' မီ ' ရုပ္ရွင္ဇာတ္ကားႀကီးမွာ ေဆးလိပ္ေသာက္တဲ့ အခန္းမ်ားနဲ႔ ပတ္သက္ၿပီး ပိုင္ၿဖိဳးသု ျပန္လည္ေျဖရွင္း


ႏိုဝင္ဘာ ၁၃ ၊ ၂၀၁၈

ရန္ကုန္တိုင္းေဒသႀကီးရဲ႕ က်န္းမာေရး သံတမန္တဦး ျဖစ္သူ သ႐ုပ္ေဆာင္ အကယ္ဒမီ ပိုင္ၿဖိဳးသုက " မီ " ႐ုပ္ရွင္ဇာတ္ကားမွာ ေဆးလိပ္ေသာက္တဲ့ ဇာတ္ဝင္ခန္းမ်ား အေပၚ ေဝဖန္ေနမႈ မ်ားနဲ႔ ပတ္သက္ၿပီး ယေန႔ ၊ ႏိုဝင္ဘာလ ၁၃ ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရး ဦးစီးဌာနမွာ သတင္းစာရွင္းလင္းပြဲ တရပ္ ျပဳလုပ္ခဲ႔ပါတယ္ ။

အဆိုပါ သတင္းစာရွင္းလင္းပြဲမွာ ဆင္ဆာအဖြဲ႕ကိုယ္စား ဦးဝင္းၿငိမ္း၊ ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးစီးမွဴး ေဒါက္တာထြန္းျမင့္၊ ဒါ႐ိုက္တာဏႀကီးနဲ႔ Victoria ႐ုပ္ရွင္ထုတ္လုပ္ေရး ပိုင္ရွင္ ေဒါက္တာႏြယ္ဦး တို႔က လတ္တေလာ လူမႈကြန္ရက္ စာမ်က္ႏွာမ်ား ေပၚမွာ ျဖစ္ေပၚေနတဲ့ ေဝဖန္မႈမ်ားနဲ႔ ပတ္သက္ၿပီး ရွင္းလင္းခဲ့ၾက ပါတယ္ ။


အကယ္ဒမီ ပိုင္ၿဖိဳးသု အေနနဲ႔ ဇာတ္ကားရိုက္ကူးစဥ္မွာ " မီ " ဇာတ္ရုပ္ ပီျပန္ရန္သာ သရုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး လူငယ္ေတြ အတုယူ မွားေစရန္ တမင္ရည္ရြယ္ကာ ရိုက္ကူးခဲ့ျခင္း မဟုတ္ေၾကာင္း ဝမ္းနည္းစြာနဲ႔ ျပန္လည္ ေျဖရွင္းခဲ့ ပါတယ္ ။

" သုသု မီဇာတ္ကား ရုိက္ေနတဲ့ အခ်ိန္မွာ သုသု စိတ္ထဲမွာ မီျဖစ္ဖုိ႔၊ ဆရာမႀကီး ၾကည္ေအးရဲ႕ မီျဖစ္ဖုိ႔ ဆုိတဲ့ စိတ္တခုပဲ ရွိခဲ့တယ္ ။ အဲဒီ ဇာတ္ေကာင္ေပၚမွာပဲ သစၥာရွိစြာနဲ႔ အစြမ္းကုန္ ႀကိဳးစားခဲ့ ပါတယ္ ။


အဲဒီအတြက္ အေျပာ ခံရတာလည္း စိတ္မေကာင္းပါဘူး ။ သုသု ဘဝမွာ ေငြဆုိတာကုိ ဘယ္ေတာ့မွ ထည့္မတြက္ခဲ့ ပါဘူး ။ သရုပ္ေဆာင္ေတြ အားလုံး ကလည္း ကုိယ္သရုပ္ေဆာင္ရတဲ့ ဇာတ္ရုပ္ကုိ အပီျပင္ဆုံးျဖစ္ေအာင္ လုပ္တာပါ " လို႔ ပိုင္ၿဖိဳးသုက ေျပာပါတယ္ ။

သတင္း၊ ဓာတ္ပံု - ခ်စ္ပိုး၊ဧရာဝတီ

(Unicode)

' မီ ' ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆေးလိပ်သောက်တဲ့ အခန်းများနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသု ပြန်လည်ဖြေရှင်း


နိုဝင်ဘာ ၁၃ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေး သံတမန်တဦး ဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသုက " မီ " ရုပ်ရှင်ဇာတ်ကားမှာ ဆေးလိပ်သောက်တဲ့ ဇာတ်ဝင်ခန်းများ အပေါ် ဝေဖန်နေမှု များနဲ့ ပတ်သက်ပြီး ယနေ့ ၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ် ။

အဆိုပါပွဲမှာ ဆင်ဆာအဖွဲ့ကိုယ်စား ဦးဝင်းငြိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်၊ ဒါရိုက်တာဏကြီးနဲ့ Victoria ရုပ်ရှင်ထုတ်လုပ်ရေး ပိုင်ရှင် ဒေါက်တာနွယ်ဦး တို့က လတ်တလော လူမှုကွန်ရက် စာမျက်နှာများ ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဝေဖန်မှုများနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ကြ ပါတယ် ။


အကယ်ဒမီ ပိုင်ဖြိုးသု အနေနဲ့ ဇာတ်ကားရိုက်ကူးစဉ်မှာ " မီ " ဇာတ်ရုပ် ပီပြန်ရန်သာ သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူငယ်တွေ အတုယူ မှားစေရန် တမင်ရည်ရွယ်ကာ ရိုက်ကူးခဲ့ခြင်း မဟုတ်ကြောင်း ဝမ်းနည်းစွာနဲ့ ပြန်လည် ဖြေရှင်းခဲ့ ပါတယ် ။

" သုသု မီဇာတ်ကား ရိုက်နေတဲ့ အချိန်မှာ သုသု စိတ်ထဲမှာ မီဖြစ်ဖို့၊ ဆရာမကြီး ကြည်အေးရဲ့ မီဖြစ်ဖို့ ဆိုတဲ့ စိတ်တခုပဲ ရှိခဲ့တယ် ။ အဲဒီ ဇာတ်ကောင်ပေါ်မှာပဲ သစ္စာရှိစွာနဲ့ အစွမ်းကုန် ကြိုးစားခဲ့ ပါတယ် ။


အဲဒီအတွက် အပြော ခံရတာလည်း စိတ်မကောင်းပါဘူး ။ သုသု ဘဝမှာ ငွေဆိုတာကို ဘယ်တော့မှ ထည့်မတွက်ခဲ့ ပါဘူး ။ သရုပ်ဆောင်တွေ အားလုံး ကလည်း ကိုယ်သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကို အပီပြင်ဆုံးဖြစ်အောင် လုပ်တာပါ " လို့ ပိုင်ဖြိုးသုက ပြောပါတယ် ။

Credit ချစ်ပိုး၊ဧရာဝတီ

Post a Comment

0 Comments

close