ေ႐ွးအခါက တိုင္းျပည္တျပည္မွာ
မိုးေခါင္ေရ႐ွား ျဖစ္ကာ ေရအလြန္႐ွားပါး
ေသာ အခ်ိန္ျဖစ္ေလ၏ ။
ထိုအခါ ပညာရိွသုခမိန္အမတ္ႀကီးမွ ....
" မွန္လွပါ အ႐ွင္မင္းႀကီးဘုရား ....
တိုင္းျပည္မွာ မိုးေခါင္ေရ႐ွား ျဖစ္ေနပါသည္ ... သို႔ပါေသာ္လည္း မနက္ျဖန္ ေနမြန္းတည့္ခ်ိန္မွ စ၍ မိုးႀကီးေလႀကီး ရြာသြန္းပါလိမ့္မယ္ ဘုရား .... "
" အင္း ၾကားရတာ ဝမ္းသာအားရ ရိွေတာ္မူ
လိုက္တာကြယ္ .... "
" ဒါေပမယ့္လည္း ... ထိုမိုးေရဟာ အခ်ိန္အခါ
မဟုတ္ရြာသြန္းေသာ မိုးေရျဖစ္ပါသျဖင့္
ေသာက္သံုးေသာ သူတို႔ အဆိပ္သင့္ႏိုင္ ေၾကာင္းပါ ဘုရား .... "
" ေဟ ...
ဒါဆို ဘယ္လို လုပ္ၾကမတုန္း အမတ္ႀကီးရဲ႕ "
" မွန္လွပါ ထိုမိုးေရအား တိုင္းသူျပည္သားတို႔
မေသာက္သံုးေစရန္ အမိန္႔ ထုတ္ျပန္သင့္ေၾကာင္းပါ ဘုရား ... "
" ေကာင္းၿပီ အခုခ်ိန္မွ စ၍ ငါကိုယ္ေတာ္ျမတ္
အမိန္႔ေတာ္ မွတ္မယ္ ။ မနက္ျဖန္ ရြာမည့္ မိုးေရအား
အဆိပ္သင့္ႏိုင္သည့္ အတြက္ မည္သူ
တဦးတေယာက္မ်ွ မေသာက္သံုးေစရန္
တတိုင္းျပည္လံုးအား ေၾကျငာေမာင္းခတ္ေစ .... "
" မွန္လွပါ အမိန္႔ေတာ္ျမတ္ အတိုင္းပါ ဘုရား ... "
အမတ္ႀကီးဦးေဆာင္၍ တတိုင္းျပည္လံုးအား
ေၾကျငာ ေမာင္းခတ္ေလေတာ့သည္ ။
သို႔ေသာ္လည္း တကယ္တမ္း မိုးရြာသြန္းေသာ္ အခါ၌မူ ........
" ဟာ ... မိုးရြာၿပီဟ ... လာၾက လာၾက ....
ေသာက္ဖို႔ ၊ သံုးဖို႔အတြက္ ေရခံထားမွ ျဖစ္မယ္ " ဆိုၿပီး
တတိုင္းျပည္လံုး ထိုမိုးေရအား
ေသာက္သံုးမိေသာ အခါ အဆိပ္သင့္၍
အကုန္ ႐ူးကုန္ေတာ့သည္ ။
ထိုမိုးခါးေရအား မေသာက္တာ ဆိုလို႔
ဘုရင္ႏွင့္ အမတ္ႀကီးသာ ျဖစ္ေလသည္ ။
" အမတ္ႀကီး .. ဘယ္လို ျဖစ္ကုန္ၾကတာလဲ ... "
" မွန္လွပါ မိုးခါးေရအား ေသာက္သံုးမိ၍
တတိုင္းျပည္လံုး ႐ူးကုန္ၾကတာပါ ဘုရား .. "
အ႐ူးေတြ ၾကားမွာ ဘုရင္ႏွင့္ အမတ္ႀကီးအား
တတိုင္းျပည္လံုးက အ႐ူး အ႐ူး ဟုသာ
ေခၚကုန္ၾကေလေတာ့သည္ ။
" ကဲ အမတ္ႀကီး ဘယ္လို လုပ္ၾကမလဲ ...
အခု အကုန္႐ူးၿပီး တို႔ႏွစ္ေယာက္သာ
က်န္ေတာ့တယ္ ၊ အ႐ူးေတြက
တို႔ကိုျပန္ၿပီး အ႐ူးလို႔ ေခၚကုန္ၾကၿပီ ။
ဒီအတိုင္း ေနလို႔ေတာ့ မျဖစ္ေတာ့ဘူး ။
အ႐ူးေတြၾကားမွာ တို႔ႏွစ္ေယာက္ထဲ
ေကာင္းေနလို႔လဲ ဘာမွထူးလာမွာ
မဟုတ္ဘူး ၊ ဒီေတာ့တို႔လည္း အမ်ားနည္းတူ
မိုးခါးေရေသာက္ၿပီး ႐ူးလိုက္ၾကရေအာင္ ဒါမွ တို႔အတူေနလို႔ အဆင္ေျပမွာ ... "
ထိုအခါ အမတ္ႀကီးမွ ... " မွန္လွပါ၊ စဥ္းစားေတာ္ မူပါဦး ဘုရား ..
ကြၽန္ေတာ္မ်ိဳးတို႔ဟာ ဒီအ႐ူးေတြနဲ႔ အခုခ်ိန္မွာ
အဆင္မေျပတာကို သည္းခံသင့္ပါတယ္ ဘုရား ၊
အခုလက္ရိွ ႐ူးသြပ္ေနၾကသူေတြကို
ျပန္ေကာင္းလာေအာင္ ကြၽန္ေတာ္မ်ိဳးတို႔
မတတ္စြမ္းေပမယ့္ ေနာက္ထပ္ေမြးဖြား
လာမယ့္ မ်ိဳးဆက္သစ္ေလးေတြကို သူတို႔လို
မ႐ူးသြပ္ရ ေလေအာင္ ထိန္းသိမ္းလို႔ ရပါတယ္ဘုရား ၊
မ်ိဳးဆက္သစ္ေတြ မ်ားလာၿပီး
အ႐ူးေတြ တျဖည္းျဖည္း ကုန္လာရင္
အ႐ူးမ်ိဳးဆက္လည္း ရိွလာမွာ မဟုတ္ေတာ့ပါဘူး ဘုရား ...
ဒီလိုမွ မဟုတ္ပဲ အ႐ွင္မင္းႀကီး ေျပာသလို
ကြၽန္ေတာ္မ်ိဳးတို႔ပါ မိုးခါးေရေသာက္လိုက္မယ္ဆိုရင္
အကုန္႐ူးၿပီး အ႐ူးမ်ိဳးဆက္သာ
က်န္ရစ္ေနေတာ့မွာပါ ဘုရား .... "
" အင္း မွန္ေပသားပဲ အမတ္ႀကီး ...
ယေန႔မွစ၍ လက္ရိွ ႐ူးေနၾကသူမ်ားအား
ရိွေစေတာ့ .... ေနာက္မ်ိဳးဆက္သစ္ေလးေတြ
အ႐ူးမ်ိဳး မျဖစ္ရေလေအာင္ ထိန္းသိမ္းၾကပါစို႔
အမတ္ႀကီးေရ ...... "
ဒီပံုျပင္ကို ၾကားဖူးၾကမွာပါ ၊ ဒါေၾကာင့္လဲ
မေကာင္းတဲ့ သူေတြ ၾကားမွာ ငါတေယာက္တည္း
ေကာင္းေနလို႔ဘာထူးမွာလဲ
ဆိုၿပီး မေတြးလိုက္ပါနဲ႔ .... လက္ရိွ မိုက္ေနတဲ့ သူေတြကို သင္ျပဳျပင္ဖို႔
မလြယ္ကူေပမယ့္ ေနာင္လာမယ့္ မ်ိဳးဆက္သစ္ လူငယ္ေတြ အတြက္ လူေကာင္းသူေကာင္းေလးေတြ ျဖစ္ေအာင္ သင္လမ္းျပႏိုင္ပါလိမ့္မယ္ ။
ဒါေၾကာင့္လည္း .....
ေ႐ွးပညာရိွမ်ားက အမ်ား မိုးခါးေရ ေသာက္တိုင္း
ကိုယ္ပါ လိုက္မေသာက္နဲ႔လို႔ ...
ဆိုဆံုးမခဲ့ၾကတာေပါ့ ....
Credit
(Unicode)
အရူးတွေ ကြားထဲမှာ အရူး မဖြစ်စေဖို့
ရှေးအခါက တိုင်းပြည်တပြည်မှာ မိုးခေါင်ရေရှား ဖြစ်ကာ ရေအလွန်ရှားပါး သော အချိန်ဖြစ်လေ၏ ။ ထိုအခါ ပညာရှိသုခမိန်အမတ်ကြီးမှ ....
" မှန်လှပါ အရှင်မင်းကြီးဘုရား .... တိုင်းပြည်မှာ မိုးခေါင်ရေရှား ဖြစ်နေပါသည် ... သို့ပါသော်လည်း မနက်ဖြန် နေမွန်းတည့်ချိန်မှ စ၍ မိုးကြီးလေကြီး ရွာသွန်းပါလိမ့်မယ် ဘုရား .... "
" အင်း ကြားရတာ ဝမ်းသာအားရ ရှိတော်မူ လိုက်တာကွယ် .... "
" ဒါပေမယ့်လည်း ... ထိုမိုးရေဟာ အချိန်အခါ မဟုတ်ရွာသွန်းသော မိုးရေဖြစ်ပါသဖြင့် သောက်သုံးသော သူတို့ အဆိပ်သင့်နိုင် ကြောင်းပါ ဘုရား .... "
" ဟေ ... ဒါဆို ဘယ်လို လုပ်ကြမတုန်း အမတ်ကြီးရဲ့ "
" မှန်လှပါ ထိုမိုးရေအား တိုင်းသူပြည်သားတို့ မသောက်သုံးစေရန် အမိန့် ထုတ်ပြန်သင့်ကြောင်းပါ ဘုရား ... "
" ကောင်းပြီ အခုချိန်မှ စ၍ ငါကိုယ်တော်မြတ် အမိန့်တော် မှတ်မယ် ။ မနက်ဖြန် ရွာမည့် မိုးရေအား အဆိပ်သင့်နိုင်သည့် အတွက် မည်သူ တဦးတယောက်မျှ မသောက်သုံးစေရန် တတိုင်းပြည်လုံးအား ကြေငြာမောင်းခတ်စေ .... "
" မှန်လှပါ အမိန့်တော်မြတ် အတိုင်းပါ ဘုရား ... "
အမတ်ကြီးဦးဆောင်၍ တတိုင်းပြည်လုံးအား ကြေငြာ မောင်းခတ်လေတော့သည် ။
သို့သော်လည်း တကယ်တမ်း မိုးရွာသွန်းသော် အခါ၌မူ ........
" ဟာ ... မိုးရွာပြီဟ ... လာကြ လာကြ .... သောက်ဖို့ ၊ သုံးဖို့အတွက် ရေခံထားမှ ဖြစ်မယ် " ဆိုပြီး တတိုင်းပြည်လုံး ထိုမိုးရေအား သောက်သုံးမိသော အခါ အဆိပ်သင့်၍ အကုန် ရူးကုန်တော့သည် ။
ထိုမိုးခါးရေအား မသောက်တာ ဆိုလို့ ဘုရင်နှင့် အမတ်ကြီးသာ ဖြစ်လေသည် ။
" အမတ်ကြီး .. ဘယ်လို ဖြစ်ကုန်ကြတာလဲ ... "
" မှန်လှပါ မိုးခါးရေအား သောက်သုံးမိ၍ တတိုင်းပြည်လုံး ရူးကုန်ကြတာပါ ဘုရား .. "
အရူးတွေ ကြားမှာ ဘုရင်နှင့် အမတ်ကြီးအား တတိုင်းပြည်လုံးက အရူး အရူး ဟုသာ ခေါ်ကုန်ကြလေတော့သည် ။
" ကဲ အမတ်ကြီး ဘယ်လို လုပ်ကြမလဲ ...
အခု အကုန်ရူးပြီး တို့နှစ်ယောက်သာ ကျန်တော့တယ် ၊ အရူးတွေက တို့ကိုပြန်ပြီး အရူးလို့ ခေါ်ကုန်ကြပြီ ။
ဒီအတိုင်း နေလို့တော့ မဖြစ်တော့ဘူး ။ အရူးတွေကြားမှာ တို့နှစ်ယောက်ထဲ ကောင်းနေလို့လဲ ဘာမှထူးလာမှာ မဟုတ်ဘူး ၊ ဒီတော့တို့လည်း အများနည်းတူ မိုးခါးရေသောက်ပြီး ရူးလိုက်ကြရအောင် ဒါမှ တို့အတူနေလို့ အဆင်ပြေမှာ ... "
ထိုအခါ အမတ်ကြီးမှ ... " မှန်လှပါ၊ စဉ်းစားတော် မူပါဦး ဘုရား ..
ကျွန်တော်မျိုးတို့ဟာ ဒီအရူးတွေနဲ့ အခုချိန်မှာ အဆင်မပြေတာကို သည်းခံသင့်ပါတယ် ဘုရား ၊
အခုလက်ရှိ ရူးသွပ်နေကြသူတွေကို ပြန်ကောင်းလာအောင် ကျွန်တော်မျိုးတို့ မတတ်စွမ်းပေမယ့် နောက်ထပ်မွေးဖွား လာမယ့် မျိုးဆက်သစ်လေးတွေကို သူတို့လို မရူးသွပ်ရ လေအောင် ထိန်းသိမ်းလို့ ရပါတယ်ဘုရား ၊
မျိုးဆက်သစ်တွေ များလာပြီး အရူးတွေ တဖြည်းဖြည်း ကုန်လာရင် အရူးမျိုးဆက်လည်း ရှိလာမှာ မဟုတ်တော့ပါဘူး ဘုရား ... ဒီလိုမှ မဟုတ်ပဲ အရှင်မင်းကြီး ပြောသလို ကျွန်တော်မျိုးတို့ပါ မိုးခါးရေသောက်လိုက်မယ်ဆိုရင် အကုန်ရူးပြီး အရူးမျိုးဆက်သာ ကျန်ရစ်နေတော့မှာပါ ဘုရား .... "
" အင်း မှန်ပေသားပဲ အမတ်ကြီး ... ယနေ့မှစ၍ လက်ရှိ ရူးနေကြသူများအား ရှိစေတော့ .... နောက်မျိုးဆက်သစ်လေးတွေ အရူးမျိုး မဖြစ်ရလေအောင် ထိန်းသိမ်းကြပါစို့ အမတ်ကြီးရေ ...... "
ဒီပုံပြင်ကို ကြားဖူးကြမှာပါ ၊ ဒါကြောင့်လဲ မကောင်းတဲ့ သူတွေ ကြားမှာ ငါတယောက်တည်း ကောင်းနေလို့ဘာထူးမှာလဲ ဆိုပြီး မတွေးလိုက်ပါနဲ့ .... လက်ရှိ မိုက်နေတဲ့ သူတွေကို သင်ပြုပြင်ဖို့ မလွယ်ကူပေမယ့် နောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေ အတွက် လူကောင်းသူကောင်းလေးတွေ ဖြစ်အောင် သင်လမ်းပြနိုင်ပါလိမ့်မယ် ။
ဒါကြောင့်လည်း ..... ရှေးပညာရှိများက အများ မိုးခါးရေ သောက်တိုင်း ကိုယ်ပါ လိုက်မသောက်နဲ့လို့ ... ဆိုဆုံးမခဲ့ကြတာပေါ့ ....
Credit
0 Comments