(For Zawgyi)
ဟိန်းတေဇ (credit)
(For Unicode)
ဘောလီကြီးဘေးချပြီး ... ဟိုတယ်က ဆောင်အဖြူကြီးကို နို့ဖုံးရုံလေးခြုံထားတဲ့ ရွှေကြာ ရုပ်ရှင် ပိုစတာတုန်းကလဲ ဆင်ဆာမထိဘူး ...
နောက်ပိုင်း အသားပေးပြီး ထမီလား သဘက်လား မသိတာကြီး ခြုံထားတဲ့ ခေါက်ထီးလေး မလုံ့တလုံ ရုပ်ရှင်ကြောငြာတုန်းကလဲ ဆင်ဆာမထိဘူး ... မီ ဆေးလိပ်သောက်တဲ့ ကြော်ငြာကျမှ ဆင်ဆာထိတယ် ဆိုရင် ...
တစ်ခေတ်တစ်ခါတုန်းက မို့မို့မြင့်အောင်နာမည်ကြီးပြီး လျှမ်းလျှမ်းတောက်ခဲ့တဲ့ မိန်းမလည်သိန်းကြွယ် ဇာတ်ကားရုံတင်တုန်းက ကနုတ်တွေနဲ့ကျွန်းခုံကြီးပေါ်မှာ ခြေထောက်ချိတ်ပြီး ဆေးလိပ်ကို ဟန်ပါပါထိုင်သောက်နေတဲ့ မိသိန်းကြွယ် ရုပ်ရှင်ကြော်ငြာ ပန်းချီကားကို ဘယ်နားသွားထားမလဲ ...
အရိပ် ဇာတ်ကား မှာ စု ရော စုရဲ့မာမီရော ဆေးလိပ်တွေ တစ်ကားလုံးသောက်ပြတုန်းကရော ဘာလို့ဆောက်ပေါက်တွေ ပိတ်နေကြလဲ ... ဒိုး ရုပ်ရှင်မှာ တစ်ကားလုံး ဆေးစွဲနေတဲ့ ကျော်သူ နဲ့ စိုးသူ ကို ဘယ်လိုအရေးယူပေးမလဲ ....
ပန်းမြိုင်လည်က ဥယာဉ်မှုး ကားထဲက အရက်သမား လူရမ်းကား ကျော်ဟိန်းကျ ဘာလို့ ဆင်ဆာ မထိတာလဲ ... ခိုင်သင်းကြည်ကို နင်ကဖာသယ်မလား လို့ အယုတ္တ အနတ္တ ဆဲတဲ့အခန်းနဲ့ အကယ်ဒမီ ပေးတာကျတော့ ဘာလို့ မကန့်ကွက်တာလဲ...
ယူတို့ ဆောက်ပိုလုပ်တာ အရေးမကြီးဘူး ... မနေ့တနေ့ကမှ ဒီလောကထဲ ရောက်လာတဲ့ ဂွမ်းပုံ နဲ့ ခင်လှိုင် လောက်တောင် နာမည်မရှိတဲ့ ဟာတွေက မယောင်ရာဆီလူးပြီး မဆိုင်တဲ့ လူတွေကိုပါ ဆောက်ပြစ်လိုက်ပြောနေပြီ ...
ဝါရင့် သမ္ဘာရင့် အနုပညာရှင်ကြီးတွေ ပြောဖို့ စိတ်တိုဖို့လဲ ချန်ထားပါဦး ...ယူတို့ ဖြတ်လျှောက် ပြာတာ တွေဆိုတာလဲ ဗေထိဆို နေရာတကာ ပါလိုက်ရမှ ... ပရိတ်သတ်တွေကလဲ မီ အခုလို ဝေဖန်ခံရတာနဲ့ ပက်သက်ပြီး ပိုင်ဖြိုးသု ဘက်က တစ်နိုင်ငံလုံးနီးပါး မခံမရပ်နိုင်ဖြစ် ကရုဏာသက်ပြီး ဝင်နာပေးနေကြတာ ယူတို့ မျက်လုံးမမြင်တာလား ... ကန်းနေတာလား
ထစ်ခနဲဆို သိမ်းကျုံးပြီး ပရိတ်သတ်ကိုပါ ရန်လုပ်မယ်ဆိုတာကြီးပဲ ... ဒီဆောက်လုပ်နဲ့ မကင်းရင် ဒီပရိတ်သတ်နဲ့ တည့်အောင် အရင်နေကြည့်ပါဦးနော် ... အကယ်ဒမီတွေ တပွေ့တပိုက်ကြီးရထားတဲ့ မင်းသား မင်းသမီးကြီးတွေ ပရိတ်သတ်နဲ့ ဘယ်လို သဟဇာတဖြစ်အောင် ပြောဆိုနေထိုင်လဲ ဆိုတာလေး အရင် အတုယူလိုက်ပါဦး ...
အရေးခင်းဖြစ်ရင် အရင်ဆုံး ခေါင်းဖြတ် အသတ်ခံရမယ့် ဆောက်ပြောဆောက်ဆိုလေးတွေ ပြင်ဦး ... လူတိုင်းက ကိုယ့်ထမင်းကိုယ်စားနေတာ ... အားတိုင်းယားတိုင်း ပရိတ်သတ်ပဲ ရန်လှည့်လုပ်မနေနဲ့ ကိုယ့်ဆောက်ပြဿနာ ကိုယ်ပြေလည်အောင်ဖြေရှင်း ...
ဟိန်းတေဇ (credit)
0 Comments