုင်တဲ့ မြေတွေထဲက တချို့တဝက်ကို သူ့အိမ်မှာ စာရင်းငှား လုပ်နေသော အလုပ်သမားကို ပေးရန် ဆုံးဖြတ် လိုက်တယ် ။

တနေ့မှာတော့ သူဌေးကြီးဟာ သူ့ရဲ့ အလုပ်သမားကို ခေါ်ပြီး
" မင်းကို ငါမြေတွေ ပေးမယ် ... အဲ့တော့ မင်း လိုသလောက်ယူ
ဒီကနေ မင်းပြေး ... ညနေ ၃ နာရီ ထိုးရင် ပြန်လာခဲ့
အဲ့ဒီအတွင်း မြေတွေကို မင်းကိုပေးမယ်
၃ နာရီထက် နောက်ကျရင်တော့ မင်းမြေတွေ မရတော့ဘူး " လု့ိ ပြောလိုက်တယ် ။

အလုပ်သမားဖြစ်သူ ကလည်း သူဌေး ပြောစကားကို ကြားရတော့ ဝမ်းသာ သွားတယ် ။

မနက် မိုးလင်းတာနဲ့ သူဟာ သူဌေး ပိုင်ဆိုင်တဲ့ မြေပြင်အတိုင်း ပြေးလေတယ် ။ သူဟာ ရလိုစိတ် လောဘတွေ များပြီး မြေတွေ အများကြီး ပိုင်ဆိုင်ရရန် အားသွန် ခွန်စိုက်ပြီး အဝေးကြီးကို ပြေးလေတယ် ။ သူ ပြေးနိုင်သလောက် မြေတွေ ရမည် ဆိုတော့ ပျော်နေတာပေါ့ ။

အသွားမှာ မသိသာပေမယ့် အပြန်လမ်း မှာတော့ သူပြေးလာတာ အတော်လေး ဝေးသွားတယ် ။ လောဘစိတ်ကြောင့် ဘယ်လောက် ဝေးဝေးထိ ပြေးမိမှန်း မသိ အတော်လေးလည်း မောလာတယ် ။

သူဌေးကြီး ကတော့ သူပြန်လာကို စောင့်နေလေတယ် ။ ဒါပေမယ့် သူဟာ ၃ နာရီ မထိုးခင် ရောက်အောင် ပြန်လာခဲ့တယ် ။ သို့သော်လည်း ရောက်ခါနီး ဆဲဆဲမှာပဲ အမော ဆို့ပြီး သေသွား ခဲ့တယ် ။

တကယ်တော့ သူဟာ အလကားရတဲ့ အရာတွေကို မိမိ လိုသလောက်ပဲ မယူပဲ ရသလောက် ယူခဲ့၍သာ ဖြစ်တယ် ။

လူ့လောဘ အတော မသတ်နိုင်ချေ ။

ဒီဘက်ခေတ်မှာလည်း အများကြီး ရှိပါသေးတယ် ။ လောဘစိတ်ကြောင့် အသက်ပါ ပေးဆပ်လိုက်ရတဲ့ လူတွေ ။ လောကကြီးဆီက ယူကြတယ် ၊ မိတ်ဆွေ အပေါင်းသင်းတွေ ဆီက ယူတယ် ၊ ရတဲ့ နေရာကယူတယ် ၊ မယူတတ်တော့ အဆိပ်ဖြစ်တယ် ။ လောဘစိတ်ကြောင့် ကိုယ့်ကိုယ်ကို ပြန်သတ်ခံရတဲ့ လူမဖြစ်ပါစေနဲ့ ......... ။

ဖြိုးသုတ

Post a Comment

0 Comments

close