လူတေယာက္ဟာ တည သူ႔အိမ္မွာ ဘီယာေတြ အလြန္အကၽြံ ေသာက္ၿပီး မိန္းမနဲ႔ အႀကီးအက်ယ္ စကားမ်ား ရန္ျဖစ္ၾကတယ္ ။ ေနာက္ေတာ့ မူးၿပီး အိပ္ေပ်ာ္ သြားတယ္ ။
မနက္ အိပ္ယာထေတာ့ အမူးေျပ သြားၿပီ ။ ညက မိန္းမနဲ႔ စကားမ်ား ရန္ျဖစ္တာကို သူ ေနာင္တ ရေနတယ္ ။
ဒါေၾကာင့္ ညက ေသာက္ထားတဲ့ ဘီယာပုလင္းခြံေတြ ထည့္ထားတဲ့ စကၠဴပံုးကို အိမ္ျပင္ကို သယ္ထုတ္လာၿပီး ပုလင္းေတြကို အိမ္နံရံကို ပစ္ေပါက္ခြဲေနတယ္ ။
" ငါ့မိန္းမနဲ႔ ရန္ျဖစ္တာ မင္းေၾကာင့္ "
ဆိုၿပီး ပထမဆံုး ပုလင္းကို ပစ္ေပါက္ခြဲ လိုက္တယ္ ။
" ငါ့ကေလးေတြ ငါ့ကို မခ်စ္ေတာ့တာ မင္းေၾကာင့္ "
ဆိုၿပီး ဒုတိယပုလင္းကို ပစ္ေပါက္ခြဲ လိုက္တယ္ ။
" ငါ့မွာ အလုပ္ ေကာင္းေကာင္း မရတာ မင္းေၾကာင့္ "
ဆိုၿပီး တတိယ ပုလင္းကို ပစ္ေပါက္ခြဲ လိုက္တယ္ ။
စတုတၳပုလင္းကို ပစ္ခြဲဖို႔ ထုတ္လိုက္တယ္ ။
ပုလင္းဟာ မဖြင့္ရေသး သလို ဘီယာေတြ ရွိေနတာကို ေတြ႕လိုက္တယ္ ။
သူဟာ ပုလင္းကို ပစ္ေပါက္ မလို႔ ရြယ္လိုက္ ၿပီးမွ ခဏ စဥ္းစားၿပီး ပုလင္းကို ျပန္ခ်ရင္း ခုလို ေျပာလိုက္တယ္။
" ဒီကိစၥမွာ မင္းမပါဘူး ဆိုတာ ငါသိပါတယ္ကြ ာ"
ဗန္းေမာ္သိန္းေဖ
(Unicode)
အပြစ်ကင်းသူ
လူတယောက်ဟာ တည သူ့အိမ်မှာ ဘီယာတွေ အလွန်အကျွံ သောက်ပြီး မိန်းမနဲ့ အကြီးအကျယ် စကားများ ရန်ဖြစ်ကြတယ် ။ နောက်တော့ မူးပြီး အိပ်ပျော် သွားတယ် ။
မနက် အိပ်ယာထတော့ အမူးပြေ သွားပြီ ။ ညက မိန်းမနဲ့ စကားများ ရန်ဖြစ်တာကို သူ နောင်တ ရနေတယ် ။
ဒါကြောင့် ညက သောက်ထားတဲ့ ဘီယာပုလင်းခွံတွေ ထည့်ထားတဲ့ စက္ကူပုံးကို အိမ်ပြင်ကို သယ်ထုတ်လာပြီး ပုလင်းတွေကို အိမ်နံရံကို ပစ်ပေါက်ခွဲနေတယ် ။
" ငါ့မိန်းမနဲ့ ရန်ဖြစ်တာ မင်းကြောင့် "
ဆိုပြီး ပထမဆုံး ပုလင်းကို ပစ်ပေါက်ခွဲ လိုက်တယ် ။
" ငါ့ကလေးတွေ ငါ့ကို မချစ်တော့တာ မင်းကြောင့် "
ဆိုပြီး ဒုတိယပုလင်းကို ပစ်ပေါက်ခွဲ လိုက်တယ် ။
" ငါ့မှာ အလုပ် ကောင်းကောင်း မရတာ မင်းကြောင့် "
ဆိုပြီး တတိယ ပုလင်းကို ပစ်ပေါက်ခွဲ လိုက်တယ် ။
စတုတ္ထပုလင်းကို ပစ်ခွဲဖို့ ထုတ်လိုက်တယ် ။
ပုလင်းဟာ မဖွင့်ရသေး သလို ဘီယာတွေ ရှိနေတာကို တွေ့လိုက်တယ် ။
သူဟာ ပုလင်းကို ပစ်ပေါက် မလို့ ရွယ်လိုက် ပြီးမှ ခဏ စဉ်းစားပြီး ပုလင်းကို ပြန်ချရင်း ခုလို ပြောလိုက်တယ်။
" ဒီကိစ္စမှာ မင်းမပါဘူး ဆိုတာ ငါသိပါတယ်ကွ ာ"
ဗန်းမော်သိန်းဖေ
0 Comments